နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို GZ မျိုးဆက်တပ်တော် (GZA) ထုတ်ပြန်

++++++++++++++++++++++

ဧပြီလ (၁၆) ရက်။

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို GZ မျိုးဆက်တပ်တော် (GZA) ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးခဲ့တဲ့ GZA တပ်ဖွဲ့ဝင် ၆ ဦးကတော့ ရဲဘော် လင်းယုန် (၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်)၊ ရဲဘော်ပြည့်ကြီးနဲ့ ရဲဘော် ကျီးကန်း (၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်)၊ ရဲဘော် ကျားနက် (၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်)၊ ရဲဘော် မောင်မောင် (ရ၂၀၂၄ ဒီဇင်ဘာလ ၂၁ ရက်)၊ ရဲဘော် မျိုးကျော် (၂၀၂၅ ဧပြီလ ၇ ရက်) တို့ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ (၇) လကတည်းက ဒီဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးမစခင်ကတည်းက ချင်းညီနောင် (CB) နဲ့အတူ GZA လည်း အတူတူ ပါဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးမှာ GZA ရဲ့ ဒုစစ်ဦးစီးချုပ်ကိုယ်တိုင် ပါဝင်ခဲ့ပြီး AA ထံက စစ်သင်တန်းဆင်းလာတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှေ့ဆုံးက ပါဝင်ခဲ့တာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ GZA စစ်သမီး (ဆေး) ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၆၄ ဦး ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖလမ်းမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့လို့ မဟာမိတ်တပ်ပေါင်းစုဘက်မှာ စုစုပေါင်း ၈၉ ဦး ကျဆုံး ခဲ့တယ်လို့ သိရပါတယ်။

GZA ဟာ အာဏာသိမ်းပြီးစက ဝက်လက်မြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ Wetlet Special Task Force အနေနဲ့ လှုပ်ရှားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ NUG လက်အောက်ခံ ဝက်လက် ပသုံးလုံးနဲ့ ဒူချွန်စိုင်းသူတို့ ပူးပေါင်းပြီး နည်းမျိုးစုံ တိုက်ခိုက်ခဲ့ကြလို့ မကွေးနဲ့ ရခိုင်ဘက်ကို ရွှေ့ပြောင်းခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ ရခိုင်ဘက်ကို ပြောင်းပြီးတဲ့နောက် GZ မျိုးဆက်တပ်တော် (GZA) လို့ အမည်ပြောင်းပြီး လှုပ်ရှားခဲ့ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲထဲမှာ 96 Soldiers PDF၊ Anti-Fascist Internationalist Front(AIF)၊ Burma National Revolutionary Army(BNRA)၊ Burmese Revolutionary Technical Front(BRTF)၊ Generation Z Army(GZA)၊ Giant Revolution Force(GRF)၊ Harmonious Northern Brothers(HNB)၊ Kalay Revolution Force(KRF)၊ Kalay Urban Guerrilla(Kalay UG)၊ Myingyan Black Tiger (MBT)၊ National Liberation Army(NLA)၊ Revolution Ambulance Wolf (RAW Medical Team)၊ Sagaing Federal Troop (SFT-Sol)၊ Yaw Defense Force(YDF)၊ Zo Army(ZA)၊ ကလေးခရိုင်ပကဖနဲ့ Drone အဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 7 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန် ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို ဒရုန်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာဇာနည်နေ့မှာ ပုလောမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 14 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ မိမ္မမြို့ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော-PDF ရဲ့
မြန်မာသတင်း

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဟာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေဆဲလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 12 Views
ဇူလိုင်လ (၁၉)ရက်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိကမျှော်ရည်ချက်ဟာ တိုင်းရင်းသားတွေအားလုံးပါဝင်ပြီး တောင်တန်းနဲ့ မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရရှိဖို့၊ အမျိုးသားတန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသစ်တရပ် တည်ထောင်ဖို့ဖြစ်တယ်လို့ NUG ရဲ့ ဒီကနေ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို
မြန်မာသတင်း

စစ်ခေါင်းဆောင် ရန်ကုန်ရောက်ချိန် ‌မင်္ဂလာဒုံရှိ လေကြောင်းအတတ်သင် သင်တန်းကျောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 13 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီရဲ့ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက (၇)နာရီ (၁၅)လောက်
မြန်မာသတင်း

ရန်ကုန်မှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 8 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်ခဲ့ပြီး အခုနှစ်မှာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 15 Views
ဇူလိုင်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၈)မိနစ်အချိန်က ကျောက်မဲမြို့ အထက်ကြူရှောရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အထက်ကြူရှောရွာကို
မြန်မာသတင်း

မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU ထိန်းချုပ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 10 Views
ဇူလိုင်လ (၁၈)ရက်။ မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU ရဲ့ ထိန်းချုပ်နိုင်မှုဟာ
မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 19 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့