နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ မြို့နယ်ပအဖတံဆိပ်တုံး အတုလုပ်တာနဲ့ အခွန်ငွေအလွဲသုံးစားပြုလုပ်တဲ့ အခွန်အရာရှိ (၇)ဦးကို ဖမ်းဆီး

‌နိုဝင်ဘာလ (၃)ရက်။

ကန့်ဘလူမြို့မှာ မြို့နယ်ပအဖတံဆိပ်တုံးအတုပြုလုပ်တာနဲ့ အခွန်ငွေအလဲသုံးစားပြုလုပ်မှုနဲ့ မြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် အခွန်အရာရှိ (၇)ဦးကို မြို့နယ်နဲ့ ခရိုင်ပအဖက ဖမ်းဆီးထားတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

ကန့်ဘလူမြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်ဟာ Non-CDM အချုပ်သူတဦးကို အဓမ္မပြုကျင့်တာကြောင့် မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ခရိုင်ပအဖအဖွဲ့ဝင်ဟောင်း မြင့်ဇော်ဦး(ခ)မဲခေါင်ရဲ့ ညီအရင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြင့်ကျော်(ခ)အာခိုင်ဟာ ၂၀၂၂ခုနှစ်မှာ မဲခေါင်ခေါ်လာတာကြောင့် မြို့နယ်ပအဖအဖွဲ့ဝင်ဖြစ်လာကာ အဲ့ဒီကနေတဆင့် သူ့ရဲ့ထောက်ခံချက်နဲ့ မြို့နယ်အခွန်တော်အရာရှိဖြစ်လာခဲ့တာလို့ သိရပါတယ်။

“ အာခိုင်က မဲခေါင် ပအဖတာဝန်ယူတဲ့အချိန်ကထဲက ရာထူးကို အလွဲသုံးစားလုပ်ပြီး ကားတွေကို ချလန်မပေးဘဲ ဒဏ်ရိုက်တာ၊ အခွန်ချလံတွေပေါ်မှာ ငွေသား ပြင်ဆင်ရေးတာ၊ ဒဏ်ရိုက်ထားတဲ့ငွေတွေကို အခွန်ဘဏ္ဍာရေးမှူးဆီမအပ်ဘဲ စိတ်ကြိုက်ခွဲဝေသုံးစွဲနေတာ။ ဒါတွေကို ပေါ်ပေါ်ထင်ထင်လုပ်နေပေမယ့် တိုင်ကြားအရေးယူခံရတာမရှိဘူး။ အာခိုင်က သူ့အကို မဲခေါင်နဲ့အတူ အခွန်ချလံတွေမှာ ငွေသားပြင်ဆင်ပြောင်းလဲပြီး သိန်းထောင်နဲ့ချီရနေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာခိုင်ဟာ အကိုဖြစ်သူ မဲခေါင် မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရချိန်မှာလဲ မြို့နယ်ပအဖတံဆိပ်တုံးအတု ပြုလုပ်ကာ လစဉ်ကောက်ခံရရှိတဲ့ ငွေသားနဲ့ အခွန်ချလံစာရွက်တွေကို ငွေပမာဏ စိတ်ကြိုက်ပြင်ဆင်ရေးသားပြီး တံဆိပ်တုံးအတုထုကာ အခွန်ဘဏ္ဍာရေးမှူးဆီ အပ်နှံပြီး မူရင်းချလန်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

သူဟာ မြို့နယ်ပအဖတံဆိပ်တုံး အတုပြုလုပ်ပြီး အခွန်ငွေအလွဲသုံးစားလုပ်တာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလအထိ လတိုင်းလုပ်ဆောင်ခဲ့ရာ လမ်းကြောပေါ်ရှိ သစ်ကားတွေ၊ ကုန်ကားတွေနဲ့ ရွှေမျှောပစ္စည်းတင်ဆောင်တဲ့ ကားတွေကို ချလန်မပေးဘဲ သိန်းဆယ်ချီ ဒဏ်ရိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ ဒီအခွန်ငွေနဲ့ သူ့မိန်းမကို လတိုင်း သိန်းဆယ်ချီထောက်ပံ့နေတာ။ နောက်ပြီး အိမ်ဝယ်ပေးတာ၊ လိုင်စင်မဲ့ကား ရောင်းဝယ်တာတွေ လုပ်နေတာ။ ကားဝယ်ရောင်းလုပ်တာကလဲ စကစရဲ့ ဗိုလ်မှူးကတော်တွေနဲ့တောင် ကားစပ်တူဝယ်ရောင်းလုပ်တာတွေရှိတယ်။ အခု အခွန်ငွေခိုးတဲ့ကိစ္စကလဲ နှစ်နဲ့ချီနေပြီ၊ ပြည်သူတွေက မသိချင်မှအဆုံးပဲ။ အသက်ရန်ရှာမှာစိုးလို့သာ မပြောရဲတာ။ အစိုးရဆိုတဲ့ လူကြီးတွေလဲ မြေပြင်ကို ဆင်းကြည့်စေချင်တယ်။ ဖမ်းတာတောင် နောက်ကျနေပြီ” လို့ သူက ဆက်ပြောပါတယ်။

အာခိုင်ဟာ ပအဖတံဆိပ်တုံး အတုပြုလုပ်ပြီး အခွန်ချလံမှာ ငွေသားပြင်ဆင်ရေးသားတာနဲ့ ချလန်မဲ့ ဒဏ်ရိုက်တာတွေကနေ သိန်းတသောင်းခန့် ပိုင်ဆိုင်ရရှိထားကာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၂)ရက်မှာ မြို့နယ်နဲ့ ခရိုင်အဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

အခုအခါ အာခိုင်အပါအဝင် အခွန်အဖွဲ့ဝင် (၇)ဦးကို တံဆိပ်တုံးအတုပြုလုပ်မှု၊ အခွန်ငွေအလွဲသုံးစားပြုလုပ်မှု၊ လုပ်ပိုင်ခွင့်အာဏာအသုံးပြုပြီး မလျော်ဩဇာသုံးမှုနဲ့ သက်သေခံပစ္စည်းတွေ ဖျောက်ဖျာက်မှုတို့နဲ့ တရားစွဲကာ ပလဖထံ အပ်နှံထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို