နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးအတွက် တခြားလူတွေ ဆွေးနွေးနေတာကို ငြီးငွေ့ နေပြီလို့ ထရန့် ပြော

မေလ (၁၇) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြာသပတေးနေ့တွင် တူရကီ၌ ရုရှားသမ္မတ ဗလိုဒီမာဇလန်းစကီးနှင့် တွေ့ဆုံရန် အခွင့်အရေး လွဲချော်သွားပြီးနောက် Fox News နှင့် ထရန့်တို့ တွေ့ဆုံမေးမြန်းခန်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဝေဖန်ပစ်တင်ရန် ထရန့်သည် တွန့်ဆုတ်နေခဲ့သည်။

ယင်းအစား ထရန့်သည် ဇလန်းစကီးအား ရည်ညွှန်းပြီး ယူကရိန်းအား အမေရိကန်က အကူအညီ ပေးနေခြင်းနှင့်ပတ်သက်၍ ၎င်း၏ပုံမှန်ပြစ်တင်မှုကို ပြန်လည်ပြုလုပ်ခဲ့သည်။

“ ကြည့်၊ ဇလန်းစကီးနဲ့ တွေ့ဆုံမှုမှာ ကျွန်တော် တကယ်ခက်ခဲခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူပြောနေတာကို ကျွန်တော် မကြိုက်ဘူး။ သူက လွယ်ကူအောင် မလုပ်ဘူး။ သူ့မှာ နိုင်ဖဲကတ်မရှိဘူးလို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ သူ့မှာ ကတ်တွေ မရှိဘူးဆိုတာ ခင်ဗျားသိပါတယ်၊ ကျွန်တော်က ရိုးရိုးသားသားပြောတာပါ။ သူ့မှာ ကတ်တွေ မရှိဘူး” ဟု ထရန့်က Fox သတင်း ကို ပြောကြားခဲ့သည်။

ထရန့်သည် အရှေ့အလယ်ပိုင်း အထူးသံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ကို ချီးကျူးခဲ့ပြီး ဝတ်ကော့ဗ်သည်သာ သမ္မတ ပူတင်နှင့် တွေ့ဆုံရန် လိုအပ်နေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ သူက ဆွေးနွေးစားပွဲမှာ ရှိနေပြီး ဒီအစည်းအဝေးကို ဖြစ်စေချင်တယ်။ ပြီးတော့ ကျွန်တော် မပါဘဲ အစည်းအဝေး မဖြစ်နိုင်ဘူးလို့ အမြဲခံစားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သဘောတူညီချက် တစ်ခုရဖို့ ကျွန်တော် မရှိဘဲ ပြေလည်နိုင်မယ်လို့ မထင်ထားတာကြောင့်ပါ” ဟု ထရန့်က ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ အတူတူ လုပ်ကြရမယ်၊ ကျွန်တော်တို့က စီစဉ်ရမယ် ထင်တယ်၊ ဘာလို့လဲဆိုတော့ တခြားလူတွေ ဆွေးနွေးညှိနှိုင်းတာတွေ ဆောင်ရွက်နေတာတွေကို ငြီးငွေ့လာလို့ပါ။”

“ ဒီအရာအားလုံးကို ပူတင်ကလည်း ငြီးငွေ့နေပြီလို့ ထင်တယ်” ဟု ထရန့်က ထပ်လောင်း ပြောကြား ခဲ့သည်။ “ သူ့အတွက် အမြင်မကောင်း ဖြစ်နေတယ်။ ဒါကြောင့် သူက သူ့အပေါ် အမြင်ကောင်းချင်တယ်။ ဒါကို တစ်ပတ်အတွင်း အဆုံးသတ်ဖို့ လိုအပ်တယ်ဆိုတာ မမေ့နဲ့”

ထရန့်သည် ထို့မတိုင်မှီက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်နိုင်သည်ဟု ပြောခဲ့သော်ငြားလည်း ယခုအခါ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ကတိမပြုခဲ့ဘဲ နေခဲ့သည်။ သူက ဒုတိယအဆင့် ပိတ်ဆို့မည့်အစီအစဥ်သည် စားပွဲပေါ် တွင် ရှိနေသည်ဟု ဆိုသည်။

“ ကျွန်တော့်မှာ ဒီဟာ အမြဲတမ်းရှိခဲ့တယ်။ လိုအပ်ရင် သုံးမယ်။ အဲဒါကို ဖြစ်နိုင်ရင် မသုံးချင်ဘူး။ အဲဒါက ကြီးကျယ်တဲ့ လုပ်ဆောင်မှုပဲ။ အဲဒါ (ပိတ်ဆို့ဒဏ်ခတ်မှု) ကို ဗင်နီဇွဲလားမှာ လုပ်လိုက်တယ်” ဟုထရန့်က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု