နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို

ကယ်လီဖိုးနီးယား အကြီးဆုံးတောမီး နှစ်ခုကို ထိန်းချုပ်နိုင်ပြီဟုဆို

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ တပြိုင်နက်တည်းလောင်ကျွမ်းနေတဲ့ တောမီး ၆ ခုဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အခါမှာ မြို့နေလူမှုပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်လာခဲ့ပြီဖြစ်ပါတယ်။

တောမီးကို ပိုမိုကြီးထွားစေတဲ့ ဆန်တာအန်နာမြို့ဘက်က လေတိုက်နှုန်းကြောင့် မီးခိုးငွေ့တွေဟာ ပိုပြီး ကျယ်ပြန့်လာနိုင်တယ်လို့ LA ကောင်တီမီးသတ်အကြီးအကဲ အန်သိုနီမာရုန်းက သတိပေးထားပါတယ်။

“ စိုထိုင်းစနည်းတဲ့ လေတွေနဲ့ အစိုဓါတ်နည်းတဲ့ လေတွေ ပေါင်းစပ်ထားတာက LA ကောင်တီမှာ တောမီးအန္တရယ်ပိုပြီး ကြီးထွားလာစေနိုင်ပါတယ်”

တစ်နေ့ထက်တစ်နေ့ ပိုပိုကြီးထွားလာတဲ့ တောမီးကြောင့် ပျောက်ဆုံးသူတွေ အများအပြားရှိနေသလို မီးခိုးကြောင့် သေဆုံးသူအရေအတွက်လည်း တိုးလာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ မီးသတ်သမားတွေဟာ ဘရန့်၀ုဒ်ရပ်ကွက်နဲ့ ကပ်လျက်ဖြစ်တဲ့ ဆန်ဖာနန်ဒိုတောင်ကြားကို အကြီးဆုံးတောမီးဖြစ်တဲ့ Palisades ပျံ့နှံ့မှုကို တားဆီးနိုင်ခဲ့ကြပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်လောင်ကျွမ်းလာခဲ့တဲ့ Palisades တောမီးဟာ လက်ရှိမှာ ပျံ့နှံ့မှု ရပ်တန့်သွားခဲ့ပြီဆိုပေမယ့် အဲဒီအနီးနားတ၀ိုက်က ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းထားကြဖို့ ထုတ်ပြန်ထားတယ်လို့ LA စီးတီး မီးသတ်အကြီးအကဲ ခရစ္စတင်းခရော်လီက ပြောပါတယ်။

“ Palisades ဧရိယာအတွင်းမှာ တောမီးက ရှိနေတုန်းပါ။ အဲဒီအနီးအနားမှာနေထိုင်ကြသူတွေအတွက် အလွန့် အလွန်ကို  အန္တရာယ်များတဲ့အခြေအနေပါ။ အဲဒီမှာ လျှပ်စစ်မီးနဲ့ ရေမရှိတော့သလို ဓါတ်ငွေ့ပိုက်လိုင်းတွေလည်း ကျိုးပေါက်နေပါတယ်။ ကျတော်တို့မှာလည်း ဖွဲ့စည်းပုံက ပုံသေမရှိတော့ဘူး”

အဲလ်တာဒါးနားမှာ ဒုတိယအကြီးဆုံးမီးဖြစ်တဲ့ Eaton ကိုတော့ မီးသတ်သမားတွေ နိုင်နိုင်နင်းနင်း ငြိမ်းသတ်ဟန့်တားနိုင်ကြတယ်လို့ ဒေသတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ကြီးမားလွန်းတဲ့  အဲဒီ တောမီး နှစ်ခုဟာ ဧက​ပေါင်း ၃၆၀၀၀ ကျော် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မက်ဟတ်တန်ရဲ့  နှစ်ဆခန့်ကြီးမားတယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတ္တု၊ ပလက်စတစ်နဲ့ အခြားသော ဓါတုပစ္စည်းတွေမီးလောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ အဆိပ်သင့်နိုင်ကြောင်းကို တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ် ကြေညာထားပါတယ်။

တာဝန်ကုန်ဆုံးတော့မယ့် သမ္မတဂျိုးဘိုင်ဒန်ကတော့ တောမီးလောင်ကျွမ်းမှုကို ကြီးမားတဲ့သဘာ၀ဘေးဒဏ်အဖြစ် ကြေညာခဲ့ပါတယ်။ သဘာ၀ဘေးဒဏ်ကို ကူညီဖို့အတွက် ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီကို တာဝန်ပေးထားပြီး လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေက ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ