နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

“ ရုရှားတပ်ဖွဲ့ဝင်တွေ Kursk ဒေသရှိ ရှေ့တန်းကာကွယ်ရေးလိုင်းကို ဖောက်ထွင်းဝင်ရောက်ကာ ယူကရိန်းတပ်တွေကို ဝန်းရံလာနိုင်တယ်” လို့ ဗြိတိန်သတင်းစာက ဖော်ပြ

မတ်လ (၈) ရက်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀,၀၀၀ ဝိုင်းရံခံရမယ့် အန္တရာယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းမှုတွင် ယူကရိန်းရဲ့ အကြီးဆုံး စေ့စပ်ညှိနှိုင်းရေး နိုင်ဖဲတစ်ချပ်ကို ဆုံးရှုံးဖို့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားတပ်ဖွဲ့များ ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသနယ်စပ်အနီး ဆူဇာမြို့မှာရှိတဲ့ ယူကရိန်းစစ်တပ် ကာကွယ်ရေးလိုင်းတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Telegraph က မတ်လ (၇) ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နွေရာသီက Kursk ဒေသကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီး ဆူဇာကို သိမ်းပိုက်ခဲ့ပေမဲ့ အခုအခါ ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အားဖြည့်ပြီး ရှေ့ကိုတိုးပြီး ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်တပ်ထိန်းချုပ်ထားတဲ့ ဆူဇာကို ဝင်ရောက်တဲ့ တစ်ခုတည်းသောလမ်းမှာ ရုရှားမောင်းသူမဲ့လေယာဉ် အကွာအဝေးအတွင်းမှာ ရှိနေပြီး ဆုတ်ခွာဖို့ ခက်ခဲတဲ့အတွက် ယူကရိန်းစစ်သား ၁၀,၀၀၀ ကို ဝိုင်းရံခံရမယ့် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

အမေရိကန်ဆီက ထောက်လှမ်းရေး အချက်အလက် မျှဝေမှု ရပ်ဆိုင်းလိုက်တဲ့အတွက် ယူကရိန်းရဲ့ ထောက်လှမ်းရေး စွမ်းရည်တွေ အားနည်းသွားပြီး ရုရှားတပ်ဖွဲ့တွေဟာ အဓိကကျတဲ့လမ်းတွေကို စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရုရှားပိုင်း Kursk နယ်မြေကို သိမ်းပိုက်ထားတာဟာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ ယူကရိန်းအတွက် အဓိကကျတဲ့ စေ့စပ်ညှိနှိုင်းရေး နိုင်ဖဲတစ်ချပ် ဖြစ်ပေမဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ Kursk နယ်မြေကနေ မကြာမီ ဆုတ်ခွာရတော့မှာ ဖြစ်တယ်လို့ အနောက်မီဒီယာအချို့က ထောက်ပြကြပါတယ်။

သတင်းရင်းမြစ်။ The Guardian/ANN Japan

Photo: Russian defence ministry/EPA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ