နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေထဲ စစ်ကော်မရှင်ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရစေရဘူးလို့ဆို

စက်တင်ဘာလ (၃)ရက်။

အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေထဲ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရစေရဘူးလို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရွေးကောက်ပွဲအကြောင်းပြပြီး နယ်မြေချဲ့ထွင်တဲ့ ထိုးစစ်တွေကို နယ်မြေ လုံးဝ(လုံးဝ)မဆုံးရှုံးစေဖို့အပါအဝင် ပြည်သူလူထုလုံခြုံဖို့နဲ့ အကာအကွယ်ပေးဖို့ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

အထူးတိုင်းစစ်ဌာနအနေနဲ့ KNLA နဲ့အတူ ကရင်၊ မွန်နဲ့ ရေး-ထားဝယ်ဒေသတွေအပြင် ပဲခူးနဲ့ ရန်ကုန်တိုင်းစစ်ဌာနတို့နဲ့ ပူးပေါင်းကာ ပဲခူးတိုင်းရှိ နယ်မြေအချို့မှာ စစ်ရေးဖော်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး PDF စစ်ရုံးချုပ်နဲ့ EROs တွေရဲ့ စစ်ရေးရည်မှန်းချက်တွေကို အတူလက်တွဲဖော်ဆောင်သွားမှာဖြစ်ပြီး စစ်တောင်းမြစ်ဝှမ်းအခြေပြုပြီး ပဲခူးနဲ့ ရန်ကုန် စစ်ဆင်ရေးတွေကို နီးစပ်ရာ တိုင်းစစ်ဌာနတွေနဲ့ လက်တွဲဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ ထိခိုက်နစ်နာမယ့် ကိစ္စရပ်တွေကို ရှောင်ရှားပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ အထူးတိုင်းစစ်ဌာနက ပြောဆိုထားပါတယ်။

အထူးတိုင်းစစ်ဌာနအနေနဲ့ မဲပလီဗျူဟာစခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လှဂွန်းပျိုစခမ်းက တပ်ရင်မှူးအပါ တပ်သား (၁၆)ဦးကို လက်နက်တွေနဲ့ အလင်းဝင်နိုင်အောင် စည်းရုံးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် ရွှေကျင်မြို့ရှိ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်အပါအဝင် ကရင်နဲ့ တနင်္သာရီ ထိစပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီအထိုင်စခန်းတွေကိုလဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ KNLA တပ်ဖွဲ့တွေနဲ့အတူ ထိုင်း-မြန်မာနယ်စပ်စခန်းသိမ်းတိုက်ပွဲတွေ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲတွေနဲ့ အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲတွေကို ဖော်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

အထူးတိုင်းစစ်ဌာနကို ၂၀၂၅ခုနှစ် ဇန်နဝါရီလကထဲက စတင်ဖွဲ့စည်းခဲ့ပြီး တောင်ပိုင်းမှာရှိတဲ့ PDF နည်းဗျူဟာ (၂၇၊၃၂၊၃၃၊၃၆၊၃၇)တို့နဲ့ စုဖွဲ့ထားကာ တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁၁)ရင်းရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ