နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

စက်တင်ဘာလ (၁၇)ရက်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။

“ ဦးဘုန်းခန့်အောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲပြောနေကြရှိတယ်။ သူ့မှာ ဆရာတော်ဦးသုမနရှိတယ်၊ဆရာတော်ဦးသုမနက သူ့အခက်အခဲတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ တိုက်ရိုက်ဖုန်းဆက်ပေးပြောပြီးသား၊ ခုလဲ ဆရာတော်ဦးသုမနထံ ဗိုလ်ချုပ်တွေကအစ နေ့တိုင်းလာနေတာ၊ သူက ကျောက်တန်းမြို့နယ်ကနေ အပြောင်းအရွှေ့မပါအောင် ဆရာတော်ဦးသုမနက နေပြည်တော်ကို တက်ပြောပေးထားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နာမည်သုံးပြီး ခြိမ်းခြောက်ပြောဆိုနေသလို စစ်‌မှုထမ်းကြေးကိုလဲ အပတ်စဉ်တိုင်းအတွက် ငွေကျပ်သိန်း(၉၀)ကျော်အထိ ကောက်ယူနေတယ်လို့ သိရပါတယ်။

“ ဘုန်းခန့်အောင်က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မင်းတို့လုပ်ချင်ရာလုပ် ငါရှင်းမယ်၊ ဘယ်သူ့မှစောက်ဂရုစိုက်စရာမလိုဘူး၊ ငါ့အတွက်လဲရှာပေး၊ ငါ့အတွက်ရှာမပေးရင် မင်းတို့ဖြစ်မင်းတို့ခံဆိုပြီး ပြောဆိုနေတာ။ မြို့နယ်မှာလဲ စစ်မှုထမ်းဖို့ အပတ်စဥ်တိုင်း လူဝယ်ထဲ့ပြီး မရရင် မြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ကို တစ်ဦးစာ သိန်း (၈၀)ကနေ သိန်း (၉၀)အထက်ပေးနေရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ကျောက်တန်းမြို့နယ်မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၅၈)ဦးရှိကာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချိန်ကစပြီး အခုအချိန်အထိ စစ်မှုထမ်းအကျုံးဝင်သူတွေကို လတိုင်း ငွေကျပ်(၁)သိန်းခွဲအထိ ကောက်ယူကာ စစ်မှုထမ်းအကျုံးမဝင်သူတွေကိုလဲ တအိမ်ကို ငွေကျပ် (၅)သောင်းအထိ စစ်မှုထမ်းအတွက် လူဝယ်ဖို့ဆိုပြီး ကောက်ယူနေတာပါ။

နောက်ပြီး စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ စစ်တပ်က ထုတ်ပြန်ထားတာကြောင့် ပြည်သူတွေကို စစ်မှုထမ်းကြေးကောက်ယူတဲ့အပေါ် အလှူငွေထဲ့တာဆိုပြီး ကြိုတင်လက်မှတ်ထိုးခိုင်းထားတယ်လို့ သိရပါတယ်။

“ ငွေကောက်ခံတာတွေကို တိုင်ကြားဖို့ အရေးယူခံရမယ်ဆိုလို့ အုပ်ချုပ်ရေးမှူးတွေကလဲ သူတို့နဲ့ နီးစပ်တဲ့သူ သူတို့သြဇာကို မလွန်ဆန်နိုင်သူတွေကို စစ်မှုထမ်းဝင်ရောက်သူတွေကို သူတို့သဘောဆန္ဒတွေနဲ့ အလှူငွေထဲ့ဝင်တယ်ဆိုပြီး လက်မှတ်တွေ ကြိုပြီးထိုးခိုင်းထားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်က အမိန့်ပေးထားတာ” လို့ ဆိုပါတယ်။

အခုလို ဦးဘုန်းခန့်အောင်ရဲ့ စစ်မှုထမ်းကြေးကောက်ခံခိုင်းသူတွေထဲက ညောင်ဝိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နဲ့ ရွှေပြည်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့ဟာ ‌ဝေစုခွဲတမ်းမတည့်တာကြောင့် ထောင်ကျခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးဘုန်းခန့်အောင်ပြောဆိုတဲ့ ဆရာတော် ဦးသုမနဆိုသူကလဲ မင်းအောင်လှိုင်နာမည်သုံးပြီး ဌာနဆိုင်ရာအရာရှိတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲခြိမ်းခြောက်နေတာပါ။

“ ဦးသုမနက ငယ်ဖြူမဟုတ်ဘူး။ လူ့ဘဝက မိန်းမနဲ့ကလေးတွေရှိတယ်။ အခု ဆရာတော်က လူ့ဘဝက မိန်းမရွာမှာ ကျောင်းထိုင်ပြီး ဆရာတော်ရဲ့လူ့ဘဝက မိန်းမ ဒေါ်ဥမ္မာ အမြဲပြောနေကျစကားရှိတယ်။ အဲ့ဒါက အရင်ကလဲငါ့လင်၊ အခုလဲငါ့လင်၊ ငါ့လင်ပစ္စည်း ငါပိုင်တယ်၊ ငါ့လင်ကို မင်းအောင်လှိုင်ဆီ ဖုန်းဆက်ခိုင်းလိုက်မယ်၊ ဘာဖြစ်ခြင်လဲ ဘယ်သူ့မှစောက်ဂရုမစိုက်ဘူးဆိုပြီး အမြဲကြိမ်းဝါးနေတာ” လို့ သူက ဆက်ပြောပါတယ်။

‌ဒီလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နာမည်သုံးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူ ဘုန်းခန့်အောင်၊ ဦးသုမနနဲ့ ဒေါ်ဥမ္မာတို့ရဲ့ ခြိမ်းခြောက်တာတွေကြောင့် ဒေသခံတွေက တိုင်ကြားချင်ပေမယ့် ကြောက်လန့်နေကြရပါတယ်။

ဒီဖြစ်ရပ်တွေဟာ လက်နက်အားကိုးနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ကြိုးစားတဲ့ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ လုပ်ကိုင်ကြသူတွေရဲ့ အကျင့်စရိုက်ဆိုးတခုဖြစ်ကာ ပြည်သူတွေသာ အမြဲဖိနှိပ်ခံနေရတယ်လို့ သိရပါတယ်။

ဘုန်းခန့် အောင်(အလယ်လူ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့