နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အမိန့်ဖြင့် ဇန်န၀ါရီလ ၆ ရက်နေ့ လွှတ်တော်အကြမ်းဖက်သိမ်းပိုက်မှုတွင် ပါဝင်သူနှစ်ဦးကို စတင်လွှတ်

ဇန်နဝါရီလ ၂၁ ရက်။

သမ္မတထရန့်သည် ဝါရှင်တန်ဒီစီ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော ဇန်န၀ါရီလ ၆ ရက်နေ့တွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားများကို သူသမ္မတဖြစ်လာသည့် ပထမနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးပြန်လည်စတင်သည့်နေ့ သန်းခေါင်ယံမတိုင်မီလေးတွင် ပြစ်ဒဏ်ချမှတ်ခံထားရသော ဇန်န၀ါရီလ ၆ ရက်က အဓိကရုဏ်းသမားနှစ်ဦးသည် ဝါရှင်တန်ဒီစီရှိ ဗဟို ထိန်းသိမ်းရေးစခန်း (Central Detention Facility) မှ လွတ်‌မြောက်သွားခဲ့ကြသည်။

အိမ်ဖြူတော်တရားရေးဌာန၏ တာဝန်ခံ ပေါလ် အင်ဂရပ်စီယာ (Paul Ingrassia) သည် ထောင်ထဲသို့ တစ်နာရီကျော်အကြာ ဝင်ရောက်ပြီးနောက်တွင် ပင်ဆယ်ဗေးနီးယားမှ ညီအစ်ကိုနှစ်ဦးဖြစ်သော အင်ဒရူး (Andrew) နှင့် မက်သရူးဗလင်တင် (Matthew Valentin) တို့သည် လွှတ်တော်ကက်ပီတယ်ကို တိုက်ခိုက်မှုများအတွင်း တရားဥပဒေ စိုးမိုးရေးအား ဖောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထားခြင်းမှ လွတ်ငြိမ်းခွင့် ရရှိခဲ့ပြီးထောင်မှ လွတ်‌မြောက်သွားခဲ့ပါသည်။

ညီအစ်ကိုနှစ်ဦးသည် ၎င်းတို့၏ ထောင်ဒဏ် ၂ နှစ်ခွဲကို တစ်ကြိမ်စီ ချမှတ်ခံခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်မှစ၍ ၎င်းတို့အား ပြစ်ဒဏ်ချရန် ချုပ်နှောင်ထားခဲ့သည်။ ၎င်းတို့သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

အင်ဂရပ်စီယာ (Ingrassia) ၏အဆိုအရ ၎င်းတို့သည် ယနေ့ညတွင် လွတ်မြောက်ရန် မျှော်လင့်ထားသည့် နှစ်ဦးတည်းသာ ဖြစ်သည်။  သို့သော်လည်း ထောင်အပြင်ဘက်ရှိ မိသားစုဝင်များက ၎င်းတို့အိမ်သားများ လွတ်‌မြောက်လာရေးအတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားရေးဌာနမှ လတ်တလော ကိန်းဂဏန်းများ အရ အကျဥ်းသား ၁,၅၀၀ ကျော် အနက်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံထားရသော အကျဉ်းသားရှစ်ဦးသည်ထောင်အတွင်း၌ ရှိနေဆဲဖြစ်သည်။

ABC သတင်းဌာနသည် သမ္မတရုံးတရားရေးဌာနဆက်ဆံရေးရုံး၏ ထုတ်ပြန်ချက်ထက် ကျော်လွန်၍ အတည်မပြုနိုင်သေးပေ။

ဇန်နဝါရီလ ၆ရက်နေ့ ကက်ပီတယ်ဟေးလ် လွှတ်တော်အကြမ်းဖက်ဝင်ရောက်မှုတွင် ပါဝင်လှုံဆော်ခဲ့သူ ဂုဏ်ယူသောလူငယ်များ (Proud Boys) ခေါင်းဆောင်ဟောင်း အင်ရစ်တာရီရို (Enrique Tarrio) သည် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံခဲ့ရသည်။ ဂုဏ်ယူသောလူငယ်များ (Proud Boys) ခေါင်းဆောင်ဟောင်းကို တနင်္လာနေ့ညပိုင်းက ထရန့်၏သမ္မတအမိန့်ဖြင့် သူအကျဥ်းကျနေသည့် လူဝီစီယားနား အကျဥ်းခန်းမှ လွတ်မြောက်ရေးအတွက် စီမံဆောင်ရွက်နေသည်ဟု သူ၏ ရှေ့နေက ABC News သို့ပြောသည်။

တာရီရို (Tarrio) သည် တိုက်ခိုက်မှုနှင့် ဆက်စပ်၍ စွဲချက်တင်ခံထားရသူ ၁,၆၀၀ နီးပါးတွင် အကြာဆုံး ထောင်ဒဏ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

သတင်းရင်းမြစ်။ CNN, ABC

ဓာတ်ပုံ။

ဂုဏ်ယူသောလူငယ်များ (Proud Boys) ခေါင်းဆောင်ဟောင်း အင်ရစ်တာရီရို (Enrique Tarrio)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ