နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကြဖို့ MDY-PDF ဖိတ်ခေါ်

ဇန်နဝါရီလ (၁၃)ရက်။

စစ်ကိုင်းတပ်မဟာမှာ ပါဝင်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ဖို့အတွက် အတူရုန်းကန်လှုပ်ရှားကြဖို့ MDY-PDF ရဲ့ ဒီကနေ့မှာ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။

“ မြေပြန့်ဒေသ လွတ်မြောက်ရေးမှသည် တစ်နိုင်ငံလုံး လွတ်မြောက်ရေးဆီသို့” ဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)က စစ်ကိုင်းတပ်မဟာထဲ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

နွေဦးတော်လှန်ရေးထဲက လက်နက်ကိုင်တော်လှန်ရေး အခန်းကဏ္ဍဟာ မြေပြန့်ဒေသတွေကို ပြည်သူ့လွတ်မြောက်ရေးနယ်မြေတွေအနေနဲ့ ပြောင်းလဲစေနိုင်ဖို့က အခုနှစ်အတွက် အသက်တမျှ အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။

စစ်အာဏာရှင်နဲ့အတူ အာဏာရှင်အဆက်ဆက် ခြေကုတ်ယူတဲ့ မြေပြန့်ဒေသတွေကို ပြည်သူ့လွတ်မြောက်နယ်မြေတွေအနေနဲ့ ဖော်ဆောင်နိုင်လေလေ စစ်အာဏာရှင် ကြုံလှီလေလေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF နဲ့အတူ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ်ချိတ်ဆက်ပြီး စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အခုနှစ်ကစပြီး MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တပ်မဟာသစ်တစ်ခု ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်သွားမယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အသိပေးထားတာပါ။

ဒါ့အပြင် MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လဲ စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 13 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ
မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 31 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျနော်တို့ BLDF
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 30 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့