နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ပြုလုပ်ခဲ့ကြောင်း အစ္စရေး ကြေညာ

မေလ (၁၈) ရက်။

အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းထိန်းချုပ်ထားသော ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ကြီးမားသောမြေပြင်ကျူးကျော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။

ရိုက်တာနှင့် အခြားသတင်းအေဂျင်စီများ၏ အဆိုအရ အစ္စရေးနှင့် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့သည် ကာတာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုကို ၁၇ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော်လည်း အစ္စရေးစစ်တပ်က ၎င်းတို့၏ တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ ပြုလုပ်လာခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုတွင် တိုးတက်မှုမရှိပါက ၎င်းတို့၏ ထိုးစစ်ကို ပိုမိုပြင်းထန်လာစေရန် ပြင်ဆင်ထားပြီး ပျက်စီးဆုံးရှုံးမှု တိုးလာမည်ကို စိုးရိမ်မှုများ မြင့်မားလာနေသည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မတ်လလယ်တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် အကြီးမားဆုံးကျူးကျော်မှုဟု ယူဆရသည်။

အစ္စရေးစစ်တပ်ဘက်က “ ဒါဟာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်တဲ့ အစောပိုင်းအဆင့်ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ အရှေ့အလယ်ပိုင်း မီဒီယာများ၏ အဆိုအရ ၁၈ ရက်နေ့ တွင် ဂါဇာဘက်ခြမ်းတွင် သေဆုံးသူ ဦးရေသည် ၁၃၀ ထက် ကျော်လွန်သွားခဲ့သည်ဟု သိရသည်။

ပြည်တွင်းမီဒီယာများ၏အဆိုအရ အစ္စရေးဝန်ကြီးချုပ်ရုံးက စေ့စပ်ညှိနှိုင်းမှုများသည် တိုက်ပွဲများအဆုံးသတ်ခြင်းအပါအဝင် ဖြစ်နိုင်ခြေအားလုံးကို ရှာဖွေနေကြောင်း ၁၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများအဆုံးသတ်ရေးတွင် ဓားစာခံများအားလုံးကို လွှတ်ပေးရေး၊ ဟားမတ်စ်တိုက်ခိုက်ရေးသမားများကို နှင်ထုတ်ခြင်းနှင့် ဂါဇာကမ်းမြောင်ဒေသအား စစ်မဲ့စေရေးတို့ ပါဝင်ရမည်ဟု အစ္စရေးဘက်က ပြောဆိုခဲ့သည်။ ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းရန် ငြင်းဆိုထားပြီး ဆွေးနွေးပွဲ၏ ရလဒ်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။

အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွင်နှစ်ဘက်ကွာဟချက်များကို ညှိနှိုင်း၍ မရနိုင်သည့်အတွက် ရပ်တန့်နေသည်။

အစ္စရေးဘက်က ဓားစာခံ ၁၀ ဦးလွှတ်ပေးရန်နှင့် ၃၀ ရက် ယာယီအပစ်ရပ်စဲရန် တောင်းဆိုခဲ့ပြီး ဟားမတ်စ်ဘက်က ရာသက်ပန်အပစ်ရပ်ရန် တောင်းဆိုထားသည်။

ကျိုဒိုသတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု