နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန် (Poseidon) ရေအောက် တော်ပီဒို တီထွင်သူများကို နိုင်ငံတော် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့သည်။ ၎င်းသည် ယူကရိန်းကို ထောက်ခံခြင်းမှ ရှောင်ရှားရန် အနောက်နိုင်ငံများကို တားဆီးရန် အတွက် ခရမ်လင်နန်းတော်၏ ကြိုးပမ်းမှုများအဖြစ် လေ့လာသူများက သုံးသပ်ကြပြီး ယခုမှာ နောက်ဆုံးပေါ် အချက်ပြသတိပေးမှုတစ်ခုဖြစ်သည်။

အင်္ဂါနေ့က ခရမ်လင်နန်းတော်၌ ပြုလုပ်သော ဆုပေးပွဲအခမ်းအနားတွင် ပူတင်က နျူကလီးယား စွမ်းအင်သုံး၊ နျူကလီးယားလက်နက်တပ်ဆင်နိုင်သော ဤလက်နက် နှစ်မျိုးသည် ရုရှားအတွက်သာမက “၂၁ ရာစု တစ်ခုလုံးအတွက်ပါ သမိုင်းဝင် အရေးပါသည်” ဟု ပြောကြားခဲ့သည်။

ရုရှား၏ ကာကွယ်ရေးနည်းပညာ အခြေအနေကို ချီးကျူးရင်း ပူတင်က မိန့်ခွန်း၌ “ပျံသန်း နိုင်သည့် အကွာအဝေးအရ Burevestnik… သည် ကမ္ဘာပေါ်ရှိ လူသိများသော ဒုံးကျည် စနစ်အားလုံးကို ကျော်လွန်သွားပြီ ဖြစ်သည်” ဟု ဆိုခဲ့သည်။

ထို့အပြင်၊ ရုရှားသည် နျူကလီးယားတပ်ဆင်နိုင်သော အခြားဒုံးကျည်ဖြစ်သည့် အော်ရှနစ် (Oreshnik) ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ခြင်း စတင်နေပြီဖြစ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။ ရုရှားသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ယူကရိန်းနိုင်ငံ ဒင်နင်ပရို(Dnipro) ဒေသကို တိုက်ခိုက်ရာ၌ အလယ်အလတ်ပစ် အကွာအဝေးရှိ ပဲ့ထိန်းဒုံးကျည်ကို စစ်ပွဲတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသံထက်မြန်သည့် အော်ရှနစ် (Oreshnik) ကို အသုံးပြုခဲ့သည်။
________________________________________
ပထဝီနိုင်ငံရေး တင်းမာမှုများကြားမှ ဆုပေးပွဲ
ယင်းဆုပေးပွဲ အခမ်းအနားသည် မော်စကိုနှင့် ဝါရှင်တန်အကြား တင်းမာမှုများ မြင့်တက် လာနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ ပူတင်၏ လိမ်လည်ပြောဆိုမှုများကြောင့် စိတ်ပျက်ပြီး၊ ပြီးခဲ့သည့်လက ရုရှားရေနံကုမ္ပဏီကြီး နှစ်ခုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကာ ဟန်ဂေရီ ၌ ရုရှားခေါင်းဆောင်နှင့် ကျင်းပရန် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးကိုလည်း ဖျက်သိမ်း ခဲ့သည်။

ထရမ့်၏ ပိတ်ဆို့အရေးယူမှုများပြုလုပ်ပြီး ရက်အနည်းငယ်အကြာ အောက်တိုဘာ ၂၆ ရက်တွင် ပူတင်က ရုရှားသည် Burevestnik ခရုစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ ကြောင်း ကြေညာခဲ့သည်။ ခရင်မလင်နန်းတော်မှ ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် ပူတင်သည် ရုရှားစစ်ဦးစီးချုပ် ဗယ်လာရီ ဂေရာဆီမော့ဗ်နှင့် တွေ့ဆုံ နေသည် ကို ပြသထားပြီး၊ ၎င်းက သမ္မတအား Burevestnik သည် ၁၅ နာရီအတွင်း မိုင် ၈,၇၀၀ (ကီလိုမီတာ ၁၄,၀၀၀) ပျံသန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၈ ရက်နေ့တွင် ပူတင်က မိုင် ၆,၀၀၀ ကျော် (ကီလိုမီတာ ၉,၆၅၀) အကွာအဝေး သွားနိုင်သော အခြား “မရှုံးနိမ့်နိုင်သော” ရုရှားလက်နက်ဖြစ်သည့် Poseidon ကိုလည်း အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းလက်နက်နှစ်မျိုးလုံးမှာ အသစ်မဟုတ်ပါ။ ပူတင်သည် လက်နက်နှစ်မျိုးလုံးကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက် ခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်တွင် Burevestnik ကို အောင်မြင်စွာ စမ်းသပ် ခဲ့ကြောင်းပင် ကြေညာခဲ့ဖူးသည်။
________________________________________
အမေရိကန်သို့ ခြိမ်းခြောက်နေသော နျူကလီးယားအချက်ပြမှုများ
သို့သော် လေ့လာသူများက ရုရှားသည် ယခင်က ကြေညာခဲ့ဖူးသော ဒုံးကျည် နည်းပညာ များကို အသုံးပြုကာ အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့ နျူကလီးယားခြိမ်းခြောက်မှုအသစ်များ ပေးပို့နေသည်ဟု ဆိုသည်။

“လက်နက်၏ ပစ်ခတ်နိုင်သည့် အကွာအဝေးရှည်လျားမှု နှင့် မည်သည့်ဒုံးကျည် ကာကွယ်ရေး စနစ်ကိုမဆို ကျော်လွှားနိုင်မှု တို့ကို အထပ်ထပ် အလေးပေးပြောကြားခြင်းက ပစ်မှတ်ထား သည့် နေရာသည် ရုရှားအနေဖြင့် ပိုမိုနီးကပ်သော ပစ်ခတ်မှု အကွာအဝေးကို တိုက်ခိုက်နိုင် သည့် ဒေသတွင်း ရန်သူမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု ဖြစ်ကြောင်းလည်း ညွှန်ပြ နေသည်” ဟု Center for Strategic and International Studies (CSIS) က အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ထရမ့်အစိုးရ၏ နိုင်ငံခြားတိုက်ခိုက်မှုများမှ အမေရိကန်ကို ကာကွယ်ရန် ဒုံးကျည်ကာကွယ်ရေးစနစ် “ရွှေအမိုးခုံး” (Golden Dome) တည်ဆောက်ရန် အစီအစဉ်ကို မှတ်သားဖော်ပြထားသည်။ ပူတင်သည် အောက်တိုဘာ ၂၆ ရက် Burevestnik စမ်းသပ်မှု ကြေညာချက်တွင် ရွှေအမိုးခုံးကို တိုက်ရိုက်ရည်ညွှန်းပြောကြားခြင်း မရှိသော်လည်း၊ ဒုံးကျည်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်လွှဲနိုင်စွမ်းကိုမူ အကြိမ်ကြိမ် အလေးထား ပြောကြားခဲ့သည်။
“ရုရှားရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်တဲ့ မူဝါဒတွေကို အမေရိကန် ဆုံးဖြတ်ချက် ချမှတ်သူတွေ လိုက်နာခြင်းမရှိစေဖို့အတွက် အမေရိကန်မှာ ကြောက်ရွံ့မှုကို ဖန်တီးဖို့ ပူတင်ဟာ ဒီစမ်းသပ်မှုကို အသုံးပြုနေတာပဲ” ဟု CSIS အစီရင်ခံစာက ဆိုသည်။

ခရင်မလင်နန်းတော်မှ ဆုပေးပွဲ အခမ်းအနားသည် ထရမ့်က အမေရိကန်၏ နျူကလီးယား လက်နက် စမ်းသပ်မှုများ ပြန်လည်စတင်ရန် အမိန့်ပေး ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်သမ္မတက ၎င်းသည် “အခြားနိုင်ငံများ၏ စမ်းသပ်မှု အစီအစဉ်များကြောင့်” ယင်းအမိန့်ကို ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အင်္ဂါနေ့က ၎င်း၏မိန့်ခွန်းတွင် ပူတင်က ရုရှားသည် “မည်သူ့ကိုမျှ ခြိမ်းခြောက်နေခြင်း မဟုတ်” ဟု ပြောကြားခဲ့သည်။
“ရုရှားဟာ အခြားနျူကလီးယားအင်အားကြီးနိုင်ငံတွေလိုပဲ နျူကလီးယားစွမ်းရည်နဲ့ သူ့ရဲ့ မဟာဗျူဟာမြောက် စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်နေတာပါ။ ကျွန်တော်တို့ အခု ပြောနေတဲ့ အရာအားလုံးဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ကြေညာထားခဲ့တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။