နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့မှာ ခရီးသွားလာရင်း ပေါ်တာဆွဲခံရပြီး စစ်သားစုဆောင်းခံရသူ (၄)ဦး အလင်းဝင်လာ

မတ်လ (၄)ရက်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ(၂၅၈)တပ်ရင်းက စစ်ကောင်စီတပ်သား (၄)ဦး အလင်းဝင်လာခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သူတို့ (၄)ယောက်က စစ်ကိုင်းတံတားနဲ့ အခြားနေရာတွေမှာ ခရီးသွားနေရင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်း ပေါ်တာဆွဲခံရသူတွေပါ။ အခုတော့ သူတို့မိဘတွေဆီ အပ်နှံပြီးပါပြီ” လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၄)ဦးဟာ ခလရ(၂၅၈)တပ်ရင်းက တပ်သား မင်းမင်းထက်၊ တပ်သား စောအိုသ်းဇက်၊ တပ်သား ထက်ကိုနိုင်နဲ့ တပ်သား ရဲဇော်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ဟာ စစ်ကိုင်းတံတားအပါအဝင် နိုင်ငံထဲ အခြားနေရာတွေမှာ ခရီးသွားလာရင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ‌တပ်သားသစ်စုဆောင်းဖို့ ပေါ်တာဆွဲခံရသူတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။

သူတို့တွေဟာ ရေစကြိုပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ ဆက်သွယ်ပြီး ယူဆောင်လာတဲ့ ဗုံးသီးတွေနဲ့ ကျည်တွေကို အပ်နှံကာ အလင်းဝင်လာခဲ့သလို အခုပခါ မိဘတွေနဲ့ ဆက်သွယ်ပြီး ပြန်လည်အပ်နှံခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး မတ်လ (၁)ရက်နေ့က ရေစကြိုမြို့ ခလရ(၂၅၆)တပ်ရင်းက တပ်သား ကျော်ဇေယျာဝင်းနဲ့ တပ်သား ဖိုးကုလားတို့ ဆက်သွယ်အလင်းဝင်ပြီး သူတို့ယူဆောင်လာတဲ့ ဗုံးသီးတွေနဲ့ ခဲယမ်းတွေ အပ်နှံကာ ကောင်းမွန်စွာ နေထိုင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကလဲ ရေစကြိုနဲ့ မြောင်နယ်အစပ် အမှတ်(၃) သောင်ခုံပေါ်တနေရာမှာ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၅၆)က တပ်သားတစ်ဦးကို ဖမ်းမိခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားဆီကနေ MA-1 တလက်၊ ကျည်ဘောက် (၃)ဘောက်၊ ၅.၅၆ကျာ် (၃၀၀)ခန့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သူဟာ ၂၀၂၄ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 1 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ
မြန်မာသတင်း

မကြာမီ ပြည်သူတွေအားလုံး အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၈၀)နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အနေနဲ့ အတိတ်သမိုင်းကာလတွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့နဲ့
မြန်မာသတင်း

ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး တစ်ဦးသေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 11 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ရက်တာထဲ ကနီမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နတ်ကြီးရွာရေဆိပ်ကို
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 14 Views
မတ်လ (၂၆)ရက်။ မနေ့က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်ဒေးတပ်စခန်းကို တော်လှန်ရေးတပ်တွေက မတ်လ (၂၂)ရက်နေ့က
မြန်မာသတင်း

ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီစသုံးလုံးအဖွဲ့ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 15 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ စသုံးလုံးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 22 Views
မတ်လ (၂၆)ရက်။ မနေ့က နေ့လယ် (၁)နာရီဝန်းကျင်က နွားထိုးကြီးမြို့ မာန်လည်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ နေ့လယ် (၁)နာရီလောက် မာန်လည်ရွာတောင်ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စကစက