နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ

ဇွန်လ (၆)ရက်။

(၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(133th ILC)မှာ ILO က စစ်အုပ်စုကို ILO Constitution, Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ILO က အကြမ်းဖက်စစ်အုပ်စုကို အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ အထူးသဖြင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၈၇)နဲ့ အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၂၉)တို့ကို ကျူးလွန်တာကြောင့်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ အခွင့်အရေးတွေ ချိုးဖောက်တာ၊ ဖိနှိပ်တာနဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် Article 33 နဲ့ အရေးယူတာဟာ လက်စားချေတာမဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ဂုဏ်သိက္ခာ၊ တရားမျှတမှု၊ တိုးတက်ရေးနဲ့ ဘဝပြန်လည်တာ်ဆောက်ဖို့ဖြစ်တယ်ဆိုတာကို NUG ရဲ့ သုံးပွင့်ဆိုင်အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး(MLA/CTUM)က ညီလာခံထဲ ပြောဆိုခဲ့ပါတယ်။

အခုလို ILO ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲဖြစ်ပြီး နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ကာ စစ်တပ်ရဲ့ သေနတ်ကျည်ဆံတွေ၊ နည်းမျိုးစုံ ဖိနှိပ်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြားကနေ ရရှိတဲ့ ပြည်သူ့အောင်ပွဲလို့ NUG က ဖော်ပြထားပါတယ်။

နောက်ပြီး မြန်မာပြည်သူလူထုနဲ့အတူ ILO အဖွဲ့ဝင်နိုင်ငံတွေက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာမှာရှိနေတဲ့ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေက တသားထဲရပ်တည်တာကို ပြသခဲ့တာလို့ ရေးသားထားပါတယ်။

ဒါပေမယ့် စစ်အုပ်စုကို Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်အဆိုကို တင်သွင်းတဲ့အခါမှာ တကမ္ဘာလုံးကို အနိုင်ကျင့်ဖို့ကြိုးစားနေတဲ့ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုအခါ ဒီမိုကရေစီစနစ်ကို အပြည့်အဝ လက်ခံကျင့်သုံးတဲ့ ILO သုံးပွင့်ဆိုင်ယန္တရားမှာ တည်ရှိနေတဲ့ နိုင်ငံတကာအစိုးရတွေ၊ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဘဝကို မျက်ကွယ်မပြုဘဲ တသားထဲရပ်တည်ပြီး စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းပြုတာတွေကို ဘယ်သူကမှ လက်မခံနိုင်တာကို ပြတ်ပြတ်သားသား ပြသတာလို့ ပြောဆိုထားပါတယ်။

အခုကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို သွားရောက်တိုက်ပွဲဝင်နေသူတွေဟာ NUG အလုပ်သမားဝန်ကြီးဌာန ဦးဆောင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ဝင် အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အဖိနှိပ်ခံ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 4 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့
မြန်မာသတင်း

ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းသူတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ကန့်သတ်ထား

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ