နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

ဇူလိုင်လ (၁၄)ရက်။

ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“အခုအချိန်ဟာ ချင်းလဲန်မှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အားလုံးအနေနဲ့ ရင့်ကျက်မှုရှိပြီး စည်းကမ်းရှိဖို့ လိုပါတယ်။ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပြီး တော်လှန်ရေးကို ဆင်နွှဲဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့စိတ် မပျက်ယွင်းဖို့ပါဘဲ”လို့ ဆိုပါတယ်။

အခုအချိန်အထိ ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ ဒုက္ခတွေကို ခါးစည်းခံနေကြရပြီး အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ပြီးတဲ့ နေရာတွေမှာပတောင် ပြည်သူတွေ ဒုက္ခခံစားနေရတာ တွေ့ရတဲ့အတွက် အင်မတန် ဝမ်းနည်းရတယ်လို့ ပြောဆိုထားပါတယ်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ ကျနော်တို့ရဲ့ ပြည်သူတွေ အမှန်တကယ် လွတ်မြောက်ဖို့နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ နယ်မြေတွေ သိမ်းပိုက်ပြီးရုံနဲ့ ကျနော်တို့ရဲ့တာဝန်တွေ မပြီးပါဘူး။ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံဖို့၊ အသက်မွေးဝမ်းကျောင်းမှု ပြေလည်ဖို့နဲ့ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ ဆက်လက်တာဝန်ယူကြရမှာ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ သောင်းကျန်းဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို အကာအကွယ်ပေးရမယ့် အချိန်မှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ဒါမှမဟုတ် တဖွဲ့နဲ့တဖွဲ့ အားပြိုင်လိုတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ထိန်းချုပ်ထားတဲ့ နယ်မြေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်နိုင်ဘဲ စစ်ရေးအရ အသာစီးရတဲ့ အခိုက်အတန့်တွေကို ဂုဏ်မယူသင့်ဘဲ အခုလုပ်ရပ်တွေဟာ စစ်ကောင်စီလုပ်ရပ်နဲ့ ထူးမခြားနားဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် တိုက်ပွဲအလီလီ အောင်မြင်တာထက် ပြည်သူကို တာဝန်ခံမှုရှိတဲ့ တော်လှန်ရေးလမ်းစဉ်ကသာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ လွတ်မြောက်မှုဆီကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆလိုင်းထက်နီက ထည့်သွင်းပြောဆိုထားပါတယ်။

ဇူလိုင်လ (၂)ရက်နေ့ကစပြီး CNO/CNDF နဲ့ CDF-HUALNGORAM တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ရိခေါဒါရ်မြို့နဲ့ အနီးကျေးရွာက ဒေသခံ (၃၀၀၀)ကျော် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးနေရကာ စစ်ရေးတင်းမာနေပါတယ်။

အခုလို ချင်းပြည်ထဲရှိ လက်နက်ကိုင်တေယ်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခ‌ဖြစ်ပွားတာတွေမှာ အညာညီနောင်(BNRA-GZA)နဲ့ ယောတပ်တော်(YA)တို့ ပါဝင်ပတ်သက်တာမရှိဘူးလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 6 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 8 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး