နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ မြို့နယ်ပအဖတံဆိပ်တုံး အတုလုပ်တာနဲ့ အခွန်ငွေအလွဲသုံးစားပြုလုပ်တဲ့ အခွန်အရာရှိ (၇)ဦးကို ဖမ်းဆီး

‌နိုဝင်ဘာလ (၃)ရက်။

ကန့်ဘလူမြို့မှာ မြို့နယ်ပအဖတံဆိပ်တုံးအတုပြုလုပ်တာနဲ့ အခွန်ငွေအလဲသုံးစားပြုလုပ်မှုနဲ့ မြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် အခွန်အရာရှိ (၇)ဦးကို မြို့နယ်နဲ့ ခရိုင်ပအဖက ဖမ်းဆီးထားတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

ကန့်ဘလူမြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်ဟာ Non-CDM အချုပ်သူတဦးကို အဓမ္မပြုကျင့်တာကြောင့် မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ခရိုင်ပအဖအဖွဲ့ဝင်ဟောင်း မြင့်ဇော်ဦး(ခ)မဲခေါင်ရဲ့ ညီအရင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြင့်ကျော်(ခ)အာခိုင်ဟာ ၂၀၂၂ခုနှစ်မှာ မဲခေါင်ခေါ်လာတာကြောင့် မြို့နယ်ပအဖအဖွဲ့ဝင်ဖြစ်လာကာ အဲ့ဒီကနေတဆင့် သူ့ရဲ့ထောက်ခံချက်နဲ့ မြို့နယ်အခွန်တော်အရာရှိဖြစ်လာခဲ့တာလို့ သိရပါတယ်။

“အာခိုင်က မဲခေါင် ပအဖတာဝန်ယူတဲ့အချိန်ကထဲက ရာထူးကို အလွဲသုံးစားလုပ်ပြီး ကားတွေကို ချလန်မပေးဘဲ ဒဏ်ရိုက်တာ၊ အခွန်ချလံတွေပေါ်မှာ ငွေသား ပြင်ဆင်ရေးတာ၊ ဒဏ်ရိုက်ထားတဲ့ငွေတွေကို အခွန်ဘဏ္ဍာရေးမှူးဆီမအပ်ဘဲ စိတ်ကြိုက်ခွဲဝေသုံးစွဲနေတာ။ ဒါတွေကို ပေါ်ပေါ်ထင်ထင်လုပ်နေပေမယ့် တိုင်ကြားအရေးယူခံရတာမရှိဘူး။ အာခိုင်က သူ့အကို မဲခေါင်နဲ့အတူ အခွန်ချလံတွေမှာ ငွေသားပြင်ဆင်ပြောင်းလဲပြီး သိန်းထောင်နဲ့ချီရနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာခိုင်ဟာ အကိုဖြစ်သူ မဲခေါင် မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရချိန်မှာလဲ မြို့နယ်ပအဖတံဆိပ်တုံးအတု ပြုလုပ်ကာ လစဉ်ကောက်ခံရရှိတဲ့ ငွေသားနဲ့ အခွန်ချလံစာရွက်တွေကို ငွေပမာဏ စိတ်ကြိုက်ပြင်ဆင်ရေးသားပြီး တံဆိပ်တုံးအတုထုကာ အခွန်ဘဏ္ဍာရေးမှူးဆီ အပ်နှံပြီး မူရင်းချလန်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

သူဟာ မြို့နယ်ပအဖတံဆိပ်တုံး အတုပြုလုပ်ပြီး အခွန်ငွေအလွဲသုံးစားလုပ်တာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလအထိ လတိုင်းလုပ်ဆောင်ခဲ့ရာ လမ်းကြောပေါ်ရှိ သစ်ကားတွေ၊ ကုန်ကားတွေနဲ့ ရွှေမျှောပစ္စည်းတင်ဆောင်တဲ့ ကားတွေကို ချလန်မပေးဘဲ သိန်းဆယ်ချီ ဒဏ်ရိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဒီအခွန်ငွေနဲ့ သူ့မိန်းမကို လတိုင်း သိန်းဆယ်ချီထောက်ပံ့နေတာ။ နောက်ပြီး အိမ်ဝယ်ပေးတာ၊ လိုင်စင်မဲ့ကား ရောင်းဝယ်တာတွေ လုပ်နေတာ။ ကားဝယ်ရောင်းလုပ်တာကလဲ စကစရဲ့ ဗိုလ်မှူးကတော်တွေနဲ့တောင် ကားစပ်တူဝယ်ရောင်းလုပ်တာတွေရှိတယ်။ အခု အခွန်ငွေခိုးတဲ့ကိစ္စကလဲ နှစ်နဲ့ချီနေပြီ၊ ပြည်သူတွေက မသိချင်မှအဆုံးပဲ။ အသက်ရန်ရှာမှာစိုးလို့သာ မပြောရဲတာ။ အစိုးရဆိုတဲ့ လူကြီးတွေလဲ မြေပြင်ကို ဆင်းကြည့်စေချင်တယ်။ ဖမ်းတာတောင် နောက်ကျနေပြီ”လို့ သူက ဆက်ပြောပါတယ်။

အာခိုင်ဟာ ပအဖတံဆိပ်တုံး အတုပြုလုပ်ပြီး အခွန်ချလံမှာ ငွေသားပြင်ဆင်ရေးသားတာနဲ့ ချလန်မဲ့ ဒဏ်ရိုက်တာတွေကနေ သိန်းတသောင်းခန့် ပိုင်ဆိုင်ရရှိထားကာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၂)ရက်မှာ မြို့နယ်နဲ့ ခရိုင်အဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

အခုအခါ အာခိုင်အပါအဝင် အခွန်အဖွဲ့ဝင် (၇)ဦးကို တံဆိပ်တုံးအတုပြုလုပ်မှု၊ အခွန်ငွေအလွဲသုံးစားပြုလုပ်မှု၊ လုပ်ပိုင်ခွင့်အာဏာအသုံးပြုပြီး မလျော်ဩဇာသုံးမှုနဲ့ သက်သေခံပစ္စည်းတွေ ဖျောက်ဖျာက်မှုတို့နဲ့ တရားစွဲကာ ပလဖထံ အပ်နှံထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို