နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်တွင် ကနေဒါသည် အမေရိကန်ကို လက်တုံ့ပြန်၍ စည်းကြပ်ခွန် ဒေါ်လာ ၂၁ ဘီလီယံဖြင့် ဒဏ်ခတ်လိုက်ခြင်း

မတ်လ (၁၃) ရက်။

ကနေဒါအစိုးရဟာ ဒေါ်လာဈေးတခုနှင့်တခု ချဉ်းကပ်မှုအတိုင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် မနက် ၁၂:၀၁ နာရီမှာအခွန်စည်းကြပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှ သွင်းကုန် ဒေါ်လာ ၂၉.၈ ဘီလီယံဖိုးအပေါ် အပြန်အလှန် စည်းကြပ်ခွန် ၂၅% စည်းကြပ်သွားမှာ ဖြစ်ပါတယ်။

အအဲ့ဒီမှာ ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ သံမဏိထုတ်ကုန်တွေ အပါအဝင် ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ အလူမီနီယမ် ထုတ်ကုန်တွေအပြင် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ နောက်ထပ် တင်သွင်းတဲ့ကုန်ပစ္စည်းတွေ အပါအဝင် စုစုပေါင်း အမေရိကန် ဒေါ်လာ $၂၉ ဒသမ ၈ဘီလီယံ ရှိပါတယ်။

သာဓကအားဖြင့် ကွန်ပျူတာများ၊ အားကစားပစ္စည်းများနှင့် သံထည်ပစ္စည်းများ အပါအဝင် တန်ပြန်အခွန်ကောက်ခံရသည့် နောက်ထပ်ထုတ်ကုန်များစာရင်းများပါဝင်သည်။ အဆိုပါ စည်းကြပ်ခွန်များသည် မတ်လ ၄ ရက်နေ့တွင် အမေရိကန်၏ အခွန်စည်းကြပ်မှုကို တုံ့ပြန်သည့်အနေဖြင့် ကနေဒါ၏ ၂၅% တန်ပြန်အကောက်ခွန်များအပြင် အမေရိကန်မှ သွင်းကုန် ဒေါ်လာ ၃၀ ဘီလီယံအပေါ် တန်ပြန်အကောက်ခွန်များ ပါဝင်သည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးမယ်လနီက “ဒီကိစ္စဟာ ကျွန်မတို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်တာ ထက်ပိုလွန်ပြီး ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်၊ ကနေဒါနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဘယ်လိုလူမျိုးတွေ ဖြစ်တယ်ဆိုတာတို့ဟာ ဆွေးနွေးညှိနှိုင်းစရာမလိုတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ဖရန်ကောစစ် ဖိလစ် ရှမ်ပိန်း (Francois Phillippe Champagne) သည် ကနေဒါနိုင်ငံ တီထွင်ဆန်းသစ်မှု၊ သိပ္ပံနှင့် စက်မှုဝန်ကြီး ဖြစ်သည်။ သူက “ဒီလိုအခွန်တိုးကောက်မှုဟာ အလုပ်သမားတွေအတွက် နစ်နာစေပါတယ်၊ ဒီလိုလုပ်ရပ်က မြောက်အမေရိကကို ယှဉ်ပြိုင်နိုင်စွမ်းအတွက် နစ်နာစေပါတယ်။ ကနေဒါသံမဏိနှင့် အလူမီနီယံတို့ဟာ မြောက်အမေရိကအတွက် မရှိမဖြစ် လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂျိမ်းဘလန်ချတ် (James Blanchard) “ဒီနေ့ ကနေဒါနိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ အကောက်ခွန်တွေသာမဟုတ်ဘဲ အိမ်ဖြူတော်ရဲ့ စဉ်ဆက်မပြတ် စော်ကားမှုတွေထဲမှာ ကနေဒါကို အမေရိကန်ရဲ့ ၅၁ခုမြောက်ပြည်နယ်လို့ ခေါ်ဆိုခြင်းလည်း ပါပါတယ်။ ဒုတိယသမ္မတက “ကနေဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က ကျွန်တော်တို့ကို အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့ကြောင်း” ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ နှစ်နိုင်ငံဟာ တစ်သက်တာလုံး အံ့သြဖွယ်ကောင်းတဲ့ လက်တွဲဖော်နဲ့ မဟာမိတ်အဖြစ် ဖွဲ့ထားခဲ့ပြီးနောက် ပြီးခဲ့တဲ့တလခွဲအတွင်း ဆိုးရွားစွာ ပျက်စီးသွားခဲ့ပါတယ်။ စည်းကြပ်ခွန်တွေဟာ လုံးဝမလိုအပ်ဘဲ ငွေကြေးဖောင်းပွပြီး အန္တရာယ်ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ၅၁ခုမြောက် ပြည်နယ်အဖြစ်‌ ပြောဆိုနေတာ ခင်ဗျား လုပ်နေသမျှအရာတိုင်းက ကျွန်တော်တို့ရဲ့ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးကို ဖျက်စီးဖို့ ဒီဇိုင်းထုတ်ထားသလိုပါပဲ”။ ဟု ပြောဆိုခဲ့ပါသည်။

“ကျွန်တော်ဟာ ကနေဒါ တယ်လီဗေးရှင်းနဲ့ ရေဒီယိုမှာ ပိုမိုပြီး အချိန်ကို အသုံးချခဲ့ပါတယ် ကနေဒီယန်တွေကို အိမ်ဖြူတော်ကပြောနေတာဟာ အမေရိကန် ၉၀% က ပြောနေတာ မဟုတ်ဘူးဆိုတာကို ရှင်းပြနေခဲ့ပါတယ်၊ ကနေဒါဟာ ကျွန်တော်တို့ရဲ့ အလွန်ယုံကြည် စိတ်ချရတဲ့သူတွေနဲ့ အကောင်းဆုံးမဟာမိတ်တွေဖြစ်ပြီး ဒါဟာ စီးပွားရေးနဲ့ ကားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေ သက်သက်အတွက်သာမဟုတ်ပါဘူး၊ ကျွန်တော်ဟာ ဒက်ထရွိုက်မှာ ကြီးပြင်းလာခဲ့သူပါ။ ဒီနှစ်နိုင်ငံဆက်ဆံရေးဟာ ဒီနိုင်ငံတွေရဲ့ ယဥ်ကျေးမှု၊ နှစ်ဖက်ဆွေမျိုးသားချင်းတွေ သူတို့ ကမ္ဘာလှည့် ခရီးသွားလည်ပတ်မှုတွေအားလုံးက ဆက်စပ်နေခဲ့ပါတယ်”။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ