နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်ဝါဒ ပြိုလဲကျအောင် အားလုံးစုပေါင်းဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း

ဖေဖော်ဝါကီလ (၁၁)ရက်။

အာဏာရှင်ဝါဒ ပြိုလဲကျအောင် အားလုံး စုပေါင်းဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် ကရင်အမျိုးသားနေ့မှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဗမာစစ်တပ်ရဲ့ တိုင်းပြည်အာဏာကို အဓမ္မလုယူခဲ့တာဟာ ကရင်အမျိုးသားနဲ့ လူမျိုးစုတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့နဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်မျက်ကွယ်ပြုခဲ့တာလို့ ဆိုပါတယ်။

လူမျိုးစုတွေဟာ ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ဗမာလူမျိုးတွေလဲ ဒီမိုကရေစီလမ်းစဉ်နဲ့ ကြီးပွားတိုးတက်ဖို့ကို မျက်ကွယ်ပြုတဲ့ စစ်အာဏာရှင်ဝါဒီတို့ရဲ့ အုပ်ချုပ်ရေးကို ကြုံတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် နေရာအနှံ့အပြားမှာရှိနေတဲ့ ကရင်လူမျိုးတွေအနေနဲ့ ကိုယ်ရှိတဲ့နေရာက လူမျိုးတွေနဲ့ လက်တွဲပူးပေါင်းပြီး အဟန့်အတားပြုနေတဲ့ အာဏာရှင်ဝါဒနဲ့ သူ့ရဲ့ထောက်တိုင်တွေကို ဖြိုချတိုက်ဖျက်သွားဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ကရင်လူမျိုးရဲ့ လိုလားချက်၊ ရေရှည်တည်တံ့ရပ်တည်နိုင်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ ထားရှိတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဦးတည်ရှေးရှုသွားဖို့နဲ့ ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်ဝါဒတို့ကို ကျင့်သုံးတဲ့သူတွေကို ဆန့်ကျင်ဖယ်ရှားမယ်ဆိုတဲ့ သန္နိဌာန်ကို မြဲမြံစွာ ကိုင်စွဲရပ်တည်သွားရမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုရရှိဖို့ ကရင်လူမျိုးတွေရဲ့ လိုလားချက်တွေကို ဖော်ပြခဲ့တဲ့ “ ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့” ကအတိုင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ ဂုဏ်အင်လက္ခဏာတွေကို ထိန်းသိမ်းလုပ်ဆောင်ဖို့ KNU ဥက္ကဋ္ဌက ထည့်သွင်းတိုက်တွန်းထားပါတယ်။

လူမျိုးရဲ့ လိုလားချက်ကို ရကိုရမယ်ဆိုတဲ့ ယုံကြည်မှုအပြည့်အဝနဲ့ အားလုံး ကျရာကဏ္ဍတခုချင်းစီမှာ လှုပ်ရှားဆောင်ရွက်ဖို့နဲ့ ကရင်လူမျိုး ရှင်သန်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်ကြီးပွာတဲ့ လူမျိုးတမျိုးဖြစ်စေရမယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားလို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 33 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့က တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် မိမိတို့၏အတ္တမာနများထက် တိုင်းပြည်ကို
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားနိုင်ငံ NUG
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 29 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG
မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၅)ရက်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ်