နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ကို အမေရိကန်က သိမ်းပိုက်မယ်လို့ ထရန့် ပြော

ဖေဖော်ဝါရီလ (၅) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြောင်ကနေ ထွက်ခွာစေချင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အရင်ကလည်း အဲ့ဒီလိုမှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဒေသတွင်းရှိ အခြားအာရပ်နိုင်ငံတွေကလည်း ပြတ်သားစွာ ငြင်းဆိုထားပါတယ်။

ဂျော်ဒန်နဲ့ အီဂျစ်တို့ကို ပါလက်စတိုင်းကို လွှဲပြောင်းယူဖို့ သမ္မတထရန့်က ပြောကြားခဲ့ပြီး “ ဂါဇာဟာ အလုပ်မဖြစ်ပါဘူး။ တစ်ကြိမ်တစ်ခါတောင် အလုပ်မဖြစ်ပါခဲ့ဘူး။ ဂါဇာအပေါ် ကျွန်တော့်ရဲ့ အမြင်က လူတော်တော်များများနဲ့ လုံးဝကွဲပြားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “သူတို့မှာ သာယာလှပတဲ့ မြေကွက်သစ်တွေ ပိုင်ဆိုင်သင့်တယ်၊ ကျွန်တော်တို့က ပိုက်ဆံထုတ်ပေးပြီး အိမ်တွေ ဆောက်မယ်၊ အဆင်ပြေအောင်၊ နေထိုင်စရာနဲ့ ပျော်စရာကောင်းအောင် လုပ်ပေးမယ်” ဟု သူက ဆက်ပြောပါတယ်။

ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယား၊ ကာတာနဲ့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးတွေက ဂါဇာကမ်းမြောင်ကနေ ပါလက်စတိုင်းတွေကို ရွှေ့ပြောင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို ပယ်ချခဲ့ပါတယ်။ နေရာပြောင်းရွှေ့ရေး အဆိုပြုချက်ဟာ နာကျင်စရာကောင်းတဲ့ သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာတစ်ခုလည်း ရှိပါတယ်။ ၁၉၄၀ ခုနှစ်တွမှာ အစ္စရေးနိုင်ငံထူထောင်ဖို့ကြိုးပမ်းတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပါလက်စတိုင်း ထောင်ပေါင်းများစွာကို နေအိမ်တွေကနေ နှင်ထုတ်ခဲ့ကြတဲ့သမိုင်း ရှိခဲ့ပါတယ်။

အဲ့ဒီနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံမှုမှာ ထရန့်က ဂါဇာဟာ အလွန်အန္တရာယ်များပြီး ပါလက်စတိုင်းတွေကို ပြောင်းရွှေ့နေရာချထားရေးဟာ အမြဲတမ်း ဖြစ်သွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းတို့ ပြန်လာခွင့်ရှိမရှိ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ထရန့်က “ သူတို့ မပြန်ချင်နိုင်အောင် တကယ်ကောင်းမွန်ကြီးကျယ်တဲ့ အရာတစ်ခု လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ပြန်သွားချင်တယ်ဆိုအုံး၊ အဲဒါနေရာဟာ ငရဲပဲ။” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ပါလက်စတိုင်းတို့ ရှင်သန်နိုင်ပြီး မသေနိုင်တဲ့ ဒေသ ငါးခု ဒါမှမဟုတ် ခြောက်ခု ရှိနိုင်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ကို အမေရိကန်က သိမ်းပိုက်မယ်လို့လည်း ထရန့်က ပြောခဲ့ပါတယ်။

“ အမေရိကန်က ဂါဇာကမ်းမြှောင်ကို သိမ်းပိုက်ပြီး လက်တွဲလုပ်ဆောင်သွားမှာပါ” “ ကျွန်တော်တို့ ဂါဇာကို ပိုင်ဆိုင်မှာ ဖြစ်ပြီး အဲဒီမှာရှိနေတဲ့ အန္တရာယ်ရှိတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေနဲ့ တခြားလက်နက်တွေကို ဖျက်သိမ်းဖို့ တာဝန်ရှိပါတယ်။ ပျက်စီးသွားတဲ့ အဆောက်အဦတွေကို ဖယ်ရှားမယ်၊ မြေကို အဆင့်မြှင့်တင်မယ်၊ သန်းပေါင်းများစွာသော အလုပ်အကိုင်နဲ့ အိမ်ရာတွေကို ပေးစွမ်းမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။” လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

ထရန့်ရဲ့ သမတပထမသက်တမ်းမှာလည်း ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်သံရုံးကို ဂျေရုဆလင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ့အပြင် ဂိုလန်ကုန်းမြင့်ကိုလည်း အစ္စရေးတို့ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်ပေးခဲ့လို့ အစ္စရေးတို့က ဂိုလန်ကုန်းမြင့်ကို ထရန့်ကုန်းမြင့်ဆိုပြီး ဆိုင်းဘုတ်ထောင်ခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

ဓာတ်ပုံ။

၄ ရက်နေ့က အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ စကားပြောဆိုစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 32 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ
နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စီးပွားရေးကျပ်တည်းမှုကြောင့် စတင်ခဲ့သော ဆန္ဒပြပွဲများသည် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပိုမိုပြင်းထန်လာပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအဖြစ်သို့ ကူးပြောင်းလာနေသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 26 Views
ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆ခုနှစ် အောက်ပါတို့မှာ လက်ရှိအချိန် (ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆) အထိ ဖြစ်ပေါ်နေသော နောက်ဆုံးအခြေအနေများဖြစ်သည်။ ၁။ ဆန္ဒပြပွဲ၏ အဓိကအကြောင်းရင်းနှင့် ပျံ့နှံ့မှု စီးပွားရေးပြိုလဲမှု: အီရန်ငွေကြေး (Rial)
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 36 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။