နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုမူဝါဒသစ်မှာ အမြတ်ထွက်လာခဲ့ကြတဲ့ နိုင်ငံများ

+++++++++++++++++++++++++

အခွန်စည်းကြပ်မှုတွေကို တိုးမြှင့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကြေညာလိုက်တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကမ္ဘာ့စတော့စျေးကွက်ဟာ လှုပ်ခတ်သွားခဲ့ရသလို ဥရောပသမဂ္ဂနဲ့ ဂျပန်တို့လို မဟာမိတ်နိုင်ငံတွေလည်း အခွန်စည်းကြပ်မှု ၂၀ ရာခိုင်နှုန်းနဲ့အထက် ထိခိုက်နစ်နာခဲ့ရပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှု မူဝါဒသစ်ကြောင့် နိုင်ငံတော်တော်များများ ထိခိုက်နစ်နာခဲ့ကြရသလို အဲဒီမူဝါဒကြောင့်ပဲ အကျိုးအမြတ် ထွက်လာကြတဲ့နိုင်ငံတွေလည်း ရှိနေပါတယ်။

အဲဒီလိုအကျိုးအမြတ်ရခဲ့ကြတဲ့နိုင်ငံတွေထဲမှာ ဘရာဇီး၊ အီဂျစ်နဲ့ တူရကီနိုင်ငံတွေက ထိပ်ဆုံးက ပါဝင်နေကြတာပါ။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုမူဝါဒကြောင့် တခြားနိုင်ငံတွေ ထိခိုက်နစ်နာနေကြပေမယ့် အဲဒီနိုင်ငံတွေကတော့ အခွင့်အလမ်းတွေ ပိုမိုပွင့်လမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အခွန်စည်းကြပ်မှု အနိမ့်ဆုံးအဖြစ် ၁၀ ရာခိုင်နှုန်းသာရှိသလို တရုတ်စိုက်ပျိုးရေးပို့ကုန်တွေ အခွန်မြင့်မားမှုကြောင့်လည်း ဘရာဇီးရဲ့ စိုက်ပျိုးရေးပို့ကုန်တွေဟာ အမေရိကန်စျေးကွက်မှာ ပိုပြီး နေရာရလာတာ ဖြစ်ပါတယ်။

အလားတူ အီဂျစ်နိုင်ငံက အထည်အလိတ်ထုတ်ကုန်တွေဟာ အမေရိကန်စျေးကွက်မှာ ပိုပြီးချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ အထည်အလိတ်နဲ့ပတ်သက်ပြီး အမေရိကန်စျေးကွက်ကို နေရာယူထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတွေဟာ အခွန်စည်းကြပ်မှု ၃၇ ရာခိုင်နှုန်းကနေ ၄၆ ရာခိုင်နှုန်းအထိ သတ်မှတ်ခံခဲ့ရလို့ အကျိုးအမြတ်တွေ ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ အီဂျစ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အရင်က အမေရိကန်ရဲ့ အခွန်စည်း ကြပ်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ တူရကီနိုင်ငံရဲ့ သံမဏိနဲ့ အလူမီနီယံ တင်ပို့မှုက အခုအခါမှာ အကျိုးအမြတ်တွေ စတင်ရရှိလာပြီဖြစ်ပါတယ်။ ဒါကလည်း တခြားနိုင်ငံတွေ အခွန်စည်းကြပ်ခံရမှုမြင့်မားနေတာကြောင့် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ အခွန်စည်းကြပ်မှု ၂၆ ရာခိုင်နှုန်းရှိနေပေမယ့် သူတို့ရဲ့ ပြိုင်ဘက် အာရှနိုင်ငံတွေရဲ့ အခက်အခဲကနေ အခွင့်အရေးယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အထူးသဖြင့် အခွန်စည်းကြပ်ခံရမှု မတူညီတာကြောင့် တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတဲ့ Apple ရဲ့ iPhone ထုတ်လုပ်မှုကနေ စျေးကွက်ဝေစုရဖို့ မျှော်လင့်နေတာပါ။ ဒါပေမယ့် အိန္ဒိယရဲ့ အခွန်စည်းကြပ်ခံရမှု ၂၆ ရာခိုင်နှုန်းကြောင့် အမေရိကန်ုနိင်ငံမှာ iPhone စျေးနှုန်းတွေဟာ သိသိသာသာ မြင့်တက်လာနိုင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အခွန်စည်းကြပ်မှု မူဝါဒသစ်ဟာ ဧပြီလ ၉ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပေမဲ့ စတော့ဈေးကွက်၊ အစိုးရငွေချေးစာချုပ်နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေမှာရော သုံးဘက်စလုံး ဈေးတွေ ကျဆင်းလာတဲ့အတွက် အမေရိကန်စီးပွားရေး ထိုးကျမှာ ဖြစ်တာကြောင့် တရုပ်နိုင်ငံကလွဲပြီး ကျန်နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန်ကို ရက်ပေါင်း ၉၀ အထိ ထရန့်က ဆိုင်းငံလိုက်ရပါတယ်။

တရုတ်နိုင်ငံကိုတော့ သူ့ကို ပြန်စိန်ခေါ်တယ်ဆိုပြီး ၁၂၅ ရာနှုန်းထိ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံဖို့နဲ့ ဒီအမိန့်ကို ချက်ချင်းအကောင်အထည်ဖေါ် လိုက်နာဖို့ ညွှန်ကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ အစိုးရငွေချေးစာချုပ်တွေကို အများဆုံးပိုင်ဆိုင်တဲ့ ၃ နိုင်ငံထဲမှာ ဒုတိယအများဆုံး ပိုင်ပါတယ်။ ကျန်နိုင်ငံနှစ်ခုကတော့ ဂျပန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 32 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု