နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘားအံမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခွင့်မပြုဘဲ ဆန့်ကျင်သွားမယ်လို့ KNU ထုတ်ပြန်

နိုဝင်ဘာလ (၁၈)ရက်။

ဘားအံမြို့နယ်ထဲ စစ်တပ်ရဲ့ လူထုအပေါ် လိမ်လည်လှည့်ဖျားမယ့် အတုအယောင် ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU-ဘားအံမြို့နယ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်သူအပေါ် မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ ‌လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီရွေးကောက်ပွဲမှာ ပြည်သူတွေဟာ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်ဘေးအပါအဝင် ခြိမ်းခြောက်ဖိအားပေးတာတွေနဲ့ အတင်းအဓမ္မ မဲပေးစေခိုင်းခံနေရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပြည်သူနားလည်ဖို့ ခက်ခဲတဲ့ ရွေးကောက်ပွဲစနစ်နဲ့ သူတို့လိုအပ်တဲ့ အဖြေထုတ်နိုင်တဲ့ အီလက်ထရောနစ် မဲပေးတဲ့လုပ်ငန်းစဉ်ဟာ တိကျမှန်ကန်မယ့် ရလဒ်မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို အလွဲသုံးစားပြုတာကြောင့် စစ်တပ်အလိုကျ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး KNU(ဗဟို)ရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်နဲ့အညီ ရပ်တည်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်သက်ဆိုးရှည်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာမပြုဘဲ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ပြီး ဆန္ဒမဲကို အလွဲသုံးစားပြုခွင့်မပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 35 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတိုင်ပင်ခံကောင်စီကို အစိုးရအဖွဲ့ဖွဲ့ပြီးနောက် သမ္မတဆိုသူက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင်
မြန်မာသတင်း

ကျောင်းသားတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာဖို့ သဘောတူခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ ကျနော်တို့ SRF နဲ့ NUG/MOD ရဲ့ ခရိုင်ကွပ်ကဲရေးမှူးနဲ့အဖွဲ့တွေ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။