နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကြဖို့ MDY-PDF ဖိတ်ခေါ်

ဇန်နဝါရီလ (၁၃)ရက်။

စစ်ကိုင်းတပ်မဟာမှာ ပါဝင်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ဖို့အတွက် အတူရုန်းကန်လှုပ်ရှားကြဖို့ MDY-PDF ရဲ့ ဒီကနေ့မှာ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။

“ မြေပြန့်ဒေသ လွတ်မြောက်ရေးမှသည် တစ်နိုင်ငံလုံး လွတ်မြောက်ရေးဆီသို့” ဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)က စစ်ကိုင်းတပ်မဟာထဲ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

နွေဦးတော်လှန်ရေးထဲက လက်နက်ကိုင်တော်လှန်ရေး အခန်းကဏ္ဍဟာ မြေပြန့်ဒေသတွေကို ပြည်သူ့လွတ်မြောက်ရေးနယ်မြေတွေအနေနဲ့ ပြောင်းလဲစေနိုင်ဖို့က အခုနှစ်အတွက် အသက်တမျှ အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။

စစ်အာဏာရှင်နဲ့အတူ အာဏာရှင်အဆက်ဆက် ခြေကုတ်ယူတဲ့ မြေပြန့်ဒေသတွေကို ပြည်သူ့လွတ်မြောက်နယ်မြေတွေအနေနဲ့ ဖော်ဆောင်နိုင်လေလေ စစ်အာဏာရှင် ကြုံလှီလေလေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF နဲ့အတူ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ်ချိတ်ဆက်ပြီး စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အခုနှစ်ကစပြီး MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တပ်မဟာသစ်တစ်ခု ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်သွားမယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အသိပေးထားတာပါ။

ဒါ့အပြင် MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လဲ စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းအများအပြား ဖမ်းမိတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 10 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၇)ရက်နေ့ ကွတ်ခိုင်မြို့ ဟိုကျန့်ရွာက နေအိမ်တအိမ်မှာ လက်နက်ခဲယမ်းအများအပြားနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ပြည်သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ ပြည်သူ‌နဲ့အတူ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့က ‌ပေးပိုးတဲ့
မြန်မာသတင်း

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ မနေ့က ပုလဲမြို့နယ်ထဲ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး (၂)ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က
မြန်မာသတင်း

ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းအဖွဲ့ (၁၈)ဖွဲ့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းလက်နက်ကိုင် (၁၈)ဖွဲ့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတွက်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၀၀၀)ကျော်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဇွန်လ (၂၀)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၁၀၀)အထိ ရရှိခဲ့တယ်လို့ SUU 80th Birthday Campaign ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကကျရောက်တဲ့ အမေ့ရဲ့ မွေးနေ့မှာ
မြန်မာသတင်း

ပုလဲမြို့ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ (၁၈)ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)က “ SUU 80th” စာသားကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ