နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ထရမ့်ကသူအစ္စရေးကို အချက်ပြလိုက်သည်နှင့်ဂါဇာစစ်ပွဲပြန်စနိုင်သည်ဟုဆို

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်

ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မလိုက်နာပါက ဂါဇာတွင် အစ္စရေးတပ်ဖွဲ့ဝင်များ ‘ကျွန်ုပ် စကားပြောလိုက်သည်နှင့် ချက်ချင်း’ တိုက်ပွဲပြန်စနိုင်သည်ဟု ထရမ့်က CNN ကိုပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်လ် ထရမ့်က ဟားမတ်စ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၏ ၎င်းတို့ဘက်မှ ကတိကဝတ်များကို မလိုက်နာပါက ဂါဇာတွင် စစ်ရေးလှုပ်ရှားမှုများ ပြန်လည် စတင်ရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု အား သူက ခွင့်ပြု ပေးရန်ကို စဉ်းစားရမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး၊ အစ္စရေးတပ်ဖွဲ့ဝင်များ သည် “ကျွန်ုပ် စကားပြောလိုက်သည်နှင့် ချက်ချင်း” လမ်းမများပေါ်သို့ ပြန်လည်ရောက်ရှိ လာနိုင်ကြောင်း CNN ကို ပြောကြားခဲ့သည်။

သမ္မတ၏ ဖုန်းဖြင့်တဒင်္ဂခေါ်ဆိုမှုတစ်ခုထဲနှင့် “ဟားမတ်စ်နဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကတော့ အမြန်ဆုံး ရှင်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် ဟားမတ်စ်အဖွဲ့သည် ဂါဇာတွင် တိုက်ပွဲများ အဆုံးသတ်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသက်ရှင်သူနှင့် သေဆုံးသူ ဓားစာခံများကို လွှဲပြောင်းပေးမည်ဆိုသည့် သဘောတူညီချက် ကို လိုက်နာခြင်းမရှိဟု အစ္စရေးက စွပ်စွဲနေချိန်တွင် ထရမ့်၏ မှတ်ချက်များ ထွက်ပေါ် လာခြင်း ဖြစ်သည်။

ယင်းသည် အစ္စရေးတွင် ဒေါသများ မြင့်တက်လာစေခဲ့ပြီး အစ္စရေး အာဏာပိုင် များက သေဆုံးသည့်ဓားစာခံရုပ်ကြွင်း အနည်းငယ်သာ လွှဲပြောင်း ပေးခဲ့သည့် အတွက် ဂါဇာသို့ ဝင်ရောက်ခွင့်ပြုထားသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ဆောင်မှုကို ကုလသမဂ္ဂအနေနှင့် လျှော့ချရမည် သို့မဟုတ် ရွှေ့ဆိုင်းရမည်ဟု ပြောကြား ခဲ့သည်။ သို့သော် ယခုအချိန်အထိ မတည်ငြိမ်သော အပစ်အခတ်ရပ်စဲရေးသည် ဆက်လက် တည်မြဲနေသည်။

ထရမ့်၏ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်၏ အမှတ် ၄ တွင် “အစ္စရေးက ဤသဘောတူညီချက်ကို လူသိရှင်ကြား လက်ခံပြီးနောက် ၇၂ နာရီအတွင်း အသက်ရှင်သူနှင့် သေဆုံးသူ ဓားစာခံများအားလုံးကို ပြန်လည်လွှဲပြောင်းပေးရမည်” ဟု ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့နံနက်အထိ အသက်ရှင်လျက်ရှိသော အစ္စရေးဓားစာခံ ၂၀ ဦးလုံးကို အစ္စရေးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ သို့သော် ဟားမတ်စ်က လူ ၈ ဦး၏ ရုပ်အလောင်း များကို လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့အနက် ၄ ဦးမှာ ပြီးခဲ့သည့်ညကဖြစ်သည်။ ထို့ပြင် အစ္စရေးစစ်တပ်က ၎င်းတို့အနက်မှ တစ်ခုသည် အစ္စရေးဓားစာခံ၏ ရုပ်အလောင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ နောက်ထပ် ရုပ်အလောင်း လေးခုမှ ငါးခုအထိကို ယနေ့ညနေပိုင်းတွင် ပြန်လည်လွှဲပြောင်းပေးမည်ဟု မျှော်လင့်ရကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက ဗုဒ္ဓဟူးနေ့တွင် CNN ကို ပြောကြားခဲ့သည်။

ထရမ့်က အသက်ရှင်သော ဓားစာခံများကို ကယ်ဆယ်နိုင်ခြင်းသည် သူ့အလိုလို အရေးကြီး ကြောင်း မှတ်ချက်ပြုခဲ့သည်။ “အဲဒီဓားစာခံ ၂၀ ကို ထွက်ခွာခွင့်ပေးတာဟာ အဓိက အကျဆုံးပါပဲ” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ အင်္ဂါနေ့တွင် ထရမ့်က CNN နှင့် စကားပြောပြီးနောက် အမေရိကန်၏ အကြီးတန်းအကြံပေးနှစ်ဦးက ဟားမတ်စ်သည် ဓားစာခံဟောင်းများ၏ ရုပ်အလောင်းများကို ပေးအပ်နိုင်ခြင်းမရှိသောကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ၎င်းတို့၏ ကတိကဝတ်များကို ချိုးဖောက်နေသည်ဟု အမေရိကန်က မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့က ဟားမတ်စ်အဖွဲ့သည် ကြားခံလူများမှတစ်ဆင့် ကျန်ရှိနေသည့် ရုပ်အလောင်း များကို ရှာဖွေပြီး ပြန်လည်လွှဲပြောင်းပေးရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင် မည်ဟု အာမခံချက်များ ပေးထားကြောင်း အမေရိကန်က ရရှိထားပြီး၊ အမေရိကန်သည် နှစ်နှစ်ကြာ စစ်ပွဲပြီးနောက် ကျန်ရှိနေသည့် အပျက်အစီးများနှင့် ဖုန်မှုန်များအောက်တွင် မြှုပ်နှံထား နိုင်သော ရုပ်အလောင်းများကို ရှာဖွေရန် ထောက်လှမ်းရေးနှင့် သယ်ယူပို့ ဆောင်ရေး အထောက်အပံ့များ ပေးအပ်ရန် ကြားခံလူများမှတစ်ဆင့် တက်ကြွစွာ လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

ဓားစာခံများ လွှတ်ပေးပြီးနောက် ရက်များအတွင်း ဟားမတ်စ်နှင့် ပြိုင်ဘက်အုပ်စုများ အကြား ထင်ရှားသော လူမြင်ကွင်းတွင် ကွပ်မျက်မှုတစ်ခုဖြင့် အဆုံးသတ်ခဲ့သည့် ဖြစ်စဉ် တစ်ခုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ဟားမတ်စ်သည် လက်နက်ချရမည် သို့မဟုတ် “ကျွန်ုပ်တို့က သူတို့ကို လက်နက်ဖြုတ်သိမ်းရမည်” ဟု ထရမ့်က ယခင်က သတိပေးခဲ့ဖူးသည်။

၎င်း၏ အချက် ၂၀ ပါ အစီအစဉ်တွင် ဟားမတ်စ်က ဂါဇာအုပ်ချုပ်ရေးတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ကြောင်း သဘောတူပြီး စစ်မဲ့နယ်မြေဖြစ်လာကာ လွတ်လပ်သည့် စောင့်ကြည့်မှုအောက်တွင် ရှိမည့် အနာဂတ်တစ်ခု ကို ပုံဖော်ထားသည်။ သို့သော် အစိုးရအဖွဲ့က ဂါဇာ၏ အနာဂတ်ကို ဖြေရှင်းရန်အတွက် နောက်ထပ်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်းနှင့် ဓားစာခံများ လွှတ်ပေးရေးကို ဖြစ်ပေါ်စေသည့် သဘောတူညီ ချက် သည် အဆင့် ၁ သာဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ထရမ့်က ယခုလက်ရှိအခြေအနေတွင် ဟားမတ်စ်သည် “အကြမ်းဖက်ဂိုဏ်းများကို ဝင်ရောက် ရှင်းလင်းဖယ်ရှားနေသည်” ဟု CNN ကို ပြောကြားခဲ့သည်။

ဟားမတ်စ်သည် အပြစ်မဲ့ပါလက်စတိုင်းများကိုကော ကွပ်မျက်နေနိုင်သလားဟု မေးသောအခါ “ကျွန်ုပ်က ဒါကို သုတေသနလုပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဒါကို သိရမှာပါ။ ဂိုဏ်းတွေအပြင် တခြားသူတွေပါ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတ၏ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်၏ အမှတ် ၆ တွင် “ဓားစာခံများအားလုံး ပြန်လည်လွှဲပြောင်းပြီးသည်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်နှင့် ၎င်းတို့၏ လက်နက်များကို ဖြုတ်သိမ်းရန် ကတိပြုသည့် ဟားမတ်စ်အဖွဲ့ဝင်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်။ ဂါဇာမှ ထွက်ခွာလိုသည့် ဟားမတ်စ်အဖွဲ့ဝင်များကို လက်ခံသည့် နိုင်ငံများသို့ လုံခြုံစွာ သွားလာခွင့် ပေးမည်” ဟု ဖော်ပြထားသည်။

ဟားမတ်စ်က လက်နက်ချရန် ငြင်းဆန်ပါက ဘာဖြစ်လာမည်လဲဟု CNN က သမ္မတကို မေးမြန်းခဲ့သည်။

“ကျွန်တော် စဉ်းစားနေပါတယ်” ဟု ထရမ့်က ပြန်ဖြေသည်။ “ကျွန်ုပ် စကားပြောလိုက်တာနဲ့ ချက်ချင်း အစ္စရေးက အဲဒီလမ်းတွေပေါ်ကို ပြန်သွားမှာပါ။ အစ္စရေးက ဝင်သွားပြီး သူတို့ကို အပြတ်အသတ် နှိမ်နင်းနိုင်မယ်ဆိုရင် သူတို့က လုပ်မှာပါ”

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များနဲ့ နက်တန်ယာဟုအစိုးရတို့အား ရည်ညွှန်း၍ “ကျွန်ုပ်က သူတို့ကို ထိန်းထားရပါတယ်” ဟု သမ္မတက ပြောကြားခဲ့သည်။ “ကျွန်တော် ဘီဘီ (နက်တန်ယာဟု) နဲ့ ဒီကိစ္စကို ရှင်းခဲ့ရပါတယ်”

သို့သော် သမ္မတသည် ဒေသတွင်းရှိ အခြားနိုင်ငံများ၏ ခိုင်မာသော ပံ့ပိုးကူညီမှုကို အထူးသဖြင့် ထည့်သွင်းစဉ်းစားသောအခါ ရေရှည်ငြိမ်းချမ်းရေး အလားအလာများအတွက် ကောင်းမွန်သည်ဟု ရှင်းလင်းစွာ ခံစားရသည်။

“နိုင်ငံပေါင်း ၅၉ နိုင်ငံ ပါဝင်ပါတယ်” ဟု သမတက အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် နှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး၊ ၎င်းသည် အီဂျစ်တွင် “ထရမ့်ငြိမ်းချမ်းရေးသဘော တူညီချက်” ခေါင်းစဉ်ဖြင့် အဆင့်မြင့်မူများ စာတမ်းကို လက်မှတ်ရေးထိုးရန် အခမ်းအနား တက်ရောက် ခဲ့သော သို့မဟုတ် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံများကို ရည်ညွှန်း နေခြင်း ဖြစ်နိုင်သည်။ “ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ အခု ဒါတွေအားလုံး ဖြစ်လာ နေပါပြီ။ သူတို့ဟာ အေဘရာဟမ်သဘောတူညီချက်မှာ ပါဝင်ချင်ကြပါတယ်။ အခုအချိန်မှာအီရန်က ပြဿနာမရှိတော့ပါဘူး”

ထရမ့်က ယူကရိန်းကို ရုရှားက စစ်ပွဲအဆုံးသတ်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင် နေကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် သောကြာနေ့ တွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်မည်ဟု မျှော်လင့်ရသည်။

“ကျွန်တော် ရုရှားကိစ္စကို အသည်းအသန် လုပ်ဆောင်နေပါတယ်” ဟု ထရမ့်က ပြောကြား ခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးရရှိခြင်း သို့မဟုတ် ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးရရှိခြင်း နှစ်ခုထဲမှ မည်သည်က ပိုကြီးမားသော အောင်မြင်မှုဖြစ်မည်ကို ၎င်းက စဉ်းစားမိသည်။ သတင်းထောက်က အရှေ့အလယ်ပိုင်းပဋိပက္ခသည် သမိုင်းကြောင်းအရ အဆုံးသတ်ရန် ပိုမိုခက်ခဲခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

“မှန်ပါတယ်” ဟု သမ္မတက ပြောသည်။ “တစ်ခုက သုံးနှစ်လောက်ကြာခဲ့ပြီ၊ နောက်တစ်ခုက သုံးထောင်လောက်ကြာခဲ့ပြီ”

ထို့ပြင် သမ္မတသည် ဤအတိုချုပ်ဖုန်းခေါ်ဆိုမှုတွင် သတင်းမီဒီယာများကို ဝေဖန်ရန် အချိန်အနည်းငယ်ယူခဲ့ပြီး – အထူးသဖြင့် ABC News သတင်းကြေညာသူ ဂျော့စတက်ဖာနိုပလပ်စ်(George Stephanopoulos) မှ ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကို မကြာသေးမီက အင်တာဗျူးလုပ်ခဲ့ခြင်းကို မကျေမနပ်ဖြစ်ခဲ့သည်။ ထို့အတူ CBS News သည် မန်နေဂျာအသစ်ဖြင့် “ပိုမိုမျှတလာ” မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “သူတို့က Fox သတင်လို ဖြစ်သွားမယ်လို့တော့ ကျွန်တော် မမျှော်လင့်ပါဘူး၊ မျှတဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှစ၍ ထရမ့်က CNN နှင့် လူကိုယ်တိုင် တစ်ဦးချင်း ထိုင်ပြီး အင်တာဗျူးရန်တောင်းဆိုခဲ့ခြင်းကိုသဘောမတူ ငြင်းပယ် ထားခဲ့ပြီး –၎င်းက ယခုတကြိမ်ထပ်မံတောင်းဆိုသည့်အခါတွင်မူ စဉ်းစားမည်ဟု ပြောကြားခဲ့သည်။း(Fox သတင်းက ရီပတ်ပလီကင်ပါတီကို အမြဲထောက်ခံနေတဲ့ သတင်းဌာနဖြစ်ပါတယ်-)

သမ္မတ ဒေါ်နယ်လ် ထရမ့်သည် အင်္ဂါနေ့၊ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်တွင် ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ရောက်ရှိလာသည့် အာဂျင်တီးနားသမ္မတ Javier Milei ကို ကြိုဆိုရန် စောင့်ဆိုင်းနေစဥ် ။ Mark Schiefelbein/AP (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 131 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 227 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 334 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က