နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွာငံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ ကွယ်လွန်ခဲ့တဲ့အပေါ် စစ်ကောင်စီကို CRPH ပြင်းပြင်းထန်ထန်ရှုတ်ချ

ဇွန်လ (၅)ရက်။

ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလက ပြင်ဦးလွင်မြို့မှာ တိမ်းရှောင်နေချိန် စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲ့ဒီလိုဖမ်းဆီးခံပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ပြီးခဲ့တဲ့လအနည်းငယ်ကထဲက စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ ကြားသိရတဲ့အပေါ် CRPH အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ‌သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး အပြည့်အဝ တာဝန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအတွက်လဲ များစွာ စိုးရိမ်ပူပန်နေတယ်လို့ ပြောဆိုထားပါတယ်။

CRPH အနေနဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုအချိန်အထိ စစ်ကောင်စီဟာ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးနဲ့ တိုင်း/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၄၁)ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မတရားဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အမြန်ဆုံးပြန်လည်ရရှိဖို့ CRPH နဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ရပ်တည်ပေးဖို့နဲ့ ပံ့ပိုးကူညီပေးဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)နဲ့ အဖွဲ့ဝင်တွေကို ထပ်မံတောင်းဆိုထားပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ နေ့တိုင်းကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့နဲ့ အာဏာသိမ်းတာကြောင့် ပျက်စီးသွားတဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တာတွေ အမြန်ဆုံး ကောင်းမွန်စေဖို့ ဝိုင်းဝန်းကြိုးပမ်းပေးဖို့ ‌တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 4 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့
မြန်မာသတင်း

ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းသူတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ကန့်သတ်ထား

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ