နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဆီယံရဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ရှုတ်ချတာနဲ့ အရေးယူတာမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG ထုတ်ပြန်

ဇူလိုင်လ (၁၇)ရက်။

(၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်ထဲ စစ်အုပ်စုအပေါ် ရှုတ်ချတာနဲ့ အရေးယူတာ မရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ (၉)ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ “ အားလုံးပါဝင်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အစည်အဝေးကနေ ပူးတွဲကြေညာချက်ထဲ မြန်မာအရေး ဆက်လက်အလေးထားတဲ့ ဖော်ပြချက်တွေ ထည့်သွင်းပါဝင်တဲ့အပေါ် ကြိုဆိုတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ဘေးသင့် မြန်မာပြည်သူတွေဆီ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လူသားစာနာမှုအကူအညီတွေ ရောက်ရှိဖို့ AHA Center ကနေတဆင့် အာဆီယံရဲ့ စုပေါင်းတုံ့ပြန်တာနဲ့ ကူညီဆောင်ရွက်တာတွေကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဘုံသဘောတူညီချက် (၅)ရပ် ပြန်လည်သုံးသပ်တာအပြင် (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အကြံပြုချက်တင်ပြဖို့နဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဆက်ရှိနေဖို့အတွက် ဗျူဟာအသစ်တွေ ရှာဖွေဖို့ တာဝန်ပေးအပ်ခဲ့တဲ့အပေါ် ကြိုဆိုတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီပူးတွဲကြေညာချက်ထဲ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ ပိုမိုမြင့်တက်လာတာနဲ့ လူသားစာနာမှုဆိုင်ရာအခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အပေါ် စိုးရိမ်ပူပန်တာနဲ့ အကြမ်းဖက်တာတွေအပေါ် ရှုံ့ချပြီး ရပ်တန့်ဖို့ တိုက်တွန်းထားပေမယ့် စစ်အုပ်စုကို တိုက်ရိုက်ရှုတ်ချတာနဲ့ ထိရောက်စွာ အရေးယူတာမရှိတဲ့အတွက်ကိုတော့ စိတ်ပျက်ရတယ်လို့ NUG က ပြောဆိုထားပါတယ်။

စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်ရက်စက်တာတွေ ဆိုးရွားစွာ ဆက်လက်ကျူးလွန်နေပြီး အာဆီယံက ပူးတွဲကြေညာချက်ထုတ်တဲ့ နေ့မှာပဲ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား (၃၀)ကျော် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုအခြေအနေမှာ စစ်အုပ်စုက တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ကြံစည်နေတာတဲ့အပေါ် အာဆီယံအနေနဲ့ သတိပေးဟန့်တားတာမရှိတာကြောင့် စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့သဘော သက်ရောက်နိုင်တယ်လို့ NUG က သတိပေးထားပါတယ်။

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး မတရားဖမ်းဆီးခံထားရတဲ့ တရားဝင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စစ်အုပ်စုကို စည်းရုံးဖိအားပေးနိုင်စွမ်း မရှိတဲ့အချက်က အာဆီယံရဲ့ မြန်မာအရေး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမှာ အကန့်အသတ်များစွာရှိနေတာကို ဖော်ပြနေတယ်လို့လဲ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့ကြောင့် အာဆီယံအနေနဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်တွေကို အပြည့်အဝ နားလည်စာနာဖို့၊ စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်တာကြောက့် အာဆီယံဒေသထဲ အဟန့်အတားဖြစ်စေတဲ့ အခြေအနေကို ကောင်းစွာလက်ခံပြီး စစ်အုပ်စုကို ဖိအားပေးအရေးယူတာနဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာတွေ ချမှတ်ဖို့ NUG က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 49 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 53 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 43 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 31 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ