နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လတ်တလော ထရန့်နှင့်ပူတင်တို့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ယူကရိန်းသို့ ရုရှားက ဒရုန်းများ စံချိန်တင်အရေအတွက်ကို ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လရက်

CNN —ကိ့ဗ်၊ ယူကရိန်း

သမတ‌ဒေါ်နယ်ထရန့်နှင့် ရုရှားသမတ ဗလာဒီမာပူတင်နှင့် ခေါ်ဆိုဆွေးနွေးမှုအပြီးတွင်  ထရန့်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုးတက်မှုမရှိကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ကိ့ဗ်သည် ရုရှား၏ စံချိန်တင်ခဲ့သောဒရုန်းဖြင့် တိုက်ခိုက်ခြင်းခံရပြီးနောက် နာရီပိုင်း အကြာတွင် မြို့တော် ကိ့ဗ်တွင် မီးခိုးများနှင့် ဖောက်ခွဲရေးပစ္စည်းများ၏ အနံ့အသက်များ ပြည့်နှက် နေခဲ့သည်။

ထိုတိုက်ခိုက်မှုသည် သုံးနှစ်အတွင်း ပဋိပက္ခ၏ အဆိုးရွားဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဟု ယူကရိန်း အာဏာပိုင်များက ပြောဆိုခဲ့သည်။ မြို့တော်ရှိ အဆောက်အအုံများနှင့် လူနေရပ်ကွက် အများအပြားကို လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု ကြောင့်ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

ညတွင်းချင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း ကိယက်ဗ်မြို့ အရေးပေါ်ဌာနမှ ပြောကြားခဲ့သည်။ ကြာသပတေးနေ့ အစောပိုင်းက မြို့တော်နှင့် စစ်ဘက်အာဏာပိုင်များက တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရခဲ့ပြီး ၁၃ နာရီကြာ ကြာမြင့်ခဲ့သည်။ ယူကရိန်းလေတပ်ရဲ့ အဆိုအရ စံချိန်တင် ရုရှားဒရုန်း ၅၃၉ စင်းထဲက ၄၇၆ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ထို့အပြင် ရုရှားမှ ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည် ၁၁ စင်းကိုလည်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ယူကရိန်း၏ ကြားဖြတ်ဒရုန်းအသစ်များဖြင့် ရုရှားမောင်းသူမဲ့လေယာဉ် ခြောက်ဆယ်ကို ဖယ်ရှားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထောင်နှင့်ချီသော ဒေသခံများသည် မြေအောက် ရထား ဘူတာရုံများ သို့မဟုတ် မြေအောက် ကားရပ်နားရန် နေရာများ အပါအဝင် အမိုးအကာများတွင် တစ်ညတာ နေထိုင်ခဲ့ကြ ချိန်တွင်သောကြာနေ့ နံနက်အစောပိုင်းအထိ မြို့တွင်း၌ ပေါက်ကွဲသံများနှင့် ဒရုန်းသံများ ပဲ့တင်ထပ်နေခဲ့သည်။

“Kyiv မှာ လုံးဝ ကြောက်စရာကောင်းပြီး အိပ်မရခဲ့တဲ့ညပါ။ အခုအချိန်အထိ အဆိုးဆုံးတွေထဲက တစ်ခုဖြစ်တယ်” ဟု ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အင်ဒရေဆိုင်ဘီဟာ (Andrii Sybiha) က ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ၎င်းကို နိုင်ငံအတွင်း မြင်တွေ့ခဲ့ရသည့် အကြီးစား လေကြောင်းတိုက်ခိုက်မှုများထဲမှ တစ်ခုဟု ပြောကြားခဲ့သည်။

“ မှတ်သားစရာကောင်းတာက မနေ့က ငါတို့မြို့တွေနဲ့ ဒေသတွေမှာ ပထမဆုံး လေကြောင်း တိုက်ခိုက်မှု သတိပေးချက်တွေနဲ့အတူ သမ္မတ ထရန့် နဲ့ ပူတင်တို့ကြား ဖုန်းခေါ်ဆိုမှု ဆွေးနွေးနေတဲ့ မီဒီယာသတင်းတွေနဲ့ တပြိုင်နက်နီးပါး ပျံ့နှံ့လာခဲ့ပါတယ်” ဟု ဇလန်းစကီး မှ ပြောကြားခဲ့သည်။ “ တစ်ဖန် ဒီလုပ်ရပ်ဟာ ရုရှားက စစ်ပွဲနှင့် အကြမ်းဖက်ခြင်းကို အဆုံးသတ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြသနေတယ်။”

ကနဦးတွင်၊ မြို့တော်၏ လေကြောင်းရန် ကာကွယ်ရေး အသံနှင့် ၎င်း၏ ဒရုန်းမှ ဒရုန်းကြားဖြတ် ကိရိယာအသစ်များသည် ရုရှား၏ တိုက်ခိုက်မှုကို ဟန့်တားရန် လုပ်ဆောင် နေကြောင်း ကြားနိုင်သည်။ သို့ရာတွင် နာရီတွေကြာညောင်းလာတာနဲ့အမျှ လေထဲမှာ ဒရုန်းတွေရဲ့ မညှာမတာ အသံတွေ ဆက်တိုက်ထွက်နေပြီး နောက်ပိုင်းမှာ သက်ရောက်မှုတွေရဲ့ ပေါက်ကွဲထိမှန်သံတွေကို ကြားလာရသည်။

တိုက်ခိုက်မှုများကြောင့် မြို့တွင်းရှိ ခရိုင်အများအပြားရှိ အဆောက်အအုံများနှင့် တည်ဆောက်ထားသည့်လမ်းတံတားများတွင် မီးလောင်ကျွမ်းခဲ့ပြီး အထပ်ပေါင်းများစွာ အဆောက်အအုံများ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ယူကရိန်းနိုင်ငံတော် အရေးပေါ်ဌာနက ပြောကြားခဲ့သည်။ ၎င်းတို့သည် ကိ့ဗ် ၏ မီးရထားလမ်း၏ တစ်စိတ်တစ်ပိုင်းကိုလည်း ဖျက်ဆီးခဲ့ပြီး ဒဏ်ရာရသူများထံမှ ဖုန်းခေါ်ဆိုမှုများကို တုံ့ပြန်သည့် လူနာတင်ယာဉ်ငါးစီးကိုလည်း ပျက်စီးစေခဲ့သည်။

တိုက်ခိုက်မှုအတွင်း ပိုလန်ကောင်စစ်ဝန်ရုံးလည်း ပျက်စီးသွားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော စစ်ကောစကီး (Radoslaw Sikorski) က “ ယူကရိန်းသို့ လေယာဉ်ပစ် ဒုံးနှင့်ခဲယမ်း မီးကျောက်များ ပြန်လည်ပေးအပ်ပြီး ရန်သူအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များ ချမှတ်ရန် အမေရိကန်အား တောင်းဆိုခဲ့သည်။”

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှားသည် ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများအပါအဝင် ယူကရိန်းကို ညစဉ်ညတိုင်းလိုလို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လွန်ခဲ့ တဲ့ ငါးရက်က ရုရှားက ယူကရိန်းကို ဒရုန်း ၅၃၇ စင်း ပစ်လွှတ်ခဲ့တဲ့ တိုက်ခိုက်မှုဟာအများဆုံးအဖြစ် စံချိန်တင်တဲ့ည ဖြစ်ခဲ့ပါတယ်။

ကြာသပတေးနေ့တွင် ထရန့် သည် ပူတင်နှင့် တစ်နာရီနီးပါးကြာ ဖုန်းခေါ်ဆိုခဲ့ပြီး ရပ်တန့် နေသော အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်၍ စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သည်။

“ ကျွန်တော်တို့ ဖုန်းခေါ်ဆိုမှုတစ်ခု ရှိခဲ့ပါတယ်။ ဒါဟာ တော်တော်ကြာတဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုပါ။ အီရန် အပါအဝင် အကြောင်းအရာ တော်တော်များများကို ဆွေးနွေးခဲ့ပြီး ယူကရိန်းနဲ့ စစ်ပွဲအကြောင်းလည်း ပြောခဲ့ကြပါတယ်” ဟု ထရန့် က ပြောကြားခဲ့သည်။ “ အဲဒီအတွက် ငါဝမ်းမသာနိုင်ဘူး။”

ယူကရိန်းနဲ့ သဘောတူညီချက်ရဖို့ အတွက် ပူတင်နဲ့ တိုးတက်မှုရှိလာတယ်လို့ ခံစားရသလားလို့ မေးမြန်းရာမှာ ထရန့်က “နိုး” ဟု အခိုင်အမာ ပြောကြားခဲ့သည်။ သူကရုရှားသမ္မတနဲ့ စကားပြောဆိုမှုအပေါ် သူ အလွန်စိတ်ပျက်မိကြောင်း သူက ထပ်လောင်း ပြောကြားခဲ့ပြီး ရုရှားသမ္မတဟာ စစ်ပွဲကို ရပ်ပစ်ဖို့ စိတ်ကူးမရှိဘူးလို့ သူယုံကြည်တယ်လို့ ဆိုသည်။

သောကြာနေ့က သတင်းထောက်များနှင့် ဖုန်းခေါ်ဆိုမှုတွင် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ကော့ဗ် (Dmitry Peskov) က ရုရှားသည် ထရန့်၏ ပြောကြားချက်အားလုံးကို အထူးဂရုပြုကြောင်း ပြောကြားခဲ့သည်။ ခေါ်ဆိုမှုအတွင်း ပူတင်က အထူးစစ်ရေး စစ်ဆင်မှုတွင် ကျွန်ုပ်တို့၏ရည်မှန်းချက်များအောင်မြင်ရန် စိတ်ဝင်စားပြီး နိုင်ငံရေးနှင့် သံတမန်နည်းလမ်းများဖြင့် ၎င်းကို ပိုကောင်းအောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပက်စ်ကော့ဗ် က ထပ်လောင်းပြောကြားခဲ့သည်။

ထရန့် သည်သောကြာနေ့နံနက်တွင် ဇလန်းစကီး နှင့်စကားပြောခဲ့သည်။ ယူကရိန်း ခေါင်းဆောင်က လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး “ကျွန်တော်တို့ရဲ့ ကောင်းကင်ယံကို ကာကွယ်မှု အားကောင်းအောင် အတူတကွ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ပါတယ်” လို့ သူတို့ရဲ့ အဖွဲ့တွေဟာ အနာဂတ်မှာ အစည်းအဝေး ကျင်းပမယ်လို့ ပြောကြားခဲ့ပါတယ်။

ကိ့ဗ် သည် “ အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက်ပရောဂျက်များအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး အထူးသဖြင့် ဒရုန်းများနှင့် ဆက်စပ်နည်းပညာများနှင့်ပတ်သက်၍ လုံခြုံရေးအတွက် အလွန်အရေးကြီးသည်ဟု ယုံကြည်ပါသည်” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ယူကရိန်းကို ဖြိုခွင်းတဲ့ ရုရှားရဲ့ တိုက်ခိုက်မှုညတွေဟာ ကိယက်ဗ်မြို့ခံတွေအတွက် ပုံမှန်အခြေအနေသစ်တရပ် ဖြစ်လာခဲ့ပါသည်။

သောကြာနေ့တွင် ညတွင်းချင်း တိုက်ခိုက်မှုပြီးနောက် မြို့တွင်း လေထုညစ်ညမ်းမှုနှုန်းမှာ “မြင့်မား” ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ် ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ အရပ်သားများအား အခန်းတွင်း လေဝင်လေထွက်တိုက်ရိုက်မဖြစ်အောင် နှင့် ဖြစ်နိုင်လျှင် လေသန့်စင်စက်ကို အများဆုံးအသုံးပြုကြရန် သတိပေးထားပြီး အသက်ရှုလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူများအနေဖြင့် အခြေအနေတည်ငြိမ်သည်အထိ အထူးဂရုစိုက်ရန် သတိပေးထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုသတိပေးချက်များ ရပ်ဆိုင်းလိုက်သည်နှင့် ရုရှား၏ရန်လိုမှုအပေါ် ထရန့် ၏သည်းခံမှုကိုတွေ့ရသည့်အတွက် ဒေသခံများက ၎င်းတို့၏ စိတ်ပျက်မှုကို ဖော်ပြကြသည်။

“ ဒီတိုက်ခိုက်မှုဟာ ပူတင်နဲ့ ထရန့် နဲ့ စကားပြောပြီးပြီးချင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ထရန့် ဟာ လူယုတ်မာတစ်ယောက်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ အမေရိကန်က အကူအညီတွေ ပေးပို့တာကို ရပ်တန့်လိုပြီး သူ့ရဲ့သမ္မတသက်တမ်းအတွင်း ဘယ်လိုမှ ကူညီမပေးပါဘူး” ဟု ကိ့ဗ် မြို့ခံတစ်ဦးဖြစ်သူ ယူရီ (Yuriy) က CNN သို့ ပြောကြားခဲ့သည်။

အခြား ကိ့ဗ် မြို့ခံ ယူလာရပ်ကိုဗာ(Yulia Ryzhkova) က “ မနေ့က ပူတင်နဲ့ ထရန့်တို့ကြားက ဖုန်းခေါ်ဆိုမှုတွေနဲ့ ဒီလိုမျိုး တိုက်ခိုက်မှုတွေကြား ဆက်နွှယ်မှုရှိတယ်လို့ ခံစားရတယ်။”

“ ပူတင်မှာ လူရမ်းကား စိတ်ဓာတ်ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ သူက အာဏာကို သာနားလည်တဲ့သူပဲ ၊ ကံမကောင်းစွာပဲ၊ ထရန့် က အဲဒီအာဏာကို အသုံးအချခဲ့ပါဘူး။ ရုရှားက သူ့လုပ်ရပ်အတွက် ဘာအ‌ရေးယူမှုမှခံစားရမှာ မဟုတ်ဘူးနဲ့ သူ့ဆောင်ရွက်ချက်တွေအတွက် ဘယ်လိုဆိုးကျိုးကိုမှမခံစားရဘူးလို့ သိနေပါတယ်။ ဒါက အကြမ်းဖက်တာ၊ ရိုးရိုးလေးနဲ့ ရှင်းပါတယ်။”

စစ်ရေးအသုံးစရိတ်နဲ့ နိုင်ငံခြားတိုင်းပြည်တွေကို အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုကို ပြန်လည်သုံးသပ်ပြီးနောက် ထရမ့်အစိုးရဟာ လေကြောင်း ရန်ကာကွယ်ရေး ဒုံးကျည်တွေ အပါအဝင် ယူကရိန်းဆီ လက်နက်တင်ပို့မှုတချို့ကို ခေတ္တရပ်ထားချိန်မှာ အခုလို တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့တာဖြစ်သည်။

အမေရိကန်၏ လက်နက် သိုလှောင်မှုများအား ကာကွယ်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ထရမ့်က အသိအမှတ်ပြုခဲ့သည်။

အဆိုပါ လုပ်ရပ်ကြောင့် ယူကရိန်းနိုင်ငံသူ အများအပြားအတွက် စိုးရိမ်မှု ဖြစ်စေခဲ့သည်။ ယူကရိန်း၏ မောင်းသူမဲ့စနစ်တပ်ဖွဲ့၏ တပ်မှူးက ယူကရိန်းကို တိုက်ခိုက်ရန် ရုရှားအသုံးပြု တာဝေးပစ် ဒရုန်းအရေအတွက်သည် တစ်ရက်လျှင် ၁,၀၀၀ သို့မဟုတ် ထို့ထက်မက ရှိလာနိုင်ကြောင်း ထောက်လှမ်းရေးအချက်အလက်များကို ကိုးကား၍ သောကြာနေ့တွင် သတိပေးခဲ့သည်။

အမေရိက သည် ယူကရိန်းအား ရုရှားမှ ၂၀၂၂ ခုနှစ်တွင် အပြည့်အ၀ ကျူးကျော်ဝင် ရောက်ခဲ့ပြီးကတည်းက ယူကရိန်းအား လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဒရုန်းများ၊ ဒုံးပစ်လောင်ချာများ၊ ရေဒါများ၊ တင့်ကားများ၊ တင့်ကားများနှင့် သံချပ်ကာလက်နက်များ ထောက်ပံ့ပေးနေသည့်အတွက် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် အကြီးမားဆုံးသော ထောက်ပံ့ကူညီမှုသောနိုင်ငံဖြစ်ခဲ့သည်။

သို့သော် ထရန့် အာဏာရလာချိန်မှစ၍ ယူကရိန်းအတွက် အကူအညီချိန်ခွင်လျှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ကိ့ဗ် အတွက် အမေရိကန်၏ အနာဂတ်ထောက်ပံ့မှုများ အပေါ် စိုးရိမ် သံသယများကို ဖြစ်ပေါ်စေခဲ့သည်။

ကိယက်ဗ်မြို့၌ ရုရှားဒရုန်းနှင့် ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံအနီးတွင် လူများစုဝေးခဲ့ကြသည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”