နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားတစ်ဦးကို လွှတ်ပေးရန် ဟားမတ်စ်တောင်းဆိုမှုမှာ အစ္စရေးအတွက် အနီရောင်မျဉ်း ဖြစ်နိုင်ဖွယ်ရှိ

CNN – ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၈)ရက်

နိုင်ငံရေးသမားများထဲတွင် အစ္စရေးအကျဉ်းထောင်၌ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ၅ ခု ကျခံနေရသော အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာဝမ် ဘာဂူတီ (Marwan Barghouti) ကဲ့သို့ ပါလက်စတိုင်းများအကြား လေးစားမှုများစွာ ရရှိထားသူ နည်းပါးသည်။

ဖာတာ (Fatah) ပါတီ ၏ ယခင် အနောက်ဘက်ကမ်းခေါင်းဆောင်ဖြစ်သူ ဘာဂူတီသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က အကျဉ်းချခံရပြီးနောက် ပါလက်စတိုင်း မျိုးဆက် တစ်ဆက်လုံး မွေးဖွားခဲ့သော်လည်း သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများရှိ နိုင်ငံရေးသမားများအနက် လူကြိုက်အများဆုံးဖြစ်သည်။

အချို့က ၎င်းကို ပါလက်စတိုင်း၏ နယ်လ်ဆင် မန်ဒဲလား (Nelson Mandela)၊ ၎င်းတို့ကို လွတ်လပ်ရေးသို့ ဦးဆောင်နိုင်မည်ဟု ယုံကြည်ရသော နှစ်ရှည်လများ အကျဉ်းကျနေသူ ခေါင်းဆောင်အဖြစ် ဖော်ပြကြသည်။

အစ္စရေးအတွက်မူ ၎င်းသည် အထင်ရှားဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦး ဖြစ်သည်။ အသက် ၆၆ နှစ်အရွယ် ဘာဂူတီသည် ဒုတိယ ပါလက်စတိုင်း အင်တီဖာဒါ (Intifada) သို့မဟုတ် အုံကြွမှုအတွင်း အရပ်သားငါးဦးကို သတ်ဖြတ်ခဲ့သည့် တိုက်ခိုက်မှုများ စီစဉ်မှုဖြင့် ၂၀၀၂ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ထိုအချိန်က ၎င်းသည် စွဲချက်များကို ငြင်းဆို ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် တရားရုံး၏ တရားစီရင်ပိုင်ခွင့်နှင့် တရားဝင်မှုကိုလည်း လက်မခံခဲ့ပေ။

ယခုအခါ ဟားမတ်စ်က ဖြစ်နိုင်ဖွယ်ရှိသော ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ဘာဂူတီကို လွှတ်ပေးရန် တောင်းဆိုနေသည်—ဤလုပ်ရပ်သည် ပါလက်စတိုင်းနိုင်ငံရေး အခြေအနေကို ပြောင်းလဲစေနိုင်သည်။ ပါလက်စတိုင်းများကြား ၎င်း၏ဩဇာကြီးမားမှုနှင့် နိုင်ငံတည်ထောင်ရေးသို့ ဦးဆောင်နိုင်သော အရည်အချင်းရှိသည် ဟု ရှုမြင်ခံထားရမှုကြောင့် အစ္စရေးအနေဖြင့် ၎င်းကို လွှတ်ပေးရန် သဘောတူမည် မဟုတ်ပေ။
ပါလက်စတိုင်းအဖွဲ့အစည်းများသည် လက်ရှိစစ်ပွဲအတွင်း ယခင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများအပါအဝင် အကြိမ်များစွာ ၎င်းကို လွှတ်ပေးရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် အစ္စရေးက ဘာဂူတီကို လွှတ်ပေးမည့် ကိစ္စကို စဉ်းစားရန်ပင် ငြင်းဆန်ခဲ့သည်။

ဘာဂူတီ၏သား အာရပ် ဘာဂူတီ (Arab Bargouthi) က ဝန်ကြီးချုပ်နေတန်ယာဟုသည် “ ငြိမ်းချမ်းရေးအတွက် မိတ်ဖက်တစ်ဦးကို မလိုချင်သောကြောင့်” ၎င်း၏ဖခင်ကို အစ္စရေးက မလွှတ်ပေးလိုကြောင်း ဩဂုတ်လတွင် CNN သတင်းထောက် ဘက်ကီ အန်ဒါဆန် (Becky Anderson) ကို ပြောကြားခဲ့သည်။

ပါလက်စတိုင်းတို့၏ စည်းလုံးညီညွတ်ရေးခေါင်းဆောင်
လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်က အကျဉ်းကျခံရချိန်တွင် အလွန်လူကြိုက်များခဲ့သော ဘာဂူတီကို ပါလက်စတိုင်းလူမျိုးများ စည်းလုံးညီညွတ်ရေးအတွက် ဦးဆောင်နိုင်သူ—တစ်ဦးတည်းသော ခေါင်းဆောင်—အဖြစ် ယခုတိုင် များစွာသောသူတို့က ရှုမြင်နေကြသည်။ အနောက်ဘက်ကမ်းအခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) သည် အကျင့်ပျက် ခြစားမှုများနှင့် ပြင်းထန်သော အစ္စရေးကန့်သတ်မှုများကြောင့် အားနည်းနေပြီး ငွေကြေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။

ပါလက်စတိုင်း မူဝါဒနှင့် စစ်တမ်းသုတေသနစင်တာ၏ ဒါရိုက်တာ ခါလီး ရှီကာကီ (Khalil Shikaki) က CNN ကို ပြောကြားရာတွင် “ သူ့ကို ပြည်သူတွေက မျိုးချစ်သူရဲကောင်း၊ ဂုဏ်သိက္ခာရှိသူ၊ အကျင့်ပျက်ခြစားမှု ကင်းစင်သူအဖြစ် ရှုမြင်ကြတယ်။ သူဟာ ဟားမတ်စ်နဲ့ ပြန်လည်သင့်မြတ်ပြီး ပါလက်စတိုင်းအားလုံးကို စည်းလုံးစေမယ့် စည်းလုံးရေး ခေါင်းဆောင် တစ်ဦးပါ” ဟု ပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာ ပါလက်စတိုင်းပြည်သူ့အမြင်များကို စောင့်ကြည့်ခဲ့သော ရှီကာကီက ဘာဂူတီသည် ယခုအချိန်အထိ လူကြိုက်အများဆုံး ပါလက်စတိုင်းခေါင်းဆောင်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရနိုင်သည့် တစ်ဦးတည်းသော လောကီရေးရာ မျိုးချစ်ပုဂ္ဂိုလ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျန်တဲ့ သမ္မတလောင်းတွေအားလုံး၊ အစ္စလာမ်ဝါဒီရော မျိုးချစ်ဝါဒီပါ သူ့ကို မနိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့ပြီး ဘာဂူတီသည် ရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ၏ အနည်းဆုံး ၆၀% ဖြင့် အနိုင်ရဖွယ်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ အဘတ်စ်၏ အရိုက်အရာဆက်ခံသူ”
ရှီကာကီက ဘာဂူတီကို “ လက်တွေ့ကျသူ” အဖြစ် ရှုမြင်ကြသော်လည်း ၎င်းသည် “ ပါလက်စတိုင်းအများစု၏ ထောက်ခံမှုကို ရရှိနိုင်သည့် နှစ်နိုင်ငံအဖြေကို အခြေခံပြီး အစ္စရေးနှင့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် ခက်ခဲသော စေ့စပ်ညှိနှိုင်းသူ” ဖြစ်သည်ဟု ဆိုသည်။

၎င်းကို လွှတ်ပေးခြင်းသည် ဟားမတ်စ်အတွက် ကြီးမားသော အောင်ပွဲဖြစ်မည်ဖြစ်ပြီး၊ ပါလက်စတိုင်းများကြား စိတ်ဓာတ်ကို အကောင်းမြင်စိတ်ဆီသို့ ပြောင်းလဲစေကာ တက်ကြွလှုပ်ရှားမှုများ တိုးပွားလာစေမည်ဟု ရှီကာကီက ပြောကြားခဲ့သည်။

“ သူ့ကို အဘတ်စ်ရဲ့ အရိုက်အရာဆက်ခံသူအဖြစ် ရှုမြင်ကြလိမ့်မယ်။ အဘတ်စ် ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ သိသိသာသာ တိုးလာလိမ့်မယ်” ဟု ၎င်းက ဝေဖန်သူများက ဒီမိုကရေစီအရ တရားဝင်မှု ကင်းမဲ့သည်ဟု ရှုမြင်ကြပြီး နှစ် ၂၀ ကြာ အာဏာကို ဆုပ်ကိုင်ထားသည့် PA သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) ကို ရည်ညွှန်း ပြောကြားခဲ့သည်။

ယင်းအချက်ကပင် အစ္စရေးက ၎င်းကို လွှတ်ပေးခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင် နိုင်ဖွယ်ရှိသည့် အကြောင်းရင်းဖြစ်သည်။ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုသည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအယူအဆကို ပယ်ချရာတွင် ခိုင်မာခဲ့သည်၊ ၎င်း၏ မူဝါဒများသည် အနာဂတ် ပါလက်စတိုင်းနိုင်ငံကို အုပ်ချုပ်ရန် မျှော်မှန်းထားသည့် PA ကို အားနည်းအောင် လုပ်ဆောင်ရန် မကြာခဏဆိုသလို အလုပ်လုပ်ခဲ့သည်။

ဩဇာနှင့် နောက်ခံသမိုင်း
ဘာဂူတီ၏ တက်ကြွလှုပ်ရှားသူ ဘဝသည် ဆယ်ကျော်သက်အရွယ်ကတည်းက စတင်ခဲ့သည်။ အစ္စရေးက ပိတ်ပင်ထားသည့် ဖာတာအဖွဲ့သို့ အသက် ၁၅ နှစ်တွင် ဝင်ရောက်ခဲ့ခြင်းကြောင့် ထောင်ထဲ၌ လေးနှစ်ကြာ နေခဲ့ရပြီး လွတ်မြောက်လာပြီးနောက် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံပညာရပ်များကို သင်ယူခဲ့သည်။

ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရပြီး နောက်ဆုံးတွင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းရှိ ဖာတာပါတီ၏ အတွင်းရေးမှူးချုပ်နှင့် PA ၏ လွှတ်တော်ဖြစ်သည့် ပါလက်စတိုင်း ဥပဒေပြုကောင်စီဝင် ဖြစ်လာခဲ့သည်။

၎င်း၏ လက်ရှိ လူကြိုက်များမှုနှင့် ဩဇာသည် ပါလက်စတိုင်းအဖွဲ့အစည်းအမျိုးမျိုးနှင့် လက်တွဲလုပ်ဆောင်လိုစိတ်ရှိပြီး စွမ်းဆောင်နိုင်သော စွဲဆောင်မှုရှိသည့် နိုင်ငံရေးသမားအဖြစ် ၎င်း၏ ဂုဏ်သတင်းသည် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အစ္စရေးက ၎င်းကြီးပြင်းရာ ရာမားလား (Ramallah) သို့ ဝင်ရောက်ခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးစာချုပ်များဖြစ်သော အော့စလို သဘောတူညီချက်များ (Oslo Accords) အပြီး ၁၉၉၄ ခုနှစ်တွင်မှ ပြန်လာနိုင်ခဲ့သည်။

သို့သော် ၎င်း၏ထောင်ကျနေသည့် ကာလသည် ၎င်း၏လူကြိုက်များမှုကိုသာ တိုးပွား စေခဲ့သည်။ အစ္စရေးက ဘာဂူတီကို အပြင်ကမ္ဘာနှင့် လုံးဝနီးပါး အဆက်ဖြတ်ထားခဲ့ပြီး ၎င်း၏ဓာတ်ပုံများနှင့် ဗီဒီယိုများသည် နှစ်အနည်းငယ်ခြားမှသာ ထွက်ပေါ်လာခဲ့သည်။

လက်ရှိဂါဇာစစ်ပွဲ စတင်ချိန်မှစ၍ ၎င်း၏မိသားစုနှင့် ပါလက်စတိုင်း အကျဉ်းသားများ အသင်းတို့၏ ပြောကြားချက်အရ ဘာဂူတီသည် တစ်ကိုယ်တည်း အခန်းကျဉ်းတခုတွင် ထိန်းသိမ်းခံထားရသည်။
၎င်းကို ပြည်သူများ နောက်ဆုံးမြင်တွေ့ခဲ့ရသည်မှာ အစ္စရေး၏ လက်ယာစွန်း လုံခြုံရေး ဝန်ကြီး အီတာမာ ဘင် ဂဗီယာ (Itamar Ben Gvir) က အကျဉ်းထောင်အတွင်း ဘာဂူတီကို စိန်ခေါ်လှောင်ပြောင်နေသည့် ဗီဒီယိုအတိုတစ်ခုတွင် ဖြစ်ပြီး ယင်းဗီဒီယိုကို ဘင် ဂဗီယာက ထုတ်ပြန်ခဲ့သည်။

ဘာဂူတီ၏ ပုံပန်းသဏ္ဌာန်—နာမကျန်းဖြစ်ပြီး အားအင်ချိနဲ့နေပုံရခြင်းကြောင့် စိုးရိမ်ပူပန် မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဘာဂူတီ၏ဇနီး ဖက်ဒ်ဝါ (Fadwa) က ထိုအချိန်က ၎င်းကို ပထမတွင် မမှတ်မိခဲ့ကြောင်း ပြောကြားခဲ့ပြီး “ သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ အရာအားလုံးကို ကျွန်မရဲ့ တစ်စိတ်တစ်ပိုင်းက အသိအမှတ်မပြုချင်ဘူး ထင်ပါတယ်” ဟု ၎င်းအား ရည်ညွှန်းပြောကြားခဲ့သည်။

ဘင် ဂဗီယာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘာဂူတီအမည်ကို တိုက်ရိုက်မဖော်ပြဘဲ ဟားမတ်စ်နှင့် အကျဉ်းသားလဲလှယ်ရာတွင် အစ္စရေးဝန်ကြီးချုပ်က “ အထိမ်းအမှတ်များ” ဟု ရည်ညွှန်းသည့် မည်သူကိုမျှ လွှတ်ပေးမည်မဟုတ်ကြောင်း နေတန်ယာဟုထံမှ ဝန်ကြီး ဘင် ဂဗီယာက အာမခံချက်ရရှိထားကြောင်း ပြောကြားခဲ့သည်။

အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာဝမ် ဘာဂူတီ (Marwan Barghouti) (ပုံ)

မာဝမ် ဘာဂူတီ (Marwan Barghouti)လွတ်မြောက်ရေးတောင်းဆိုနေသည့်ဇနီးနှင့်ပါလက်စတိုင်းများ (ပုံ)

ဟားမတ်စစ်သားများ ကင်းလှည့်နေစဥ် (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်