နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

ဇူလိုက်လ (၁၁)ရက်။

ဒီကနေ့ နံနက် (၉)နာရီအချိန်က ဝက်လက်မြို့အရှေ့ခြမ်းရှိ ရေလည်မော်ရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ‌မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။

“ ဝက်လက်အရှေ့ခြမ်း ရေလည်မော်ရွာထဲကို စကစက တံတားဦး‌တက်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၁၀၀)ဗုံးသီး (၆)လုံးကြဲတာ။ ပြီးတော့ စက်သေနတ်တွေနဲ့လဲ ပစ်ခတ်သွားသေးတယ်” လို့ ဆိုပါတယ်။

ရေလည်မော်ရွာကို စစ်ကောင်စီဟာ တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၁၀၀)ဗုံး (၆)လုံး ကြဲချခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက်(၅၀)နှစ်အရွယ် အမျိုးသား (၁)ဦး သေဆုံးခဲ့ကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ရေလည်မော်ရွာကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ဒါ့အပြင် စစ်ကိုင်းမြို့ လင်းတလူးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၃၀)ထက်မနည်း သေဆုံးခဲ့ကာ စစ်လော်ဘီတွေကတော့ သေဆုံးသူတွေဟာ PDF တွေဆိုပြီး မဟုတ်မမှန် ရေးသားနေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းလှမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲမဲစာရင်းတွေ မီးရှို့ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 8 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ည (၁၁)နာရီခွဲအချိန်က မင်းလှမြို့ ဆင်တဲကုန်းရွာက စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းရဲ့
မြန်မာသတင်း

မုံရွာရှိ စစ်တပ်ရဲ့ နမခဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး အရာရှိတွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 26 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၂)ရက်နေ့က မုံရွာအခြေစိုက် စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့
မြန်မာသတင်း

ထားဝယ်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 24 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ထောင်ထဲ မတရားအကျဉ်းချခံရပြီး သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ အသက် (၄၈)နှစ်အရွယ် ‌ကိုအောင်ကိုဦးဖြစ်ကာ
မြန်မာသတင်း

ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 21 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်းဝင်းထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ
မြန်မာသတင်း

ချောင်းဦးမှာ ဆီမီးသပိတ်ပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးသူ (၄၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 25 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ည (၈)နာရီအချိန် မုံရွာနဲ့ ချောင်းဦးအစပ်ရှိ ဗုံတိုရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ပြည်သူတွေစုပြီး မီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်
မြန်မာသတင်း

သီတင်းကျွတ်လပြည့်နေ့ သီပေါနဲ့ နမ္မတူကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 41 Views
အောက်တိုဘာလ (၆)ရက်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က သီပေါနဲ့ နမ္မတူမြို့တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ မနက်ပိုင်း (၇)နာရီခွဲလောက်မှာ နမ္မတူမြို့နဲ့
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၅)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 52 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ရွေးကောက်ပွဲလုပ်မှာက စကမ တရားစီရင်ရေးက တရုတ်လက်ထဲ စိုးမိုးနယ်မြေဘယ်မှာလဲ” ဖြစ်ပါတယ်၊ စစ်ကော်မရှင်တဖြစ်လဲ စစ်အုပ်စုက ရွေးကောက်ပွဲကို စိုင်းပြင်းနေပြီး ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင်က အပိုထောက်ပံ့ကြေး တိုးမြှင့်ပေးစည်းရုံးနေတာ၊ ကြံဖွတ်ပါတီခေါင်းဆောင်ခင်ရီနဲ့ မအလတို့
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 52 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို