နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန် (Poseidon) ရေအောက် တော်ပီဒို တီထွင်သူများကို နိုင်ငံတော် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့သည်။ ၎င်းသည် ယူကရိန်းကို ထောက်ခံခြင်းမှ ရှောင်ရှားရန် အနောက်နိုင်ငံများကို တားဆီးရန် အတွက် ခရမ်လင်နန်းတော်၏ ကြိုးပမ်းမှုများအဖြစ် လေ့လာသူများက သုံးသပ်ကြပြီး ယခုမှာ နောက်ဆုံးပေါ် အချက်ပြသတိပေးမှုတစ်ခုဖြစ်သည်။

အင်္ဂါနေ့က ခရမ်လင်နန်းတော်၌ ပြုလုပ်သော ဆုပေးပွဲအခမ်းအနားတွင် ပူတင်က နျူကလီးယား စွမ်းအင်သုံး၊ နျူကလီးယားလက်နက်တပ်ဆင်နိုင်သော ဤလက်နက် နှစ်မျိုးသည် ရုရှားအတွက်သာမက “၂၁ ရာစု တစ်ခုလုံးအတွက်ပါ သမိုင်းဝင် အရေးပါသည်” ဟု ပြောကြားခဲ့သည်။

ရုရှား၏ ကာကွယ်ရေးနည်းပညာ အခြေအနေကို ချီးကျူးရင်း ပူတင်က မိန့်ခွန်း၌ “ပျံသန်း နိုင်သည့် အကွာအဝေးအရ Burevestnik… သည် ကမ္ဘာပေါ်ရှိ လူသိများသော ဒုံးကျည် စနစ်အားလုံးကို ကျော်လွန်သွားပြီ ဖြစ်သည်” ဟု ဆိုခဲ့သည်။

ထို့အပြင်၊ ရုရှားသည် နျူကလီးယားတပ်ဆင်နိုင်သော အခြားဒုံးကျည်ဖြစ်သည့် အော်ရှနစ် (Oreshnik) ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ခြင်း စတင်နေပြီဖြစ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။ ရုရှားသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ယူကရိန်းနိုင်ငံ ဒင်နင်ပရို(Dnipro) ဒေသကို တိုက်ခိုက်ရာ၌ အလယ်အလတ်ပစ် အကွာအဝေးရှိ ပဲ့ထိန်းဒုံးကျည်ကို စစ်ပွဲတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသံထက်မြန်သည့် အော်ရှနစ် (Oreshnik) ကို အသုံးပြုခဲ့သည်။
________________________________________
ပထဝီနိုင်ငံရေး တင်းမာမှုများကြားမှ ဆုပေးပွဲ
ယင်းဆုပေးပွဲ အခမ်းအနားသည် မော်စကိုနှင့် ဝါရှင်တန်အကြား တင်းမာမှုများ မြင့်တက် လာနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ ပူတင်၏ လိမ်လည်ပြောဆိုမှုများကြောင့် စိတ်ပျက်ပြီး၊ ပြီးခဲ့သည့်လက ရုရှားရေနံကုမ္ပဏီကြီး နှစ်ခုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကာ ဟန်ဂေရီ ၌ ရုရှားခေါင်းဆောင်နှင့် ကျင်းပရန် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးကိုလည်း ဖျက်သိမ်း ခဲ့သည်။

ထရမ့်၏ ပိတ်ဆို့အရေးယူမှုများပြုလုပ်ပြီး ရက်အနည်းငယ်အကြာ အောက်တိုဘာ ၂၆ ရက်တွင် ပူတင်က ရုရှားသည် Burevestnik ခရုစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ ကြောင်း ကြေညာခဲ့သည်။ ခရင်မလင်နန်းတော်မှ ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် ပူတင်သည် ရုရှားစစ်ဦးစီးချုပ် ဗယ်လာရီ ဂေရာဆီမော့ဗ်နှင့် တွေ့ဆုံ နေသည် ကို ပြသထားပြီး၊ ၎င်းက သမ္မတအား Burevestnik သည် ၁၅ နာရီအတွင်း မိုင် ၈,၇၀၀ (ကီလိုမီတာ ၁၄,၀၀၀) ပျံသန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၈ ရက်နေ့တွင် ပူတင်က မိုင် ၆,၀၀၀ ကျော် (ကီလိုမီတာ ၉,၆၅၀) အကွာအဝေး သွားနိုင်သော အခြား “မရှုံးနိမ့်နိုင်သော” ရုရှားလက်နက်ဖြစ်သည့် Poseidon ကိုလည်း အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းလက်နက်နှစ်မျိုးလုံးမှာ အသစ်မဟုတ်ပါ။ ပူတင်သည် လက်နက်နှစ်မျိုးလုံးကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက် ခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်တွင် Burevestnik ကို အောင်မြင်စွာ စမ်းသပ် ခဲ့ကြောင်းပင် ကြေညာခဲ့ဖူးသည်။
________________________________________
အမေရိကန်သို့ ခြိမ်းခြောက်နေသော နျူကလီးယားအချက်ပြမှုများ
သို့သော် လေ့လာသူများက ရုရှားသည် ယခင်က ကြေညာခဲ့ဖူးသော ဒုံးကျည် နည်းပညာ များကို အသုံးပြုကာ အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့ နျူကလီးယားခြိမ်းခြောက်မှုအသစ်များ ပေးပို့နေသည်ဟု ဆိုသည်။

“လက်နက်၏ ပစ်ခတ်နိုင်သည့် အကွာအဝေးရှည်လျားမှု နှင့် မည်သည့်ဒုံးကျည် ကာကွယ်ရေး စနစ်ကိုမဆို ကျော်လွှားနိုင်မှု တို့ကို အထပ်ထပ် အလေးပေးပြောကြားခြင်းက ပစ်မှတ်ထား သည့် နေရာသည် ရုရှားအနေဖြင့် ပိုမိုနီးကပ်သော ပစ်ခတ်မှု အကွာအဝေးကို တိုက်ခိုက်နိုင် သည့် ဒေသတွင်း ရန်သူမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု ဖြစ်ကြောင်းလည်း ညွှန်ပြ နေသည်” ဟု Center for Strategic and International Studies (CSIS) က အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ထရမ့်အစိုးရ၏ နိုင်ငံခြားတိုက်ခိုက်မှုများမှ အမေရိကန်ကို ကာကွယ်ရန် ဒုံးကျည်ကာကွယ်ရေးစနစ် “ရွှေအမိုးခုံး” (Golden Dome) တည်ဆောက်ရန် အစီအစဉ်ကို မှတ်သားဖော်ပြထားသည်။ ပူတင်သည် အောက်တိုဘာ ၂၆ ရက် Burevestnik စမ်းသပ်မှု ကြေညာချက်တွင် ရွှေအမိုးခုံးကို တိုက်ရိုက်ရည်ညွှန်းပြောကြားခြင်း မရှိသော်လည်း၊ ဒုံးကျည်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်လွှဲနိုင်စွမ်းကိုမူ အကြိမ်ကြိမ် အလေးထား ပြောကြားခဲ့သည်။
“ရုရှားရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်တဲ့ မူဝါဒတွေကို အမေရိကန် ဆုံးဖြတ်ချက် ချမှတ်သူတွေ လိုက်နာခြင်းမရှိစေဖို့အတွက် အမေရိကန်မှာ ကြောက်ရွံ့မှုကို ဖန်တီးဖို့ ပူတင်ဟာ ဒီစမ်းသပ်မှုကို အသုံးပြုနေတာပဲ” ဟု CSIS အစီရင်ခံစာက ဆိုသည်။

ခရင်မလင်နန်းတော်မှ ဆုပေးပွဲ အခမ်းအနားသည် ထရမ့်က အမေရိကန်၏ နျူကလီးယား လက်နက် စမ်းသပ်မှုများ ပြန်လည်စတင်ရန် အမိန့်ပေး ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်သမ္မတက ၎င်းသည် “အခြားနိုင်ငံများ၏ စမ်းသပ်မှု အစီအစဉ်များကြောင့်” ယင်းအမိန့်ကို ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အင်္ဂါနေ့က ၎င်း၏မိန့်ခွန်းတွင် ပူတင်က ရုရှားသည် “မည်သူ့ကိုမျှ ခြိမ်းခြောက်နေခြင်း မဟုတ်” ဟု ပြောကြားခဲ့သည်။
“ရုရှားဟာ အခြားနျူကလီးယားအင်အားကြီးနိုင်ငံတွေလိုပဲ နျူကလီးယားစွမ်းရည်နဲ့ သူ့ရဲ့ မဟာဗျူဟာမြောက် စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်နေတာပါ။ ကျွန်တော်တို့ အခု ပြောနေတဲ့ အရာအားလုံးဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ကြေညာထားခဲ့တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 53 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 47 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု