နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် အပစ်ရပ်စဲထားမှုကို သက်တမ်းတိုးရန် တောင်းဆိုမည်ဟုဆို

+++++++++++

ဧပြီလ (၁၅) ရက်။

မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် မလေးရှားနိုင်ငံမှ အန်နဝါက ဧပြီလ ၁၈ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့တွေ့ဆုံချိန်တွင် ပန်ကြားသွားမည်ဟု ဆိုသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားသည် ငလျင်ဒဏ်ခံခဲ့ရသော နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကို ခွင့်ပြုရန် မြန်မာစစ်အစိုးရက ကြေညာထားသော အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဧပြီလ ၁၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံချိန်တွင် ယခုလို ပန်ကြားမည်ဟု အန်နဝါက ပြောကြားခဲ့သည်။

“ယာယီအပစ်အခတ်ရပ်စဲရေးဟာ ဧပြီ ၂၂ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးပေးဖို့ တောင်းဆိုသွားမှာပါ” ဟု တနင်္လာနေ့တွင် ပြုလုပ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လစဉ်နံနက်ပိုင်း အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပေတုံတန်ရှင်နာဝတ်နှင့် အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ တွေ့ဆုံရန် ဘန်ကောက်မြို့သို့ သွားရောက်မည့် အစည်းအဝေးရီးစဉ်အတွင်းတွင် ဘေးဖက်တွေ့ဆုံမှုအဖြစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့မည်ဖြစ်ကြောင်း အန်နဝါက ပြောကြားခဲ့သည်။

“တရုတ်သမ္မတ ရှီကျင့်ဖျင့် နဲ့ တွေ့ဆုံပြီး မကြာခင် ဘန်ကောက်ကို ခရီးဆက်ထွက်မှာပါ။ ထိုင်းဝန်ကြီးချုပ်နဲ့ ဆန်ဂိုင်းဂိုလော့ခ် (Sungai Golok) နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့နဲ့ထိုင်းတောင်ပိုင်းမှာ သောင်တူးပြီး ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရေး ကိစ္စတွေကို ဆွေးနွေးမှာပါ” ဟု အန်ဝါက ပြောသည်။ မြန်မာအာဏာရ စစ်တပ်က ပြင်းအား ၇.၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဧပြီလ ၂ ရက်နေ့တွင် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

ထိုအချိန်မှစ၍ မလေးရှားသည် ၎င်း၏ SMART ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီး ထိုနေရာတွင် ယာယီစစ်မြေပြင်ဆေးရုံကိုလည်း ထူထောင်ခဲ့သည်။ အာဆီယံနှင့် စစ်အစိုးရကြား သံတမန်ရေး ဆက်ဆံမှု မရှိသော်လည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကြောင်းပြချက်ဖြင့် ဤအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း အန်နဝါက ပြောကြားခဲ့သည်။

သီးခြားကိစ္စရပ်နှင့် ပတ်သက်၍ ဒေါ်လာဘီလီယံပေါင်းများစွာတန်သော အာဆီယံ လျှပ်စစ် ပင်မဓါတ်အားလိုင်း (ASEAN Energy Grid) စီမံကိန်းကို ဒေသတွင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မူဝါဒများနှင့်အညီ စီစဉ်ဆောင်ရွက် ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ဗီယက်နမ်မှ စွမ်းအင်ကို လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်နိုင်ရန် ဗီယက်နမ်နှင့် မလေးရှားကြား ကနဦး သဘောတူညီချက်များ လက်မှတ် ရေးထိုးထားပြီးဖြစ်သည်။” သို့သော် ကုန်ကျစရိတ်မှာ နှစ်ဆခန့် မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

(ဘာသာပြန်သူမှတ်ချက်။ အာဆီယံနိုင်ငံတွေ ပူးပေါင်းပြီး ဓါတ်အားလိုင်း လုပ်ဆောင်နေချိန်မှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေပြီး လျှပ်စစ်ဆိုတာလည်း တောရွာတွေ မဆိုထားနဲ့ ရန်ကုန် မန္တလေးလိုမြို့ကြီးတွေတောင်အလှည့်နဲ့ မီးရနေတာကြည့်ရင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုး လာရေးဆိုတာ ဒုံးဝေးနေဦးမှာဖြစ်သလို အပစ်ရပ်ကြေညာပြီး ဗုံးကြဲနေတာကြောင့် အန်နဝါက အပစ်ရပ်သက်တမ်းတိုးပေးပါဆိုတာ တကယ်ကော အပစ်ရပ်ထားလို့လားလို့ မေးရမလိုတောင် ဖြစ်နေပါတယ်)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 3 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ