နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စီးပွားရေးပိတ်ဆို့တာတွေ ရုပ်သိမ်းပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်က ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မေတ္တာရပ်ခံ

ဇူလိုင်လ (၁၁)ရက်။

စီးပွားရေးပိတ်ဆို့တာတွေကို ဖြေလျှော့ရုပ်သိမ်းပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အကြောင်းကြားစာ ပြန်လည်ပေးပို့ရာမှာ မေတ္တာရပ်ခံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမေရိကန်က မြန်မာအပါအဝင် နိုင်ငံ (၁၄)နိုင်ငံကို သွင်းကုန်ခွန် တိုးမြှင့်စည်းကြပ်တာနဲ့ပတ်သက်ပြီး ပေးပို့တဲ့ အကြောင်းကြားစာကို စစ်ခေါင်းဆောင်က ဇူလိုင်လ (၉)ရက်နေ့မှာ ပြန်လည်ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်က ပြန်လည်ပေးပို့တဲ့ အကြောင်းကြားစာထဲ အမေရိကန်အနေနဲ့ မြန်မာအပေါ် အရေးယူပိတ်ဆို့တာတွေဟာ နှစ်နိုင်ငံအတွက် အကျိုးမရှိတာကြောင့် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုကာ အရင်က ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့တာတွေကို ဖြေလျှော့ရုပ်သိမ်းပေးဖို့ ဖော်ပြထားပါတယ်။

နောက်ပြီး အမေရိကန်သမ္မတအနေနဲ့ ပဋိပက္ခတွေ တိုးပွားစေတဲ့ သတင်းဌာနတွေနဲ့ ရန်ပုံငွေစနစ်တွေကို ထိန်းချုပ်ပေးတဲ့အတွက် ကျေးဇူးတင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ မူဝါဒကို ကျင့်သုံးခဲ့ပြီး ဘယ်နိုင်ငံနဲ့မှ ပဋိပက္ခအငြင်းပွားတာမရှိခဲ့တဲ့ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သူက ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် ၂၀၂၀ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ကြုံတွေ့ခဲ့ရသလို မြန်မာမှာလဲ မဲမသမာတာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စစ်တပ်က နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူခဲ့ရတယ်ဆိုပြီးလဲ အကြောင်းပြန်ကြားစာထဲ ထည့်သွင်းရေးသားထားပါတယ်။

သွင်းကုန်ခွန်တိုးမြှင့်တာနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က အမေရိကန်ဆီ ပို့ကုန်တွေအပေါ် အခွန် (၁၀)ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်းအထိနဲ့ အမေရိကန်က သွင်းကုန်တွေကို (၀)ရာခိုင်နှုန်းကနေ (၁၀)ရာခိုင်နှုန်းကြား ကောက်ခံဖို့ကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ပြီး ညှိနှိုင်းမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ရုရှားခရီးစဉ်မှာ ရုရှားသမ္မတ ပူတင်ကို ကြွက်မင်းနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့သလို အခုအခါမှာလဲ ဒေါ်နယ်ထရမ့်ကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 1 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 4 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး