နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

စက်တင်ဘာလ (၁၇)ရက်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။

“ဦးဘုန်းခန့်အောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲပြောနေကြရှိတယ်။ သူ့မှာ ဆရာတော်ဦးသုမနရှိတယ်၊ဆရာတော်ဦးသုမနက သူ့အခက်အခဲတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ တိုက်ရိုက်ဖုန်းဆက်ပေးပြောပြီးသား၊ ခုလဲ ဆရာတော်ဦးသုမနထံ ဗိုလ်ချုပ်တွေကအစ နေ့တိုင်းလာနေတာ၊ သူက ကျောက်တန်းမြို့နယ်ကနေ အပြောင်းအရွှေ့မပါအောင် ဆရာတော်ဦးသုမနက နေပြည်တော်ကို တက်ပြောပေးထားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နာမည်သုံးပြီး ခြိမ်းခြောက်ပြောဆိုနေသလို စစ်‌မှုထမ်းကြေးကိုလဲ အပတ်စဉ်တိုင်းအတွက် ငွေကျပ်သိန်း(၉၀)ကျော်အထိ ကောက်ယူနေတယ်လို့ သိရပါတယ်။

“ဘုန်းခန့်အောင်က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မင်းတို့လုပ်ချင်ရာလုပ် ငါရှင်းမယ်၊ ဘယ်သူ့မှစောက်ဂရုစိုက်စရာမလိုဘူး၊ ငါ့အတွက်လဲရှာပေး၊ ငါ့အတွက်ရှာမပေးရင် မင်းတို့ဖြစ်မင်းတို့ခံဆိုပြီး ပြောဆိုနေတာ။ မြို့နယ်မှာလဲ စစ်မှုထမ်းဖို့ အပတ်စဥ်တိုင်း လူဝယ်ထဲ့ပြီး မရရင် မြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ကို တစ်ဦးစာ သိန်း (၈၀)ကနေ သိန်း (၉၀)အထက်ပေးနေရပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ကျောက်တန်းမြို့နယ်မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၅၈)ဦးရှိကာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချိန်ကစပြီး အခုအချိန်အထိ စစ်မှုထမ်းအကျုံးဝင်သူတွေကို လတိုင်း ငွေကျပ်(၁)သိန်းခွဲအထိ ကောက်ယူကာ စစ်မှုထမ်းအကျုံးမဝင်သူတွေကိုလဲ တအိမ်ကို ငွေကျပ် (၅)သောင်းအထိ စစ်မှုထမ်းအတွက် လူဝယ်ဖို့ဆိုပြီး ကောက်ယူနေတာပါ။

နောက်ပြီး စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ စစ်တပ်က ထုတ်ပြန်ထားတာကြောင့် ပြည်သူတွေကို စစ်မှုထမ်းကြေးကောက်ယူတဲ့အပေါ် အလှူငွေထဲ့တာဆိုပြီး ကြိုတင်လက်မှတ်ထိုးခိုင်းထားတယ်လို့ သိရပါတယ်။

“ငွေကောက်ခံတာတွေကို တိုင်ကြားဖို့ အရေးယူခံရမယ်ဆိုလို့ အုပ်ချုပ်ရေးမှူးတွေကလဲ သူတို့နဲ့ နီးစပ်တဲ့သူ သူတို့သြဇာကို မလွန်ဆန်နိုင်သူတွေကို စစ်မှုထမ်းဝင်ရောက်သူတွေကို သူတို့သဘောဆန္ဒတွေနဲ့ အလှူငွေထဲ့ဝင်တယ်ဆိုပြီး လက်မှတ်တွေ ကြိုပြီးထိုးခိုင်းထားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်က အမိန့်ပေးထားတာ”လို့ ဆိုပါတယ်။

အခုလို ဦးဘုန်းခန့်အောင်ရဲ့ စစ်မှုထမ်းကြေးကောက်ခံခိုင်းသူတွေထဲက ညောင်ဝိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နဲ့ ရွှေပြည်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့ဟာ ‌ဝေစုခွဲတမ်းမတည့်တာကြောင့် ထောင်ကျခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးဘုန်းခန့်အောင်ပြောဆိုတဲ့ ဆရာတော် ဦးသုမနဆိုသူကလဲ မင်းအောင်လှိုင်နာမည်သုံးပြီး ဌာနဆိုင်ရာအရာရှိတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲခြိမ်းခြောက်နေတာပါ။

“ဦးသုမနက ငယ်ဖြူမဟုတ်ဘူး။ လူ့ဘဝက မိန်းမနဲ့ကလေးတွေရှိတယ်။ အခု ဆရာတော်က လူ့ဘဝက မိန်းမရွာမှာ ကျောင်းထိုင်ပြီး ဆရာတော်ရဲ့လူ့ဘဝက မိန်းမ ဒေါ်ဥမ္မာ အမြဲပြောနေကျစကားရှိတယ်။ အဲ့ဒါက အရင်ကလဲငါ့လင်၊ အခုလဲငါ့လင်၊ ငါ့လင်ပစ္စည်း ငါပိုင်တယ်၊ ငါ့လင်ကို မင်းအောင်လှိုင်ဆီ ဖုန်းဆက်ခိုင်းလိုက်မယ်၊ ဘာဖြစ်ခြင်လဲ ဘယ်သူ့မှစောက်ဂရုမစိုက်ဘူးဆိုပြီး အမြဲကြိမ်းဝါးနေတာ”လို့ သူက ဆက်ပြောပါတယ်။

‌ဒီလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နာမည်သုံးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူ ဘုန်းခန့်အောင်၊ ဦးသုမနနဲ့ ဒေါ်ဥမ္မာတို့ရဲ့ ခြိမ်းခြောက်တာတွေကြောင့် ဒေသခံတွေက တိုင်ကြားချင်ပေမယ့် ကြောက်လန့်နေကြရပါတယ်။

ဒီဖြစ်ရပ်တွေဟာ လက်နက်အားကိုးနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ကြိုးစားတဲ့ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ လုပ်ကိုင်ကြသူတွေရဲ့ အကျင့်စရိုက်ဆိုးတခုဖြစ်ကာ ပြည်သူတွေသာ အမြဲဖိနှိပ်ခံနေရတယ်လို့ သိရပါတယ်။

ဘုန်းခန့် အောင်(အလယ်လူ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 24 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး