နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန်

အဝလွန်ဝိတ်ချလိုသူများအတွက် သတင်းကောင်းတပုဒ်

NBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၉)ရက်

ဆေးထိုးအပ်ကိုမုန်းတဲ့သူတွေအတွက် ဒီနေ့ညမှာ ကိုယ်အလေးချိန်လျှော့ချတဲ့ တော်လှန်ရေးအတွက် သတင်းကောင်းတစ်ခုလို့ ဆေးဝါးကုမ္ပဏီ အယ်လီ လီလီEli Lilly က FDA ထောက်ခံချက်ရရှိပြီးဖြစ်တဲ့ ကိုယ်အလေးချိန်ကျဆေးကို နှစ်မကုန်ခင်မှာ အဆင့်သုံးဆင့် စမ်းသပ်မှု အောင်မြင်ပြီးနောက်မှာ တင်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ဒန် (Dan) သည် ကုမ္ပဏီ၏ သိပ္ပံပညာအရာရှိချုပ်တစ်ဦးဖြစ်ပြီး “ လူနာများ အတွက် အလွန်အဓိပ္ပာယ်ရှိသော ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားရုံသာမကဘဲ မကောင်းတဲ့ ကိုလက်စထရောများ ကျဆင်းလာကာ သွေးတိုးမှုပါလျော့ကျလာတာကို တွေ့ခဲ့ရပါတယ်။ အဝလွန်တဲ့ အရွယ်ရောက်ပြီးသူတွေကို ပစ်မှတ်ထားတဲ့ စမ်းသပ်မှုမှာ အမြင့်ဆုံးဆေးကို ၇၂ပတ်အတွင်း၂၇ပေါင်အထိ ကျဆင်းသွားခဲ့ပါတယ်။ မိုက်ကယ် က ပါဝင်သူတွေထဲက တစ်ဦးဖြစ်ပြီး စမ်းသပ်မှုအတွင်းမှာ ပေါင်၄၀ ကျဆင်းသွားခဲတဲ့ ရလာဒ်ကိုရခဲ့ပါတယ်။ ဆေးကို မနက်တိုင်း သောက်ရတာ ပိုအဆင်ပြေတယ်လို့ မိုက်ကယ်က ပြောပါတယ်။

မိုက်ကယ်က- ကျွန်တော့်မှာကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ် အဝတ်အစားတွေ ဝတ်လို့ကောင်းလာတယ်။ ဓာတ်ပုံတွေ ပိုရိုက်ရတာသဘောကျတယ်။ ပိုပျော်သွားတယ်လို့ ဆိုခဲ့ပါတယ်။ အလေးချိန်ကျသွားခြင်း အတွက် ပထမဆုံးအချက်အနေနဲ့ မိုက်ကယ်က လွတ်မြောက်သွားတယ်လို့ ခံစားရတယ်လို့ ပြောပါတယ် ။

အဝလွန်သူများကို ကိုယ်အလေးချိန်လျှော့ချပေးတဲ့ ဆရာဝန်တွေက သူတို့ရဲ့ လူနာတွေအတွက် အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။ ဆေးပြားသည် ထိုးဆေးများကဲ့သို့ ပြဿနာများ ရှိမည်မဟုတ်ပါ၊ ၎င်းကို အအေးခံသေတ္တထဲတွင်ထားရန် မလိုအပ်ပါ၊ သိုလှောင်မှု ပြဿနာ မရှိဘဲ ထိုးဆေးများကဲ့သို့ ပိုးသတ်ဆေးဖြည့်ရန်လည်းမလိုအပ်ပါ။ ကုမ္ပဏီက ရှေ့နှစ်တွင် ရောင်းချရန် ဆေးကိုအမြောက်အများ ထုတ်လုပ်နေပြီဖြစ်ပြီး ဝယ်လိုအားပြည့်မီရန် သိုလှောင်ရုံများ တည်ဆောက်ထားသည်ဟု ဆိုပါတယ်။

အထက်ပါသောက်ဆေးအပြင် အဝလွန်သူများနှင့်ဆီးချိုရောဂါရှိသူများအတွက် အဆီစေသည့် ထိုးဆေးများကိုလည်း ဆေးထုတ်လုပ်ရေး ကုမ္ပဏီများက အပြိုင်အဆိုင် သုတေသနလုပ်ပြီး စမ်းသပ်နေကြသည်။

တလတခါသာဆေးထိုးရသည့် ဝိတ်ကျဆေး အမ်ဂျင်(Amgen)သည် လူများကို သူတို့ကိုယ်အလေးချိန်၏ ၂၀%စေနိုင်ကြောင်းကိုဆေးစမ်းသပ်မှုအဆင့် ၂ခုရလာဒ်များအရ သိရသည်။ အကယ်၍အတည်ပြုချက်ရရှိပါက မာရီတိုက်(MariTide)ဟု အမည်ပေး ထားသည့် ဆေးသည် Amgenဆေးကုမ္ပဏီအတွက် ဈေးကွက်တွင် ဝင်ရောက် လာမည် ဖြစ်သည်။ ထိုဝိတ်ကျစေသည့်ဈေးကွက်ကို Novo Nordiskကုမ္ပဏီကလွှမ်းမိုးထားသည်၊ ထိုကုမ္ပဏီမှ Ozempic နှင့် Wegovy ဆေးတို့ကိုထုတ်လုပ်ပြီး Eli Lillyဆေးကုမ္ပဏီမှ Mounjaro နှင့် Zepboundဆေးတို့ကိုထုတ်လုပ်ရောင်းချနေခဲ့သည်။

ထိုကိုယ်အလေးချိန်ကျစေသည့်အစွမ်းထက်သည့်ဆေးများကို GLP-1ဆေးများဟုခေါ်သည်၊ MariTideဆေးသည်လည်းထိုအမျိုးအစားဖြစ်သည် သို့သော်သူ၏ ခြားနားချက်မှာ သူ့တွင် ပဋိပစ္စည်း (monoclonal antibody)ပါဝင်ပြီး ထိုအရာက ခန္ဓာကိုယ်တွင်းတွင် ဆေးကို ကာလ ကြာရှည် ထိန်းသိမ်းထားနိုင်သဖြင့် သုံးစွဲသူအနေနှင့် တလတခါသာ ဆေးထိုးရန် လိုအပ် သည်။

Amgen ဆေးစမ်းသပ်မှုတွင်ပါဝင်မှုမရှိသော်လည်း မြောက်ကာရိုလိုင်းနားပြည်နယ် ဂျူ့ဆေးဝါးတက္ကသိုလ် (Duke University School of Medicine) မှ ဒေါက်တာ မစ်ရှယ် ပွန်ဒါ (Dr. Michelle Ponder) က“လူနာများအတွက် တလတခါသာ ဆေးထိုးရမယ်ဆိုရင် အတော်သက်သာလိမ့်မယ်”လို့မှတ်ချက်ပေးခဲ့ပါသည်။

“ဟောမုန်းနှင့်ဂလင်းများလေ့လာရေးဌာနတွင် တွေ့ရသော လူနာအများအပြားသည် ဆီးချို ရောဂါသယ်များ ဖြစ်ကြပြီးသူတို့ဟာ တနေ့ကို အင်ဆူလင်အကြိမ်များများ ထိုးနေကြရတယ် ဒါကြောင့် ဆေးအကြိမ်များများ ထိုးရတိုင်းပြဿနာရှိတယ် တလကို တကြိမ်လောက်သာ လျော့ထိုးရတယ်ဆိုရင် တလကို ၃ကြိမ်လောက်သာ လျော့ထိုးရတယ်ဆိုရင်တောင် အများကြီး အထောက်အကူပြုပါတယ်။”

Amgen ၏ရလဒ်များကို နယူးအင်္ဂလန်ဆေးဝါးဂျာနယ်(New England Journal of Medicine) တွင် တနင်္လာနေ့တွင် ထုတ်ဝေခဲ့ပြီး ချီကာဂိုမြို့ရှိ အမေရိကန်ဆီးချိုရောဂါအသင်း(American Diabetes Association) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် တင်ပြခဲ့သည်။

စမ်းသပ်မှုတွင် အရွယ်ရောက်ပြီးသူ ၆၀၀ နီးပါးကို အမျိုးအစား ၂ ဆီးချိုရောဂါရှိပြီး အဝလွန်နေသူများနှင့် အဝလွန်သူများ သက်သက်ကို အုပ်စုနှစ်စုခွဲစမ်းသပ်ထားသည်။

စမ်းသပ်ခံပါဝင်သူများသည် MariTide သို့မဟုတ် placebo ဆေးသုံးမျိုးမှ တမျိုးမျိုးကို တစ်လလျှင် တစ်ကြိမ်တနှစ်ကြာသုံးစွဲခဲ့ကြသည်။ အဝလွန်ခြင်းအုပ်စုရှိလူအချို့သည် စစခြင်းနဲနဲခြင်းပေးရာမှ ရက်သတ္တပတ်များစွာကြာပြီးနောက် တဖြည်းဖြည်းတိုးလာကာ သောပမာဏဖြင့် စတင်ခဲ့သည်။

MariTide ကို ရရှိသော အဝလွန်သူ တစ်ဦးတည်း အနေဖြင့် ၅၂ ပတ်အကြာတွင် ပျမ်းမျှအားဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်၏ ၂၀% အထိကျသွားခဲ့ကြောင်း၊ placebo အုပ်စုဝင် ၂.၆% နှင့် နှိုင်းယှဉ်စမ်းသပ်မှုတွင် တွေ့ရှိခဲ့သည်။ ဆီးချိုရောဂါရှိသူများတွင် MariTide ရရှိသူများသည် placebo အုပ်စုတွင် ၁.၄% နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှအားဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်၏ ၁၇% အထိ ကျသွားခဲ့သည်။

ရလဒ်များသည် ဆီးချိုမရှိသူများတွင် ၆၈ ပတ်ကြာ စမ်းသပ်ပြီးနောက် ခန္ဓာကိုယ်အလေးချိန် ၁၅% လျော့ကျစေသည့် MariTide နှင့် Zepbound တို့သည် ၇၂ ပတ်အကြာတွင် ပျမ်းမျှ ကိုယ်အလေးချိန်၏ ၂၂.၅% ကို ကျဆင်းစေခဲ့သည်။ (သို့သော် ၎င်းတို့သည် တိုက်ရိုက် နှိုင်းယှဉ်ခြင်းမျိုးမဟုတ်ပါ၊ ဆေးဝါးများကို ထိပ်တိုက်စမ်းသပ်မှုများအဖြစ် တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်မစမ်းသပ်ထားသောကြောင့်ဖြစ်သည်။)

ကြီးထွားလာသော ဆေးသုတေသနကွင်း

MariTide သည်လာမည့်မျိုးဆက်သစ်ဆေးမျိုးဖြစ်ပြီး ဆီးချိုနှင့်အဝလွန်ရောဂါသည်များ အတွက်ထုတ်လုပ်သည့်ဆေးအမျိုးအစားတွင်ပါဝင်ပြီး ၊ Semaglutide နှင့် tirzepatide ဆေးတို့ ထက်ပိုမိုနည်းပါးသော ဘေးထွက် ဆိုးကျိုးများဖြင့် ကိုယ်အလေးချိန်လျှော့ချရန် နှင့် ဆီးချိုရောဂါ အတွက် မြင့်မား ထိရောက် သော ကုသမှုကိုရည်ရွယ်ထားသည်။

ဤဆေးအသစ်အများစုသည် ခွင့်ပြုချက်ရရန် နှစ်ပေါင်းများစွာ ဝေးကွာနေသေးသည်။ ဥပမာအားဖြင့် Amgen ဆေးအုပ်စုသည် ၎င်း၏နောက်ထပ်အဆင့်အဖြစ် MariTide ၏ ၇၂ပတ်ကြာ စမ်းသပ်မှုကို လုပ်ဆောင်ရန် စီစဉ်နေကြောင်း ဘရက်နာ(Bradner) မှ ပြောကြားခဲ့သည်။

Lilly နှင့် Novo Nordisk တို့သည် ဆီးချိုရောဂါညီလာခံတွင် တွေ့ရှိချက်များကို တင်ပြခဲ့သည်။

Lilly မှ eloralintide မှ စမ်းသပ်ဆေးဝါးသည် အဆင့် ၁ လေ့လာမှုတစ်ခုတွင် ၁၂ ပတ်ကျော် ပျမ်းမျှ ကိုယ်အလေးချိန် ၁၁.၃% လျော့ကျသွားကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ဆီးချိုရောဂါညီလာခံတွင် ထုတ်ပြန်သည့် ရလဒ်အသစ်အရ သိရသည်။

GLP-1 ဟော်မုန်းကို ပစ်မှတ်ထားသည့် ဆေးဝါးများနှင့် မတူဘဲ eloralintide သည် အစာအိမ် ဟောင်းလောင်းမဖြစ်သွားစေဘဲအစာချက်နေခြင်းကို နှေးကွေးစေသော ဟော်မုန်းဖြစ်သည့် အေမီလင်ကို ပစ်မှတ်ထားသည်။ ဆေး၏ဘေးထွက်ဆိုးကျိုးများသည် ၎င်းလေ့လာခဲ့သည့် အခြားဆေးများနှင့် နှိုင်းယှဉ်ပါက အဖြစ်နည်းကြောင်း၊ ဆေးတွင် လူနာများ၏ ၈ ရာခိုင်နှုန်းမှာ ပျို့အန်ခြင်းနှင့် ၄ ရာခိုင်နှုန်း အန်ကြောင်း သတင်းပို့သည်ဟု Lilly မှ ပြောကြားခဲ့သည်။

Lilly မှ rettrutide ဟုခေါ်သော အခြားဆေးတစ်မျိုးသည် လူများကို အလယ်အလတ်အဆင့် စမ်းသပ်မှုတစ်ခုတွင် ပျမ်းမျှအားဖြင့် ၎င်းတို့၏ခန္ဓာကိုယ်အလေးချိန်၏ ၂၄% ခန့်ကို ကျဆင်းသွားစေရန် ကူညီပေးကြောင်းပြသခဲ့သည်။ Phase 3 စမ်းသပ်မှုကို ယခုနှစ် နှောင်းပိုင်းတွင် အပြီးသတ်ရန် မျှော်လင့်ထားပါသည်။

ကြွက်သားကြီးထွားမှုကို အားပေးသည့် monoclonal antibody ဖြစ်သော semaglutide နှင့် bimagrumab ပေါင်းစပ်မှုသည် အဆင့် ၂ စမ်းသပ်မှုတွင် လူနာများတွင် ပိန်ပိန်ပါးပါး ကြွက်သား ထုထည်ကို ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရှိခဲ့သည်။

Novo Nordisk ၏နောက်ဆုံးပေါ်ဆေးဖြစ်သော CagriSema သည် semaglutide ထက် ကိုယ်အလေးချိန်ပိုကျစေသည်ဟု ညီလာခံတွင် တနင်္ဂနွေနေ့ကတင်ပြခဲ့သော ရလဒ်များအရ သိရသည်။

အဆင့်၃စမ်းသပ်မှု နှစ်ခုသည် အဝလွန်သူ ၄,၅၀၀ ကျော်တွင် Semaglutide နှင့် cagrilintide ဟုခေါ်သော အခြားဆေးဝါးပေါင်းစပ်ထားသော CagriSema ကို စမ်းသပ်ခဲ့သည်။ ဆီးချိုရောဂါမရှိသူများတွင် CagriSema သောက်သုံးသူများသည် ၆၈ ပတ်အကြာတွင် ၎င်းတို့၏ခန္ဓာကိုယ်အလေးချိန်၏ ပျမ်းမျှ ၂၀.၄% ကျဆင်းသွားသည်။ အမျိုးအစား ၂ ဆီးချိုရောဂါရှိသော အရွယ်ရောက်ပြီးသူများတွင် ပျမ်းမျှကိုယ်အလေးချိန် ၁၃.၇% ကျသည်။

နယူးအော်လန် ရှိ Tulane Bariatric Center ၏ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ရှူနာ လီဗီ (Shauna Levy) က ရွေးချယ်စရာ ဆေးအရေအတွက် တိုးလာခြင်းသည် ရှိပြီးသား ကုသမှုတစ်ခုနှင့် ကောင်းစွာ မတိုက်ဆိုင်နိုင်သော လူနာများအတွက် အပိုဆုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အဝလွန်ခြင်းဟာ ကုသရလွယ်ကူတဲ့ ရောဂါတစ်ခုလို့ ဟိုးအရင်ကတည်းက ထင်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ဒါဟာ အလွန်ခက်ခဲပါတယ်” ဟု လီဗီ မှ ပြောကြားခဲ့သည်။ “ လူနာတွေအတွက် မှန်ကန်တဲ့ အဖြေတစ်ခုတော့ ရှိလာမှာ မဟုတ်ဘူး၊ ဒါကြောင့် ရောဂါကို ကုသဖို့ ကိရိယာတွေ များလာလေလေ၊ ဒီကပ်ရောဂါကို ဖယ်ရှားဖို့ ဒါမှမဟုတ် သိသိသာသာ လျော့ကျသွားအောင် အောင်မြင်နိုင်ခြေ ပိုများလေလေ”

မြောက်ကာရိုလိုင်းနားပြည်နယ်၊ ကယ်ရီ(Cary) တွင် ကိုယ်အလေးချိန် လျှော့ချသည့် ဆေးခန်းကို ဖွင့်လှစ်သည့် အစာအိမ်ရောဂါဗေဒပညာရှင် ဒေါက်တာ ခရစ်တိုဖာ မက်ဂိုဝမ်(Christopher McGowan) က ကြီးထွားလာနေသော ပြိုင်ဆိုင်မှုသည် ဆေးဝါး ထုတ်လုပ်သူများအား ၎င်းတို့၏ စျေးနှုန်းများကို လျှော့ချရန် တွန်းအားပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ဥပမာ Wegovy နှင့် Zepbound သည် လူနာများအား တစ်လလျှင် ဒေါ်လာ $၁,၀၀၀ ထက် ပိုကုန်ကျနိုင်သည်။ သို့သော် မကြာသေးမီလများအတွင်း Novo Nordisk နှင့် Lilly တို့သည် မိမိတို့ငွေကို အိတ်ကပ်ထဲထုတ်ပေးနေရသူများအတွက် ကုန်ကျစရိတ်သက်သာသော ရွေးချယ်မှုများကို မိတ်ဆက်ပေးခဲ့သည်။

ဤဆေးများထဲမှ တစ်ခုခုကိုရဖို့ လူနာများအတွက်“လက်လှမ်းမီမှုနဲ့ တတ်နိုင်မှုတို့ ကသုံးစွဲနိုင်ဖို့အတွက် နံပါတ် ၁ အတားအဆီး ဖြစ်နေဆဲဖြစ်တယ်” ဟုသူကပြောသည်။

ဂျူ့တက္ကသိုလ် မှ ပွန်ဒါ (Ponder) က “ ရွေးချယ်စရာများလေလေ၊ ပိုကောင်းလေပါပဲ။ ရွေးချယ်စရာအသစ်တွေက ပိုအားကောင်းမလာဘူးဆိုရင်တောင်မှ ဆေးဝါးထုတ်လုပ်တဲ့ အပိုထုတ်လုပ်သူရှိရုံနဲ့ လူနာတွေဆီ ချဲ့ထွင်ရောက်ရှိနိုင်ဖို့ တကယ်ကို အထောက်အကူ ဖြစ်မှာပါ။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 100 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 194 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 299 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား