နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းကို ရုရှား ကျူးကျော်ပြီး သုံးနှစ်အကြာ အမေရိကန်သည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂကို အဆိုပြုသော်လည်း ယူကရိန်းနှင့် ဥရောပတို့က ယင်းအဆိုပြုချက်ကို ဆန့်ကျင်

ဖေဖော်ဝါရီလ (၂၃) ရက်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စုက ၎င်း၏ ကိုယ်ပိုင် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂထံ တင်သွင်းခဲ့ပါတယ်။ ဥရောပကျောထောက်နောက်ခံပြု ယူကရိန်းက အဲ့ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညသန်းခေါင်အချိန်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ ရှင်းလင်းပြီး သဘောပေါက်လွယ်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုပါ။ ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးတဲ့အတွက် နိုင်ငံအားလုံးကို ထောက်ခံပေးဖို့ တောင်းဆိုပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။

CNN က ဖတ်ရှုခဲ့ရတဲ့ အမေရိကန် ဆုံးဖြတ်ချက်မူကြမ်းမှာ ရုရှားရဲ့ ကျူးကျော်ရန်လိုမှုကို ရှုတ်ချခြင်း ဒါမှမဟုတ် ယူကရိန်း၏ နယ်မြေစိုးမိုးရေးကို ဖော်ပြတဲ့ စကားလုံးတွေ မပါဝင်ပါဘူး။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ “ ကြေကွဲဖွယ် အသက်ဆုံးရှုံးခြင်း” ကို ဝမ်းနည်းကြေကွဲခဲ့ပြီး “ ကုလသမဂ္ဂရဲ့ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး” လို့ အတည်ပြုခဲ့ပြီး “ ပဋိပက္ခကို စောစီးစွာ အဆုံးသတ်ရန်” နဲ့ “ ယူကရိန်းနဲ့ ရုရှားအကြား ထာဝရငြိမ်းချမ်းရေး” ကို တောင်းဆိုထားပါတယ်။

“ ကုလသမဂ္ဂဟာ စတင်ဖွဲ့စည်းခဲ့စဉ်က မူလရည်ရွယ်ချက်ကို ပြန်သွားသင့်တယ်” လို့ သမ္မတထရန့် ရဲ့ ထည့်သွင်းစဉ်းစားချက်နဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်မူကြမ်းဖြစ်တယ်” လို့ ရူဘီယိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ မူကြမ်းနဲ့ပတ်သက်ပြီး ယူကရိန်းရဲ့ဆုံးဖြတ်ချက်မူကြမ်းဟာ “ ယူကရိန်းအပေါ် ရုရှားရဲ့ လုံးလုံးလျားလျား ကျူးကျော်ရန်လိုမှု” ကို ရည်ညွှန်းပြီး “ ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ချမှတ်ထားတဲ့ အရင်ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း” ထောက်ပြခဲ့ပါတယ်။

မကြာသေးမီက ထရမ့်က ရုရှားနဲ့ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းနေစဉ် ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးအား တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဒီအတောအတွင်း ရူဘီယိုဟာ ၂၁ ရက်နေ့မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တယ်လီဖုန်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ ထရမ့်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သူ့ရဲ့လုပ်ဆောင်မှုတွေ အပါအဝင် စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရဲ့ ကတိကဝတ်ကို အတည်ပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်တာ သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် G7 ပူးတွဲကြေညာချက်မှာ ထရမ့်အစိုးရဟာ “ ရုရှားကျူးကျော်မှု” ဆိုတဲ့ အသုံးအနှုန်းကို ဆန့်ကျင်ခဲ့ပါတယ်။

ဓာတ်ပုံ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ၊ ယူကရိန်းနိုင်ငံကို ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတစ်ခု။ / Stringer/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 26 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 139 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ