နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

နိုဝင်ဘာလ (၂၂)ရက်။

တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။

“ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးသိက္ခာချတာကို ကျမအနေနဲ့ ဘယ်လိုမှလက်ခံသွားမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်လည်း NUG တာဝန်ရှိသူတွေကို အမြန်ဆုံး စုံခုံဖွဲ စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုထားပြီး၊ ကျမအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်ဆိုတာ တင်ပြထားတယ်” လို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတိုကို ဝန်ကြီးချုပ်ရုံးဝန်ထမ်းဟောင်းတွေက မလျော်ဩဇာသုံး လွှမ်းမိုးချယ်လှယ်တယ်ဆိုကာ နိုဝင်ဘာလ (၁၉)ရက်နေ့ရက်စွဲနဲ့ NUG ယာယီသမ္မတ၊ CRPH နဲ့ ဝန်ကြီးချုပ်ရုံးတိုကို တိုင်ကြားခဲ့တာလို သိရပါတယ်။

အဲ့ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး ဒေါ်ကြည်ပြာက “ တကယ်တော့ ဒီစာက သမ္မတ၊ CRPH ဥက္ကဌနဲ့ ဝန်ကြီးတွေဆီကို (၁၉)ရက်နေ့မှာပိုတယ်လိုသိရပြီး ဝန်ကြီးချုပ်ဆီတော့ တိုင်စာရောက်မလာပဲ (၂၀)ရက်နေ့မှာ စနစ်တကျ အချိန်ကိုက် သတင်းမီဒီယာအပေါ်ရောက်လာပါတယ်။ ဒါပေမယ့် ဒီလိုမျိုး သေးငယ်တဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တခုကို အရင်းပြုပြီး စနစ်တကျစီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို ပထမဦးဆုံးကြုံရတာပဲဖြစ်ပါတယ်” လို ပြောဆိုထားပါတယ်။

တိုင်ကြားစာထဲ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတိုဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ အလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ ဝန်ထမ်းတွေအပေါ် မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်တာတိုကြောင့်ဆိုပြီး ဝန်ထမ်း (၁၂)ဦးက တိုင်ကြားထားတာလို သိရပါတယ်။

အဲ့ဒီတိုင်ကြားစာပါအချက်တွေကြောင့် ၂၀၂၂ခုနှစ်ကနေ ၂၀၂၅ခုနှစ်ထဲ ဝန်ကြီးချုပ်ရုံးဝန်ထမ်း (၁၉)ဦး ရုံးကို စွန့်ခွာသွားတယ်လို ဖော်ပြထားသလို ဒေါ်ကြည်ပြာဟာ ပုဂ္ဂိုလ်ရေးအကျိူးစီးပွားအတွက် ဝန်ကြီးချုပ်ကိုပါ ကြိုးကိုင်ချယ်လှယ်နေတယ်လို ဖော်ပြထားပါတယ်။

ဒါ့ကြောင့် NUG အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အရေးယူပေးဖို၊ နစ်နာသူတွေကို ကုစားပေးဖိုနဲ့ နှောင့်ယှက်တာမရှိစေဖို ကာကွယ်မှုပေးဖို တိုင်ကြားစာထဲ ထည့်သွင်းတောင်းဆိုထားတယ်လို သိရပါတယ်။

ဒီလိုတိုင်ကြားစာထဲပါဝင်တဲ့အချက်ထဲ ဝန်ထမ်းတွေအတွက် နေထိုင်ခွင့်အထောက်အထားမလုပ်ပေးဘူးဆိုတဲ့ကိစ္စဟာ လုံးဝမှားယွင်းနေသလို ဝန်ထမ်း (၈)ယောက်လောက်ကို အခန်းကျဉ်းတခုပဲပေးပြီး နေ့တိုင်းရုံးတက်ရတယ်ဆိုတဲ့ကိစ္စ၊ ငွေကြေးတွေစာရင်းပျောက်ကိစ္စနဲ့ အိမ်မွေးခွေးတွေအတွက် တလ ဘတ်(၁၀၀၀၀)ကျော်သုံးတယ်ဆိုတဲ့ကိစ္စတွေဟာ အချက်အလက်တွေ လွဲမှားနေတယ်လို ဒေါ်ကြည်ပြာက ပြန်လည်ရှင်းလင်းထားပါတယ်။

ဒါ့အပြင် တိုင်ကြားစာထဲက အချိုအချက်အလက်တွေဟာ စွပ်စွဲချက်ဆိုပြီး ပြောရမှာ တော်ခက်ခဲပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တာကြောင့် လိုအပ်သလို ဖြေရှင်းသွားမှာဖြစ်ပြီး တိုင်ကြားသူတွေအနေနဲ့လဲ တာဝန်ယူဖို သူက ထည့်သွင်းပြောဆိုထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့