နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

CNDF က ဖလမ်းတိုက်ပွဲမှာပူးပေါင်းတိုက်ပေးခဲ့တဲ့ မဟာမိတ်တွေကို လက်နက်မျှဝေရာမှာ မမျှမတလုပ်ဆောင်ခဲ့ဟုဆို

မေလ (၆) ရက်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က သိမ်းဆည်းရရှိတဲ့ လက်နက်တွေကို ပါဝင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်အဖွဲ့တွေကို မျှမျှတတ ခွဲဝေမပေးဘူးလို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။

တိုက်ပွဲမစခင် မဟာမိတ်တပ်ဖွဲ့တွေက မိမိမှာပါတဲ့လက်နက်တွေကို ဗဟိုစစ်ကွပ်ကဲရေးကို စုပေါင်းအပ်ခဲ့ကြပြီးမှ စစ်ဆင်‌ရေးကို COC အောက်ကနေတဖန် ပြန်ချပေးတဲ့လက်နက်တွေနဲ့ ညွှန်ကြား အမိန့်ပေးချက်နဲ့အညီ ဆောင်ရွက်တိုက်ပွဲဝင်ခဲ့ကြပြီး အောင်ပွဲရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာတော့ ဒေသခံ ချင်းညီနောင် – ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-မင်းတပ်က မျှမျှတတ ခွဲဝေပေးခဲ့ပေမယ့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာတော့ ဒေသခံ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က မျှမျှတတ ခွဲဝေမပေးတဲ့အပြင် မဟာမိတ်တွေပိုင်တဲ့လက်နက်တွေ တိုက်ပွဲမှာသုံးခဲ့တဲ့ကျဥ်တွေကိုလည်း အစားပြန်ဖြည့်ပေးတာ မရှိဘူးလို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

သိမ်းဆည်းရရှိတဲ့ ရန်သူလက်နက် ၅၀၀ ကနေ သူတို့တပ်အတွက် အကောင်းဆုံးတွေကို ရွေးချယ်ယူထားပြီး ကျန်လက်နက်တွေထဲက ပျက်စီးစာရင်း ထုတ်နှုတ်ပြီး မဟာမိတ်အဖွဲ့တွေကို တဖွဲ့ တလက်နှစ်လက် အများဆုံး ၄-၅ လက်မျှသာ ပြန်ပေးတယ်လို့ ဆိုပါတယ်။

မဟာမိတ်အဖွဲ့တွေရဲ့ ထိခိုက်ပျက်စီး သွားတဲ့ လက်နက်တွေကိုလဲ အစားထိုးလဲပေးခြင်းလဲမရှိတဲ့အတွက် အဖွဲ့အများအပြားက ဒီလိုအသက်စွန့်တိုက်ပေးခဲ့တာကို တန်ဖိုးထားလေးစားမှုရှိတယ်လို့မခံစားရလို့ မယူခဲ့ကြဘဲ ထားပစ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲထဲမှာ 96 Soldiers PDF၊ Anti-Fascist Internationalist Front (AIF)၊ Burma National Revolutionary Army(BNRA)၊ Burmese Revolutionary Technical Front(BRTF)၊ Generation Z Army (GZA)၊ Giant Revolution Force (GRF)၊ Harmonious Northern Brothers (HNB)၊ Kalay Revolution Force (KRF)၊ Kalay Urban Guerrilla (Kalay UG)၊ Myingyan Black Tiger (MBT)၊ National Liberation Army(NLA)၊ Revolution Ambulance Wolf (RAW Medical Team)၊ Sagaing Federal Troop (SFT-Sol)၊ Yaw Defense Force (YDF)၊ Zo Army (ZA)၊ ကလေးခရိုင်ပကဖနဲ့ Drone အဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မြေပြင်တော်လှန်ရေးအဖွဲ့တွေက သူတို့ရဲဘော်တွေရဲ့ အသက်တွေကို တန်ဖိုးမထားတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် ဒဏ်ရာရလို့ ခြေလက် ပေးဆပ်ခဲ့ရတဲ့သူတွေကိုလည်း စော်ကားတာလို့ ပြောဆိုခဲ့ပါတယ်။

ဒီလို တကိုယ်ကောင်းစိတ်ထားမှုမျိုးဟာ အနာဂါတ် တပ်ပေါင်းစု ဖွဲ့စည်းဖို့ကိစ္စမှာ ကြီးမားတဲ့အဟန့်အတားဖြစ်စေခဲ့ပြီး နောင်ချင်းပြည်နယ် တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်နိုင်မှုကို ထိခိုက်စေတယ်လို့ ဝါရင့်နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုခဲ့ပါတယ်။

CNDF တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်ခွဲတဲ့အချိန် သူမရှိလို့ မသိဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

+++++++++++++++++++++++++

ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်တဲ့ အရင်သတင်းတွေကို အောက်ပါလင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း CB ထုတ်ပြန်ကြေညာ
https://eraseye.com/2025/09/36820/

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ရဲဘော် (၇)ဦး ကျဆုံးခဲ့တယ်လို့ MBT ထုတ်ပြန်
https://eraseye.com/2025/10/36882/

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ရဲဘော် (၇) ဦး ကျဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Generation Z Army (GZA) ထုတ်ဖော်ပြော
https://eraseye.com/2025/11/36885/

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ပူးပေါင်းပါဝင်ခဲ့တယ်လို့ BNRA ထုတ်ပြန်
https://eraseye.com/2025/11/36890/

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို GZ မျိုးဆက်တပ်တော် (GZA) ထုတ်ပြန်
https://eraseye.com/2025/16/37052/

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 74 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ