နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

ဇူလိုင်လ (၁၅)ရက်။

‌ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးဝန်ထမ်းအချင်းချင်းအကြား စည်းလုံးမှုပျက်ပြားစေနိုင်ကာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်နှေးစေနိုင်ပြီး အဲ့ဒီကနေတဆင့် ပြည်သူ့လူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအကြား ပွတ်တိုက်တာတွေဟာ ချင်းပြည်သူတရပ်လုံးမက မြန်မာပြည်သူတရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့လမ်းကြောင်းကို နှောင့်နှေးစေနိုင်ပြီး အချင်းချင်း သွေးထွက်သံယိုတာတွေဟာ ပဋိပက္ခသက်ဆိုးရှည်ကာ သံသရာလည်နေဦးမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အချင်းချင်း သွေးထွက်သံယိုဖြစ်စေတာတွေကို ရှောင်ရှားပေးကြဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အတားအဆီးမပြုလုပ်ကြဖို့အပြင် စစ်အာဏာရှင်ကိုသာ ဦးတည်ပြီး ဆန့်ကျင်တိုက်ခိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကျန်းမာရေး CDM ဝန်ထမ်းတွေရဲ့ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ဖို့ အခြားနေရာတွေကို ဖြတ်သန်းသွားလာတာနဲ့ ဆေးပစ္စည်းတွေ သယ်ယူပို့ဆောင်တာတွေကိုလဲ အတားအဆီး အထိအခိုက်မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ထုတ်ပြန်ချက်ထဲ Supporting Team နဲ့ သတင်းမီဒီယာတွေအနေနဲ့ အချင်းချင်း အမုန်းပွားစေမယ့် ပြောဆိုတာနဲ့ ရန်ပုံငွေမရှာဖို့အပါအဝင် လူမျိုးရေး အမုန်းပွားစေမယ့် ကိစ္စတွေ ရေးသားဖြန့်ဖြူးတာတွေ မလုပ်ဖို့ ပန်ကြားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ