နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ကို အမေရိကန်က သိမ်းပိုက်မယ်လို့ ထရန့် ပြော

ဖေဖော်ဝါရီလ (၅) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြောင်ကနေ ထွက်ခွာစေချင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အရင်ကလည်း အဲ့ဒီလိုမှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဒေသတွင်းရှိ အခြားအာရပ်နိုင်ငံတွေကလည်း ပြတ်သားစွာ ငြင်းဆိုထားပါတယ်။

ဂျော်ဒန်နဲ့ အီဂျစ်တို့ကို ပါလက်စတိုင်းကို လွှဲပြောင်းယူဖို့ သမ္မတထရန့်က ပြောကြားခဲ့ပြီး “ဂါဇာဟာ အလုပ်မဖြစ်ပါဘူး။ တစ်ကြိမ်တစ်ခါတောင် အလုပ်မဖြစ်ပါခဲ့ဘူး။ ဂါဇာအပေါ် ကျွန်တော့်ရဲ့ အမြင်က လူတော်တော်များများနဲ့ လုံးဝကွဲပြားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “သူတို့မှာ သာယာလှပတဲ့ မြေကွက်သစ်တွေ ပိုင်ဆိုင်သင့်တယ်၊ ကျွန်တော်တို့က ပိုက်ဆံထုတ်ပေးပြီး အိမ်တွေ ဆောက်မယ်၊ အဆင်ပြေအောင်၊ နေထိုင်စရာနဲ့ ပျော်စရာကောင်းအောင် လုပ်ပေးမယ်” ဟု သူက ဆက်ပြောပါတယ်။

ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယား၊ ကာတာနဲ့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးတွေက ဂါဇာကမ်းမြောင်ကနေ ပါလက်စတိုင်းတွေကို ရွှေ့ပြောင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို ပယ်ချခဲ့ပါတယ်။ နေရာပြောင်းရွှေ့ရေး အဆိုပြုချက်ဟာ နာကျင်စရာကောင်းတဲ့ သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာတစ်ခုလည်း ရှိပါတယ်။ ၁၉၄၀ ခုနှစ်တွမှာ အစ္စရေးနိုင်ငံထူထောင်ဖို့ကြိုးပမ်းတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပါလက်စတိုင်း ထောင်ပေါင်းများစွာကို နေအိမ်တွေကနေ နှင်ထုတ်ခဲ့ကြတဲ့သမိုင်း ရှိခဲ့ပါတယ်။

အဲ့ဒီနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံမှုမှာ ထရန့်က ဂါဇာဟာ အလွန်အန္တရာယ်များပြီး ပါလက်စတိုင်းတွေကို ပြောင်းရွှေ့နေရာချထားရေးဟာ အမြဲတမ်း ဖြစ်သွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းတို့ ပြန်လာခွင့်ရှိမရှိ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ထရန့်က “သူတို့ မပြန်ချင်နိုင်အောင် တကယ်ကောင်းမွန်ကြီးကျယ်တဲ့ အရာတစ်ခု လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ပြန်သွားချင်တယ်ဆိုအုံး၊ အဲဒါနေရာဟာ ငရဲပဲ။” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ပါလက်စတိုင်းတို့ ရှင်သန်နိုင်ပြီး မသေနိုင်တဲ့ ဒေသ ငါးခု ဒါမှမဟုတ် ခြောက်ခု ရှိနိုင်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ကို အမေရိကန်က သိမ်းပိုက်မယ်လို့လည်း ထရန့်က ပြောခဲ့ပါတယ်။

“အမေရိကန်က ဂါဇာကမ်းမြှောင်ကို သိမ်းပိုက်ပြီး လက်တွဲလုပ်ဆောင်သွားမှာပါ” “ကျွန်တော်တို့ ဂါဇာကို ပိုင်ဆိုင်မှာ ဖြစ်ပြီး အဲဒီမှာရှိနေတဲ့ အန္တရာယ်ရှိတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေနဲ့ တခြားလက်နက်တွေကို ဖျက်သိမ်းဖို့ တာဝန်ရှိပါတယ်။ ပျက်စီးသွားတဲ့ အဆောက်အဦတွေကို ဖယ်ရှားမယ်၊ မြေကို အဆင့်မြှင့်တင်မယ်၊ သန်းပေါင်းများစွာသော အလုပ်အကိုင်နဲ့ အိမ်ရာတွေကို ပေးစွမ်းမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။” လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

ထရန့်ရဲ့ သမတပထမသက်တမ်းမှာလည်း ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်သံရုံးကို ဂျေရုဆလင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ့အပြင် ဂိုလန်ကုန်းမြင့်ကိုလည်း အစ္စရေးတို့ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်ပေးခဲ့လို့ အစ္စရေးတို့က ဂိုလန်ကုန်းမြင့်ကို ထရန့်ကုန်းမြင့်ဆိုပြီး ဆိုင်းဘုတ်ထောင်ခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

ဓာတ်ပုံ။

၄ ရက်နေ့က အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ စကားပြောဆိုစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက