နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွေးကောက်ပွဲမိန့်ခွန်းနဲ့ စစ်တပ်က ပြည်သူကို ခြိမ်းခြောက်ဝါဒဖြန့်

စက်တင်ဘာလ (၃)ရက်။

စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အသုံးပြုကာ ဝါဒဖြန့်သတင်းစာနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

စစ်တပ်ဟာ ဝါဒဖြန့်သတင်းစာတွေထဲကနေ ၁၉၄၇ခုနှစ် မတ်လ (၁၃)ရက်နေ့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်း ကောက်နုတ်ချက်ကို နေ့တိုင်းနီးပါး ဖော်ပြလာတာပါ။

အဲ့ဒီလိုဖော်ပြရာမှာ စစ်တပ်က “ ရွေးကောက်ပွဲဖျက်မယ်ဆိုတဲ့လူတွေကို ဒီတိုင်းကြည့်နေမှာမဟုတ်” ဆိုတာကို ခေါင်းစဉ်ထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်ဆိုပြီး ‌ထုတ်ပြန်ထားတာပါ။

နောက်ပြီး စစ်တပ်က သူလိုရာဆွဲပြီး ဖော်ပြထားတဲ့ မိန့်ခွန်းကောက်နုတ်ချက်ထဲ “ ရွေးကောက်ပွဲဖျက်မယ်ဆိုတဲ့လူတွေကို ကျုပ်တို့အစိုးရလည်း ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး။ အပြင်းအထန်နှိပ်ကွပ်ရမှာပဲ။ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ရွေးကောက်တဲ့နေရာမှာတော့ ဘယ်သူ့ကိုမှ ကျုပ်တိုးအစိုးရက နှောင့်ယှက်မှာမဟုတ်ဘူး။ သို့သော် ဖျက်လိုဖျက်ဆီး လုပ်တဲ့လူမှန်သမျှကိုတော့ အာဏာကုန်နှိမ်နင်းပစ်မှာပဲဆိုတာ ရှင်းရှင်းကြီးသတိပေးထားပါရစေ။” လို့ ‌ဆိုထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ စစ်တပ်ကို ပြည်သူက ယုံကြည်အားကိုးမှုမရှိဘဲ ပျက်စီးအောင် ပြုလုပ်နေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေတာပါ။

စစ်တပ်က သူတို့လိုအင်ဆန္ဒပြည့်အောင် ကြိုးပမ်းရာမှာ အခုလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကိုပါ အသုံးပြုတာက အလွဲသုံးစားလုပ်ပြီး ပြည်သူကို တဖက်လှည့်နဲ့ ခြိမ်းခြောက်ပြောဆိုတာလို့ ဝေဖန်ပြောဆိုတာတွေရှိ‌နေပါတယ်။

စစ်တပ်ဟာ လာမယ့် ဒီဇင်ဘာလ (၂၈)ရက်နေ့ မြို့နယ် (၁၀၀)ကျော်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေသလို သတ်မှတ်နယ်မြေတွေမှာ ကျင်းပနိုင်ဖို့ စစ်ရေးအရ ဖိအားပေးတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်နေပါတယ်။

ဒါ့အပြင် တဖက်မှာလဲ စစ်တပ်က ကျင်းပပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးတာတွေ မလုပ်ဖို့နဲ့ ဖိအားပေးဆောင်ရွက်သူတွေကို အရေးယူမယ်လို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ