နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

“ ရုရှားတပ်ဖွဲ့ဝင်တွေ Kursk ဒေသရှိ ရှေ့တန်းကာကွယ်ရေးလိုင်းကို ဖောက်ထွင်းဝင်ရောက်ကာ ယူကရိန်းတပ်တွေကို ဝန်းရံလာနိုင်တယ်” လို့ ဗြိတိန်သတင်းစာက ဖော်ပြ

မတ်လ (၈) ရက်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀,၀၀၀ ဝိုင်းရံခံရမယ့် အန္တရာယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းမှုတွင် ယူကရိန်းရဲ့ အကြီးဆုံး စေ့စပ်ညှိနှိုင်းရေး နိုင်ဖဲတစ်ချပ်ကို ဆုံးရှုံးဖို့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားတပ်ဖွဲ့များ ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသနယ်စပ်အနီး ဆူဇာမြို့မှာရှိတဲ့ ယူကရိန်းစစ်တပ် ကာကွယ်ရေးလိုင်းတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Telegraph က မတ်လ (၇) ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နွေရာသီက Kursk ဒေသကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီး ဆူဇာကို သိမ်းပိုက်ခဲ့ပေမဲ့ အခုအခါ ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အားဖြည့်ပြီး ရှေ့ကိုတိုးပြီး ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်တပ်ထိန်းချုပ်ထားတဲ့ ဆူဇာကို ဝင်ရောက်တဲ့ တစ်ခုတည်းသောလမ်းမှာ ရုရှားမောင်းသူမဲ့လေယာဉ် အကွာအဝေးအတွင်းမှာ ရှိနေပြီး ဆုတ်ခွာဖို့ ခက်ခဲတဲ့အတွက် ယူကရိန်းစစ်သား ၁၀,၀၀၀ ကို ဝိုင်းရံခံရမယ့် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

အမေရိကန်ဆီက ထောက်လှမ်းရေး အချက်အလက် မျှဝေမှု ရပ်ဆိုင်းလိုက်တဲ့အတွက် ယူကရိန်းရဲ့ ထောက်လှမ်းရေး စွမ်းရည်တွေ အားနည်းသွားပြီး ရုရှားတပ်ဖွဲ့တွေဟာ အဓိကကျတဲ့လမ်းတွေကို စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရုရှားပိုင်း Kursk နယ်မြေကို သိမ်းပိုက်ထားတာဟာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ ယူကရိန်းအတွက် အဓိကကျတဲ့ စေ့စပ်ညှိနှိုင်းရေး နိုင်ဖဲတစ်ချပ် ဖြစ်ပေမဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ Kursk နယ်မြေကနေ မကြာမီ ဆုတ်ခွာရတော့မှာ ဖြစ်တယ်လို့ အနောက်မီဒီယာအချို့က ထောက်ပြကြပါတယ်။

သတင်းရင်းမြစ်။ The Guardian/ANN Japan

Photo: Russian defence ministry/EPA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 37 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ