နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့ရှိ ကျေးရွာ (၇)ရွာက ပြည်သူ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ဇူလိုင်လ (၁၂)ရက်။

ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့ကစပြီး စစ်ကိုင်းမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာက ပြည်သူ (၁၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားတဲ့၊ ကောင်းမှုကုသလိုပြုတဲ့အချိန်ကာလဖြစ်တဲ့ ဝါတွင်းကာလကိုပါမရှောင် အရပ်သားအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဇွန်လ (၁၁)ရက်နေ့က ကျေးရွာ (၄)ရွာက စစ်ရှောင်ဦးရေ (၂၀၀)ကျော် ခိုလှုံနေတဲ့ စစ်ကိုင်းမြို့ လင်းတလူးရွာရှိ မဟာသစ္စာဝါဒီကျောင်းတိုက် လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ကို NUG က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ (၁၄)နှစ်အောက်ကလေးငယ် (၃)ဦးအပါအဝင် အရပ်သားပြည်သူ (၂၂)ဦး သေဆုံးခဲ့ပြီး (၅၀)ကျော် ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တယ်ဆိုပြီး ပြောဆိုထားပါတယ်။

 ဒါ့အပြင် NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိဖို့၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးဆိုတဲ့ ဦးတည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲပြီး စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကစယ်ဒိုမြို့ ဘန်းချောင်းရွာအုပ်စုမှာ ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့