နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

LGBTQ စုံတွဲများသည် ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အလျင်အမြန် လက်ထပ်ကြ

ဇန်နဝါရီလ (၂၁) ရက်။

၂၀၂၄ ရွေးကောက်ပွဲ၏ရလဒ်များသည် LGBTQ စုံတွဲအချို့ကို အထူးစိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည်။

မကြာသေးမီက ဗဟိုတရားရုံးချုပ်၏ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် တရားရုံးချုပ် တရားသူကြီးများ၏ ထင်မြင်ယူဆချက်များကြောင့် သမ္မတ ဒေါ်နယ်ထရန့် ၏ ပထမဆုံး အစိုးရသည် LGBTQ အခွင့်အရေးများကို နည်းမျိုးစုံဖြင့် ကျောခိုင်းလိုက်ခြင်းကြောင့် LGBTQ ချစ်သူများသည် ထိတ်လန့်တုန်လှုပ်သွားကာ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုခဲ့သည့် Obergefell v. Hodges အမှုကိစ္စကို ပြန်လည်ပြောင်းလဲမည်ကို စိုးရိမ်ခဲ့ကြသည်။ တရားရုံးက သို့မဟုတ် ထရန့်ကိုယ်တိုင်က နောက်လေးနှစ်အတွင်းတွင် ပြန်လှန်ပြောင်းလဲလိုက်မည်ကို ပူပန်ခဲ့ကြသည်။

ထို့ကြောင့် မြောက်ကာရိုလိုင်းနားမှ လိုင်စင်ရမင်္ဂလာဆောင်အရာရှိ အန်ဘာ လာမိုရေး (Amber Lamoreaux) သည် ထရန့် ၏ သမ္မတရာထူးမစတင်မီ နှစ်ဦးသဘောတူ တံဆိပ်ခတ် လက်ထပ်ရန် မျှော်လင့်ထားသည့် LGBTQ စုံတွဲတိုင်းအတွက် ၎င်း၏ဝန်ဆောင်မှုများကို အခမဲ့ပေးဆောင်ရန် Facebook တွင် တင်ခဲ့သည်။

သူငယ်ချင်းမိတ်ဆွေများထဲမှ နှစ်ယောက်၊ သုံးယောက်ခန့်သာ သူ့ကို ဆက်သွယ်လာနိုင်မယ်ဟု သူက ထင်ခဲ့သော်လည်း အရှေ့တောင်ပိုင်းတစ်ဝှမ်းလုံးတွင် ရှိကြသည့် ဒါဇင်များစွာသော စုံတွဲများထံမှ မက်ဆေ့ချ်များကို သူမကလက်ခံရရှိခဲ့သည်။ နှစ်လအကြာတွင် သူမသည် LGBTQ စုံတွဲများအတွက် မင်္ဂလာပွဲ ၇၀ ကျော်ကို တာဝန်ယူခဲ့ပြီး တစ်နေ့တည်းတွင် အခမ်းအနား ခြောက်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း လာမိုရေး (Lamoreaux) က ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်းတွင် LGBTQ စုံတွဲအချို့သည် ထရန့် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ဘုရားကျောင်းသို့ သွားနေကြပြီး လူများကလည်း အကူအညီပေးရန် လာနေကြသည်။ ချီကာဂိုတွင် အရာရှိ ကာလာ ဒိုရှီ (Carla Doshi )သည် အစုလိုက် အပြုံလိုက် မင်္ဂလာပွဲကျင်းပရန် ဓာတ်ပုံဆရာတစ်ဦး အပါအဝင် ရှန်ပိန်မုန့် အစုံအလင်ဖြင့် စုံတွဲများအတွက် မင်္ဂလာပွဲကို ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ကျင်းပရန် စီစဉ်နေပါသည်။

အလားတူဖြစ်ရပ်များနှင့် အစီအစဥ်များသည် မီနီအားနားပူးလစ် (Minneapolis)၊ အက်တလန်တာ(Atlanta) နှင့် ပင်ဆယ်ဗေးနီးယား (Pennsylvania) တို့တွင် ဖြစ်ပွားခဲ့သည်။ တစ်ချိန်တည်းတွင်၊ အချို့သောမင်္ဂလာပွဲ စီစဥ်ဆောင်ရွက်ပေးသူများသည် ၎င်းတို့၏ဝန်ဆောင်မှုများကို ပေးဆောင်ရန် လက်မှတ်ထိုး မှတ်ပုံတင် စာရွက်များကို ဖန်တီးခြင်းနှင့် ဝန်ဆောင်ခ မယူဘဲ လက်ခံဆောင်ရွက်ပေးခဲ့ ကြသည်။ လာမိုရေးကဲ့သို့သော အရာရှိများ၊ ခရစ်ယာန် ဓမ္မဆရာများနှင့် အခြားဘာသာရေးခေါင်းဆောင်များသည် လက်ထပ်ရန်ကြိုးစားနေသည့် LGBTQ စုံတွဲများ တိုးလာကြောင်း အစီရင်ခံထားသည်။

“ကျွန်မ ပါဝင်နေတဲ့ ဒီ (LGBTQ )အသိုင်းအဝိုင်းက ကျွန်မ ထင်ထားတာထက် ပိုကြီးတယ် ဆိုတာကို နားလည်သဘောပေါက်စေပါတယ်” ဟု လာမိုရေးက ပြောကြားခဲ့သည်။

အချို့သူများအတွက်၊ အိမ်ထောင်ပြုခြင်းသည် လက်တွေ့ကျသော ရွေးချယ်မှုဖြစ်သည်။

လွန်ခဲ့သော ရှစ်နှစ်က အီးအာ အင်ဒါဆင် (E.R. Anderson) သည် အိမ်တွင် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကြည့်နေစဥ် သူငယ်ချင်းတစ်ဦးထံမှ ဖုန်းဆက်လာသည်။

“ထရန့် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ကျွန်တော့်အဖော်နဲ့ ကျွန်တော်လက်ထပ်ချင်ပါတယ်” ဟု သူငယ်ချင်းဖြစ်သူက အန်ဒါဆင်ကို ပြောခဲ့သည်ဟု သူက ပြန်ပြောင်းပြောပြခဲ့သည် ။

သူက “ လုပ်ပေးမယ်လို့” လျင်မြန်စွာဖြေခဲ့သည်။ သူသည် ဘောင်းဘီကို အမြန်ကောက်ဝတ် ပြီးနောက် အတလန်တာရှိ Atlanta’s Charis Books and More စာအုပ်ဆိုင်သို့ ထွက်လာခဲ့သည်။ ထိုစာအုပ်ဆိုင်သည် တောင်ပိုင်း LGBTQ လူများအတွက် အခမ်းအနားပြုလုပ်ပေးသည့် နိုင်ငံရေးနှင့်မပတ်သက်သည့် ဘုရားကျောင်းတစ်ခုအဖြစ် သတ်မှတ်ထားသည့် အမျိုးသမီးဝါဒီ စာအုပ်ဆိုင်တခု ဖြစ်သည်။ သူဝင်သွားစဉ်တွင် အခြားအမျိုးသမီး လိင်တူ ချစ်သူစုံတွဲထံမှ အလားတူတောင်းဆိုမှုတစ်ခုကို ရရှိခဲ့သည်။

သမ္မတအဖြစ် ထရန့် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့နေ့တွင် မိုင်ရာနှင့် ချီဝေးသည့်နေရာမှ LGBTQ စုံတွဲနှစ်တွဲသည် သူတို့၏ အချစ်ကို ထာဝရခိုင်မြဲအောင် လက်ထပ်ပွဲကို ဆင်နွှဲခဲ့ကြပါသည်။ ယခုနှစ်တွင်၊ ချားရစ် ဆာကယ် (Charis Circle) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သော အန်ဒါဆင်သည် စာအုပ်ဆိုင်၏ အကျိုးအမြတ်မယူသော အစီအစဥ်မှ ကျမ်းသစ္စာကျိန်ဆိုပွဲမစမီ တစ်ရက်အလိုတွင် စီစဉ်ထားသော အစုလိုက် အပြုံလိုက် မင်္ဂလာပွဲကို ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ယခုနှစ် မင်္ဂလာပွဲ ကျရောက်လာသည့်အခါ၊ အန်ဒါဆင်ပြောသော အချို့သော စုံတွဲ ခုနစ်တွဲ သည် “နှစ်များစွာ၊ နှစ်ပေါင်းများစွာ” လက်တွဲခဲ့ကြသည့်သူများ ဖြစ်ပြီး လက်ထပ်ကြရန် ကတိသစ္စာပြုပြီးဖြစ်သည်။ သူတို့ထဲကတချို့မှာ “ မကြာခင် လက်ထပ်ဖို့ အစီအစဉ်တောင် မရှိသေးဘူး” ဟု သူက ပြောပါတယ်။ ယင်းအစား၊ လက်ထပ်ထိမ်းမြားလက်မှတ်၏ တရားဝင်စာရွက်စာတမ်းရှိခြင်းသည် အနာဂတ်တွင် မည်သို့ပင်ရှိနေစေကာမူအချို့ကို အကာအကွယ်အဖြစ် အသုံးပြုနိုင်မည်ဟု မျှော်လင့်ချက်ရှိပါသည်။

သတင်းရင်းမြစ်/ဓာတ်ပုံ။ CNN

May be an image of 1 person and text

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 49 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက