နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

ဇူလိုက်လ (၁၁)ရက်။

ဒီကနေ့ နံနက် (၉)နာရီအချိန်က ဝက်လက်မြို့အရှေ့ခြမ်းရှိ ရေလည်မော်ရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ‌မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။

“ ဝက်လက်အရှေ့ခြမ်း ရေလည်မော်ရွာထဲကို စကစက တံတားဦး‌တက်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၁၀၀)ဗုံးသီး (၆)လုံးကြဲတာ။ ပြီးတော့ စက်သေနတ်တွေနဲ့လဲ ပစ်ခတ်သွားသေးတယ်” လို့ ဆိုပါတယ်။

ရေလည်မော်ရွာကို စစ်ကောင်စီဟာ တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၁၀၀)ဗုံး (၆)လုံး ကြဲချခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက်(၅၀)နှစ်အရွယ် အမျိုးသား (၁)ဦး သေဆုံးခဲ့ကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ရေလည်မော်ရွာကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ဒါ့အပြင် စစ်ကိုင်းမြို့ လင်းတလူးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၃၀)ထက်မနည်း သေဆုံးခဲ့ကာ စစ်လော်ဘီတွေကတော့ သေဆုံးသူတွေဟာ PDF တွေဆိုပြီး မဟုတ်မမှန် ရေးသားနေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့
မြန်မာသတင်း

“မိုင်းကြေးနဲ့ ပညာရေးပဲခူးတိုင်း နုဂျီ သစ်ထုတ်ဖို့အရေးLPDF တွေကိုမောင်းထုတ်တယ်လေး””

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 27 Views
အထက်ပါခေါင်းစဥ်နဲ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၄) ကြိမ်အဖြစ် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်တွင်းမှာဘာတွေဖြစ်နေတယ် ဘယ်လိုမြင်ကြတယ်ဆိုတာကိုဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ဝက်လက်မြို့နယ်ထဲက လုပ်ကြံသတ်ဖြတ်မှုတွေနဲ့တန့်ဆည်မြို့နယ်က ပကဖတွေက မိုင်းထောင်ကြေးကို မပေးတဲ့ထန်းပင်ဆိပ်ရွာက
မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 27 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သည် သူအကျဉ်းထောင်ထဲတွင်ပင် သေဆုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း သူ၏ ကိုယ်တိုင် ရေး အမှတ်တရစာအုပ်တွင်
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို PDF ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)ကွပ်ကဲမှုနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်
မြန်မာသတင်း

ဖလမ်းမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေ ချင်းပူးပေါင်းတပ် သိမ်းဆည်းရရှိခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ဖလမ်းမြို့ မဏိပူရမြစ်ဘေးမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို ချင်းပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မဏိပူရမြစ်ဘေးမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းတဲ့အချိန် အကြမ်းဖက်စစ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို သိမ်းဆည်းရမိခဲ့တာ”
မြန်မာသတင်း

ရေစကြိုမြို့မှာ စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်တာတွေကြောင့် ပြည်သူ (၅)ဦး ထိမှန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မနေ့က နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ မြင်းခြံရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ
မြန်မာသတင်း

စစ်ဆင်ရေးဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို စစ်တပ်က သေဒဏ်နဲ့ ထောင်ဒဏ်ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ဆင်ရေး ဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို သေဒဏ်နဲ့ ‌ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ဦးဟာ ဒကစ(စစ်တွေ)မှာ စစ်တရားရုံးတင်