နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ထဲ နားလည်မှုစာချွန်လွှာနဲ့ သဘောတူညီချက် (၁၀)ခုကို လက်မှတ်ရေးထိုးခဲ့

မတ်လ (၅)ရက်။

မနေ့က မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားသမ္မတနဲ့ တွေ့ဆုံပြီး နားလည်မှုစာချွန်လွှာနဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီသဘောတူညီချက်တွေနဲ့ နားလည်မှုစာချွန်လွှာတွေထဲ ပညာရပ်ဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြုဖို့၊ အကောက်အခွန်ကိစ္စ၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ အားကစားကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုတာမှာ နျူကလီးယားနဲ့ ဓါတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းဖို့ စည်းမျဉ်းဥပဒေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဘူမိဗေဒလေ့လာဖို့နဲ့ ဓါတ်သတ္တုရှာဖွေဖို့ စီးပွားရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုအပြင် ပြင်ပအာကာသစူစမ်းလေ့လာဖို့နဲ့ အသုံးပြုတာမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့အပါအဝင် အကာအကွယ်ပေးဖို့ သဘောတူညီချက်စာချုပ်(မူကြမ်း)အပေါ် ဆွေးနွေးခဲ့တယ်လို့ ‌သိရပါတယ်။

တွေ့ဆုံပွဲအပြီး သဘောတူညီချက်တွေ၊ နားလည်မှုစာချွန်လွှာတွေနဲ့ ပူးတွဲကြေညာချက်တွေကို စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်အပါအဝင် သက်ဆိုင်ရာဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေရှေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ပူးတွဲကြေညာချက်ထဲ ရုရှားသမ္မတက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တွေ တိုးတက်ဖို့ မြန်မာနိုင်ငံမှာ အသေးစားအဏုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ သဘောတူညီခဲ့တယ်လို့လဲ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွင်ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့သလို သဘောတူညီချက် (၁၀)ခုကိုလဲ လက်မှတ်ရေးထိုးခဲ့ပြီး စိန့်ပီတာစဘတ်မြို့နဲ့ နိုဗာစီဘစ်ရ်ခ်မြို့တို့မှာ ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်သွားမယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 40 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 16 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်
မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 153 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 166 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြောင်ချောင်းရွာအနီးမှာ ဘယ်တိုက်ပွဲမှလဲမရှိဘဲ သူရဲဘောကြောင်ပြီး အကြမ်းဖက်စစ်ကော်မရှင်က ‌ဂျက်ဖိုက်တာ (၂)စီးနဲ့