နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့ သူ၏ ဒုတိယအကြိမ်မြောက် အစိုးရအဆင့် ခရီးစဉ်အဖြစ်ရောက်ရှိ လာခဲ့သည်။ အမေရိကန် သမ္မတတစ်ဦးအနေဖြင့် ဒုတိယသမတသက်တမ်းတွင် အစိုးရအဆင့် ခရီးစဉ်အဖြစ် ဖိတ်ခေါ်ခံရခြင်းမှာ မတွေ့ရဘူးသော အလွန်ထူးခြားသည့်ဖြစ်ရပ်ဖြစ်သည်။

အောက်ပါအကြောင်းအရာတို့မှာ အထူးဧည့်သည်အဖြစ် ရောက်ရှိလာသော အမေရိကန် သမတ ဒေါ်နယ်ထရန့် အား ဗြိတိသျှဘုရင် ချားလ်ကမည်သို့ဧည့်ခံခဲ့သည့်ဆိုသည့် အကြောင်းအရာများဖြစ်သည်။

အခန်းအနားနှင့်ထွက်ခွာခြင်း  – နေ့အစောပိုင်းတွင် ချားလ်ဘုရင်III နှင့် သမ္မတထရန့် တို့သည် တန်ဆာဆင်မြန်းထားသော နိုင်ငံတော်အိုင်းရစ် ရထားလုံးကြီး(Irish State Coach)ကို စီးပြီး စစ်သည်တော်များခြံရံပြီး ဝင်ဆာရဲတိုက်ကြီးမှ စတင်ထွက်ခွာ လာခဲ့ သည်။ ဘုရင်မကမ်မီလာနှင့်သမတကတော် မဲလ်လီနာထရန့်  တို့သည် စကော့တစ် ရထားလုံး ကြီး (Scottish State Coach) ဖြင့် နောက်မှလိုက်ပါခဲ့သည်။ လမ်းကြောင်းတစ်လျှောက်တွင် စစ်သည်တော်များကတန်းစီစောင့်ဆိုင်းနေကြပြီး အမေရိကန်နှင့် ဗြိတိသျှ နိုင်ငံတော်သီချင်းများကို တီးမှုတ်ဖျော်ဖြေသည့် စစ်တပ်တီးဝိုင်းအဖွဲ့သုံးဖွဲ့ ကတီးမှုတ်ခဲ့ကြသည်။

သီးသန့်နေ့လည်စာ- ထရန့်မောင်နှံ နှင့်တော်ဝင်ဇနီးမောင်နှံတို့သည် ဝင်ဆာရဲတိုက် တွင်းရှိ စားသောက်ခန်းမတွင် သီးသန့်နေ့လည်စာကို စားသုံးခဲ့ ကြသည်။

ပြပွဲကိုကြည့်ရှုခြင်း- ထို့နောက်တွင်၊ ဘုရင်နှင့်မိဖုရားတို့သည် ထရန့်မောင်နှံနှင့်အတူ ရဲတိုက်၏ အစိမ်းရောင်ပုံဆွဲခန်း(Green Drawing Room) သို့ လိုက်ပါသွားကာ အမေရိကန် နှင့် ပတ်သက်သည့် အထူးပြုလုပ်ထားသော ပစ္စည်းများကို ပြသထားသည့် ပြပွဲကိုကြည့်ရှုကြသည်။

အခမ်းအနားသိမ်းသီချင်း – နေ့လည်ပိုင်းတွင် စစ်ဘက် ဂီတပညာရှင် ၂၀၀ ခန့်သည် ရဲတိုက်၏အရှေ့မြက်ခင်းပြင်တွင် စုဝေးခဲ့ကြသည်—၁၇ ရာစုအင်္ဂလန်တွင်ကျင်းပသည့် နေ့၏အဆုံးကို ကိုယ်စားပြုသည့် အခမ်းအနား ဖြစ်သည်။ အခမ်းအနားအား တော်ဝင်လေတပ်၏ လေတပ်အဖွဲ့မှ မြှားနီများ၊ အနီရောင်၊ အဖြူနှင့် အပြာရောင် မီးခိုးငွေ့များ ထုတ်လွှတ် ခင်းကျင်းပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အစိုးရအဆင့် ညစာစားပွဲ – နေ့ကုန်အပြီးတွင် ဝင်းဆာရဲတိုက်၏ အကြီးဆုံး အခန်းဖြစ်သည့် စိန့်ဂျော့ခန်းမ တွင် ဆန်းပြားသောနိုင်ငံတော် ညစာ စားပွဲ ကို ကျင်းပခဲ့သည်။ ညစာမစတင်မီ ဘုရင်က မိန့်ခွန်းပြောကြားကာ ယူကေ နှင့် အမေရိကန်တို့၏ သမိုင်းဝင် ဆက်ဆံရေးကို ဂုဏ်ပြုခဲ့ပြီး ထရန့်၏ ကမ္ဘာ့ပဋိပက္ခများ အတွက် “အဖြေရှာရန်” ကြိုးပမ်းအားထုတ်မှု များအတွက် ထရန့်ကို ချီးကျူးခဲ့သည်။ ထရန့်သည် ၎င်း၏ ဒုတိယမြောက် နိုင်ငံတော် ခရီးစဉ်ကို “ကျွန်ုပ်ဘဝ၏ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်များထဲမှ တစ်ခု” ဟူ၍လည်း ဆန္ဒပြုခဲ့သည်။

အခြားဖြစ်ရပ်များ – ထရန့် နှင့် သမ္မတကတော်တို့သည် စိန့်ဂျော့ချ်ကျောင်း ရှိ အယ်လီဇဘက်ဘုရင်မကြီး ၏ သင်းချိုင်းဂူနေရာသို့သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ ခဲ့ကြသည်။ ထို့အပြင် ဝေလမင်းသားနှင့် မင်းသမီးတို့သည် လည်းထရန့် နှင့်လာရောက် တွေ့ဆုံခဲ့သည်။

ဆန္ဒပြပွဲများ– ယနေ့တွင် လူထောင်ပေါင်းများစွာသည် လန်ဒန်၏လမ်းမများပေါ်၌ အလံများလွှင့်ထူကာ ထရန့်ကို ဆန့်ကျင်သည့်နဖူးစည်းများစီးပြီး ရောင်စုံဆိုင်းဘုတ် များ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

ရှေ့ကိုမျှော်ကြည့်ခြင်း – မနက်ဖြန်တွင် ထရန့်သည် ဘက်ကင် ဟန်ရှိုင်းယား (Buckinghamshire) ရှိ ယူကေဝန်ကြီးချုပ် ကီယာစတာမာ(Keir Starmer) နေထိုင်ရာအိမ် ချီကွီရား(Chequers) သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း နှစ်ဖက် အစည်းအဝေး ညီလာခံတွင် ခေါင်းဆောင်နှစ်ဦးအား နည်းပညာကုမ္ပဏီ အကြီးအကဲ များလည်း ပူးပေါင်း ပါဝင် တက်ရောက်ကြမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ မိတ်ဖက် များအဖြစ် ကြေညာမည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထရန့်ဗြိတိသျှအစောင့်တပ်ကို ချားလ်ဘုရင်နှင့်စစ်ဆေးကြည့်ရှုနေစဥ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။