နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဗလိုဒီမာဇလန်းစကီး နှင့် ဥရောပခေါင်းဆောင်များသည် အိမ်ဖြူတော်တွင် ဒေါ်နယ်ထရန့်နှင့် ယူကရိန်းအရေးဆွေးနွေးပွဲကို ကျင်းပနေကြသည် –

BBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၉ရက်

ယခုအခါတွေ့ဆုံမှုသည် ယခင်ဘဲဥပုံရုံးခန်းတွင်တွေ့ဆုံခဲ့စဥ်က တင်းမာစကားအခြေအတင် ပြောခဲ့စဥ်ကနှင့်မတူဘဲ နှစ်ဖက်ပြုံးပြုံးရွှင်ရွှင်ရှိခဲ့ကြသည်ကိုတွေ့ရှိရသည်။

ပထမအပစ်ရပ်ရေး ပထမပြုလုပ်ကြမည်ဖြစ်ပြီးထို့နောက်တွင် ငြိမ်းချမ်းရေးရရှိရန် ကိစ္စကို ဆက်လက်ဆွေးနွေးကြမည်ကိုဇလန်းစကီးနှင့်ဥရောပမဟာမိတ်များကလိုလားကြသည်။ ထရန့်ကအိမ်ဖြူတော်သို့အင်အားကြီးသောဥရောပနိုင်ငံ(၇)နိုင်ငံမှ ခေါင်းဆောင်များလည်း သူနှင့်ဇလန်းစကီးတို့နှင့်တွေ့ဆုံဆွေးနွေးရန် ရောက်နေပြီဖြစ်ကြောင်းပြောကြားခဲ့ သည်။

တွေ့ဆုံမှုအစတွင် ဇလန်းစကီးသည် ၎င်း၏ဇနီး အိုလီနာ ဇလန်စကာ(Olena Zelenska) ထံမှ ကိုယ်ရေးကိုယ်တာစာတစ်စောင်ကို ထရန့် ၏ဇနီး မီလန်နီယာ ထရန့်(Melania Trump) သို့ ပေးခဲ့ပြီး ရုရှားနိုင်ငံ၌ ထိန်းသိမ်းခံထားရသော ယူကရိန်း ကလေးများကို အိမ်သို့ပြန်လည် ခေါ်ဆောင်ရန် ကြိုးပမ်းမှုအတွက် အမေရိကန် သမ္မတ ကတော်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဇလန်းစကီးက ထိုစာကို ထရန့်သို့ လှမ်းပေး လိုက်ပြီး ထရန့်က လှမ်းယူလိုက်စဥ် ဇလန်းစကီးက “ဒီစာကခင်ဗျားဖတ်ဖို့ မဟုတ်ဘူးနော် ခင်ဗျားမိန်းမဖတ်ဖို့” ဟု နောက်ပြောင်ပြောဆိုခဲ့သည့် ရင်းရင်းနှီးနှီး နွေးထွေးသော အခြေအနေကိုဖော်ပြနေခဲ့ သည်။

ဇလန်းစကီး၏ကုတ်အင်္ကျီကောင်းမွန်ကြောင်းသတင်းထောက်တယောက်ကချီးမွမ်းခဲ့စဥ် ထရန့်က”သူပဲအရင်တခေါက်တွေ့ဆုံတုံးကမင်းဝတ်စုံကိုဝေဖန်ခဲ့တာ”ဟု ဝင်ပြောလိုက်ပြီး နောက် ဇလန်းစကီးကရယ်ရယ်မောမောနှင့် ထိုသတင်းထောက်အား “မင်းဝေဖန်လိုက်တဲ့ အတွက် ငါအခု စစ်ဝတ်စုံအစား အရပ်သားဝတ်စုံကို ပြောင်းဝတ်လာခဲ့ပေမဲ့ မင်းကတော့ အရင်ဝတ်စုံအတိုင်းပါပဲလား”ဟု ပြန်လှန်ကျီစယ်ခဲ့ပြီး သတင်းသမားကလည်း ယခင်က မေးမြန်းခဲ့မှုအတွက် တောင်းပန်ခဲ့သည်။

ပထမအခေါက်ဇလန်းစကီးအိမ်ဖြူတော်လာစဥ် ထရန့် နှင့် ဒုသမတဗန့်တို့နှင့် ဇလန်းစကီး တို့အခြေအတင်စကားများငြင်းခုန်ခဲ့ကြစဥ် ရီပတ်ပလီကင်ပါတီယိမ်း Fox News မှ သတင်းထောက်တယောက်က ဇလန်းစကီးအား အရပ်သား ကုတ်အင်္ကျီ မဝတ်ဘဲဘာကြောင့် စစ်အင်္ကျီကို သမတနှင့်တွေ့ဆုံသည့်အချိန်တွင် ဝတ်လာရ သနည်း ဟုမေးမြန်း၍ ပြဿနာ လုပ်ခဲ့သည့်အတွက် စစ်ဖြစ်နေသောနိုင်ငံမှာ စစ်ဦးစီးချုပ် သမတတယောက်က စစ်ဝတ်စုံ ဝတ်ဆင်တာကို တမင်သက်သက်ပြဿနာရှာသည်ဟုထိုသတင်းထောက်ကိုပြည်တွင်းပြည်ပ သတင်းဌာနအများအပြားကပြစ်တင်ဝေဖန်ရှုံချခဲ့ကြသည်။  

ထရန့် က သူ့အနေနဲ့ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် ပေးရာမှာ အမေရိကန်က ပါဝင်ဆောင်ရွက်မယ်လို့ ပြောခဲ့ပြီးမည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ အစိတ်အပိုင်းမဆိုအလုပ်ဖြစ်စေရမည်ဟုဆို ခဲ့သည်။

ဇလန်းစကီး သည် အမေရိကန်နှင့် ရုရှားခေါင်းဆောင်၏ တွေ့ဆုံမှုအပေါ် ထောက်ခံ ကြောင်း ပြောဆိုခဲ့ပြီး စစ်ပွဲအဆုံးသတ်မည့် ထရန့် ၏ အစီအစဉ်များကို သံတမန်ရေး နည်းလမ်းဖြင့် ရယူရန် ယူကရိန်းနိုင်ငံသားများက ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ယခုလ အိမ်ဖြူတော်တွင် ထရန့် နှင့် ဇလန်းစကီး တို့ကြား ပိုမိုရင်းနှီးသော နှစ်နိုင်ငံတွေ့ဆုံမှုကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပြီး ဖေဖော်ဝါရီတွင် သမ္မတနှစ်ဦးကြား ထိပ်တိုက်တွေ့ခဲ့ရသည့် အဖြစ်အပျက်နှင့် ကွာခြားမှုကို နှိုင်းယှဉ်ကြည့်ခဲ့သည်။

အမေရိကန်က ယူကရိန်းကို “အလွန်ကောင်းမွန်တဲ့ အကာအကွယ်” ပေးမည်ဟု ထရန့်က ပြောသော်လည်း ထိုအာမခံချက်ကို နေတိုးက ဦးဆောင်မည်လော သို့မဟုတ် အမေရိကန် ရဲ့ ပါဝင်ပတ်သက်မှု ရှိမရှိအပေါ် ကတိကဝတ် ပေးအပ်ထားခြင်း မရှိသေးချေ။

စစ်ပွဲအဆုံးသတ်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးဟာ မလိုအပ်ဘူးလို့လည်း အမေရိကန် သမ္မတက ပြောကြားထားပြီး၊ သောကြာနေ့က ပူတင်နဲ့ ဆွေးနွေးမှုမတိုင်ခင် သူ့၏ယခင် ပြောကြားထားခြင်းကို ပြောင်းပြန် လှန်ပြီးပြောလိုက်သည်လည်း ဖြစ်သည်။

ဇလန်းစကီး နှင့် တခြားအခန်းမှာစောင့်ဆိုင်းနေသည့် ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံမှု အပြီးမှာ ဒီနေ့နှောင်းပိုင်းတွင် ပူတင်နှင့် စကားပြောဖို့ စီစဉ်ထားသည်ဟု ထရန့် ကပြောခဲ့ သည်။

ဇလန်းစကီး ကို အမေရိကန်ဆီက ဘာအာမခံချက်လိုချင်လဲဟု မေးသည့်အခါ ယူကရိန်း ခေါင်းဆောင်က ပစ္စည်းများနဲ့ ထောက်လှမ်းရေးအပါအဝင် “အရာရာ” လိုအပ်တယ်ဟု ဆိုခဲ့သည်။

ဆွေး‌နွေးပွဲတက်ရောက်မည့်ဥရောပခေါင်းဆောင်များ

• ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယွန် (Ursula von der Leyen)

• နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူ့တီ (Mark Rutte)

• ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ(Keir Starmer)

• ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်(Emmanuel Macron)

• ဂျာမန်အဓိပတိ ဖရက်ဒရစ် မာ့ဇ်(Friedrich Merz)

• အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမဲလ်လိုနီ (Giorgia Meloni)

• ဖင်လန်သမ္မတ အလက်ဇန်းဒါးစတပ်ဘ်(Alexander Stubb)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။