နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

ဩဂုတ်လ (၁၂)ရက်။

ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကို စုဖွဲ့မှုပြိုကွဲကာ တပ်လန့်ထွက်ပြေးတဲ့အထိ တိုက်ထုတ်နိုင်ခဲ့ပေမယ့် စစ်အင်အားဖြည့်တင်းပြီး နေ့တိုင်း လေကြောင်းပစ်ကူတွေ အသုံးပြုကာ ထပ်မံထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် MBT နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နိုင်ခဲ့ပေမယ့် ခဲယမ်းပြတ်တောက်တာတွေကြောင့် ဩဂုတ်လ (၁၀)ရက်နေ့မှာ တပ်စခန်းတွေနဲ့ နယ်မြေအချို့ကို လက်လွှတ်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ (၁၁)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၇၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၇၀)ကျော် ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်

နောက်ပြီး တိုက်ပွဲမှာ MBT ရဲ့ အထူးကွန်မန်ဒိုစစ်ကြောင်းက တပ်စိတ်မှူးနဲ့ ဒုတပ်စိတ်မှူးအပါအဝင် ရဲဘော် (၅)ဦး ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် MBT တပ်ဖွဲ့ကို လာရောက်ကူညီအားဖြည့်ပေးတဲ့ တပ်ရင်း(၁၊၂၊၇၊၈)၊ ဗိုလ်စားပြောက်တပ်၊ ဝံပုလွေတပ်ဖွဲ့၊ မြင်းခြံခရိုင်ပကဖ၊ တောင်သာပကဖနဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေကို အထူးကျေးဇူးတင် အသိအမှတ်ပြုတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

တိုက်ပွဲမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလဲ ထိခိုက်ကျဆုံးတာတွေရှိခဲ့ကာ MBT အနေနဲ့ ခဲယမ်းပြန်လည်ဖြည့်တင်းကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်သလို ဒီကနေ့အချိန်အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 14 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး
မြန်မာသတင်း

“မိုင်းကြေးနဲ့ ပညာရေးပဲခူးတိုင်း နုဂျီ သစ်ထုတ်ဖို့အရေးLPDF တွေကိုမောင်းထုတ်တယ်လေး””

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 30 Views
အထက်ပါခေါင်းစဥ်နဲ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၄) ကြိမ်အဖြစ် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်တွင်းမှာဘာတွေဖြစ်နေတယ် ဘယ်လိုမြင်ကြတယ်ဆိုတာကိုဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ဝက်လက်မြို့နယ်ထဲက လုပ်ကြံသတ်ဖြတ်မှုတွေနဲ့တန့်ဆည်မြို့နယ်က ပကဖတွေက မိုင်းထောင်ကြေးကို မပေးတဲ့ထန်းပင်ဆိပ်ရွာက ကလေးတွေကို ကျောင်းတက်ခွင့် မပေးတာတွေ နဲ့အတူ ပဲခူးတိုင်း ပီဒီအဖ် စစ်ဌာနနယ်မြေမှာဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို
မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သည် သူအကျဉ်းထောင်ထဲတွင်ပင် သေဆုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း သူ၏ ကိုယ်တိုင် ရေး အမှတ်တရစာအုပ်တွင်
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို PDF ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)ကွပ်ကဲမှုနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်