နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

ဇန်နဝါရီလ (၁၈)ရက်။

ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ပအိုဝ်းကျေးရွာဖြစ်တဲ့ လွယ်ချယ်ကျေးရွာကို (၂)ကြိမ်တိုင်တိုင် ဗုံး (၄)လုံး ကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မနေ့က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအင်အား (၅၀၀)ကျော်ပါတဲ့ စစ်ကြောင်း (၄)ကြောင်းဟာ ပင်ငိုရွာ၊ နောင်ကျောရွာအနီးနဲ့ ဖြီကျွတ်ရွာအနီးကို စစ်ကြောင်းထိုးခဲ့ရာ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ ပင်ငိုရွာနဲ့ နောင်ကျောရွာအနီးမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေဘက်က (၃၀)ကျော် သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဖြီကျွတ်ရွာအနီးမှာလဲ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တောင် (၂)လုံးကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က တောင်ယာထဲ (၁၀၀)ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ဖြီကျွတ်ရွာမှာ တပ်စွဲထားပြီး အင်အားပြန်လည်ဖြည့်တင်းနေကာ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းမှာ နေ့တိုင်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ကြောင်းမှာ အင်အားအများစုနဲ့ သေဆုံးသူအများစုက ပြည်သူ့စစ်တပ်ဖွဲ့‌ဝင်တွေဖြစ်ပြီး စစ်ကြောင်းထဲ စစ်ကောင်စီပါဝင်တာ (၂၀)ရာခိုင်နှုန်းသာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲထဲ စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်ဟာ စိတ်ကြွဆေးပြားအသုံးပြုပြီး စစ်တိုက်နေတာကို တွေ့ရတယ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး
မြန်မာသတင်း

“မိုင်းကြေးနဲ့ ပညာရေးပဲခူးတိုင်း နုဂျီ သစ်ထုတ်ဖို့အရေးLPDF တွေကိုမောင်းထုတ်တယ်လေး””

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 28 Views
အထက်ပါခေါင်းစဥ်နဲ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၄) ကြိမ်အဖြစ် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်တွင်းမှာဘာတွေဖြစ်နေတယ် ဘယ်လိုမြင်ကြတယ်ဆိုတာကိုဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ဝက်လက်မြို့နယ်ထဲက လုပ်ကြံသတ်ဖြတ်မှုတွေနဲ့တန့်ဆည်မြို့နယ်က ပကဖတွေက မိုင်းထောင်ကြေးကို မပေးတဲ့ထန်းပင်ဆိပ်ရွာက ကလေးတွေကို ကျောင်းတက်ခွင့် မပေးတာတွေ နဲ့အတူ ပဲခူးတိုင်း ပီဒီအဖ် စစ်ဌာနနယ်မြေမှာဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို
မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 27 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သည် သူအကျဉ်းထောင်ထဲတွင်ပင် သေဆုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း သူ၏ ကိုယ်တိုင် ရေး အမှတ်တရစာအုပ်တွင်
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို PDF ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)ကွပ်ကဲမှုနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်