နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် ဥရောပ

ပြင်သစ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီးနောက် ထရန့် ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်

ပြင်သစ်နိုင်ငံသည် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုလိုက်ပြီး၊ ဤသို့ဆောင်ရွက်သည့် နိုင်ငံများလှိုင်းထဲတွင် နောက်ဆုံးပါဝင်လာသည့်နိုင်ငံ ဖြစ်လာသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က “ ငြိမ်းချမ်းရေး အတွက် အချိန်ကျပြီ” ဖြစ်ပြီး “ ဂါဇာတွင် ဖြစ်ပွားနေသော စစ်ပွဲကို မည်သည့်အရာကမှ အကြောင်းမပြနိုင်” ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်သည် အင်္ဂါနေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး၊ ဂျော်ဒန်နှင့် ကာတာကဲ့သို့သော အဓိက ဒေသဆိုင်ရာ နိုင်ငံများ၏ ခေါင်းဆောင်များကလည်း ပြောကြားကြမည်ဖြစ်သည်။

တနင်္လာနေ့က ပြင်သစ်နှင့် ဆော်ဒီအာရေဗျတို့ အိမ်ရှင်အဖြစ်ကျင်းပသည့် ပဋိပက္ခအတွက် နိုင်ငံနှစ်ခုဖြေရှင်းချက် အစီအစဉ်များကို အဓိကထားသော တစ်ရက်ကြာ ထိပ်သီး အစည်းအဝေးသို့ အမေရိကန်နိုင်ငံ တက်ရောက်ခဲ့ခြင်း မရှိပါ။ G7 အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနှင့် အီတလီတို့လည်း တက်ရောက်ခဲ့ခြင်း မရှိကြပေ။

တနင်္ဂနွေနေ့က ယူကေ၊ ကနေဒါ၊ ဩစတြေးလျနှင့် ပေါ်တူဂီတို့က အသိအမှတ်ပြုကြောင်း ကြေညာပြီးနောက် ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ မော်လ်တာ၊ အင်ဒိုရာနှင့် ဆန်မာရီနိုနိုင်ငံ တို့သည်လည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် စီစဉ်ထားသည်။

ဂါဇာတွင် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် အနောက်ဘက်ကမ်းခြေဒေသတွင် အခြေချနေထိုင်မှုများတိုးချဲ့ တည်ဆောက်နေခြင်း တို့ကြောင့် အစ္စရေးအပေါ် နိုင်ငံတကာ၏ ဖိအားများ တိုးမြင့်လာနေသည်။

အသိအမှတ်ပြုခြင်းသည် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ခဲ့မှုအတွက် ဆုချသလို ဖြစ်သွားမည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

ထိုအချိန်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၆၅,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမတ်စ်ထိန်းချုပ်သော ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ လူဦးရေတစ်သန်းနေထိုင်ခဲ့သည့် ဂါဇာမြို့ကို ပြီးခဲ့သည့်လက အငတ်ဘေး ကြုံတွေ့နေကြောင်း နိုင်ငံတကာကအတည်ပြုခဲ့ပြီး လက်ရှိတွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာမြို့ကို ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်ထိုးစစ်ဆင်နွှဲလျက်ရှိသည်။

အစည်းအဝေးတွင် ပြင်သစ်ခေါင်းဆောင်က စစ်ပွဲကိုရပ်တန့်ပြီး ဟားမတ်စ်တို့ ထိန်းသိမ်းထားသည့် ကျန်ရှိနေသေးသော အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူက “ အဆုံးမဲ့စစ်ပွဲများ၏ အန္တရာယ်” ကို သတိပေးခဲ့ပြီး “ အင်အားထက် အမှန်တရားက အမြဲတမ်း အနိုင်ယူရမည်” ဟု ဆိုခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းသည် အရှေ့အလယ်ပိုင်းတွင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ပျက်ကွက်ခဲ့ကြောင်း သူက ပြောကြားခဲ့ပြီး “ အစ္စရေးနှင့် ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိကြပြီး အတူယှဉ်တွဲနေထိုင်နိုင်မည့် နိုင်ငံနှစ်ခုဖြေရှင်းချက် ဖြစ်နိုင်ခြေကို ထိန်းသိမ်းရန် ကျွန်ုပ်တို့တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရမည်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ် ဘင် ဖာဟန် အယ်လ် ဆာ့အူးဒ်(Faisal bin Farhan Al Saud )ကလည်း အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် ကိုယ်စား ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားခဲ့သည်။

သူက နိုင်ငံနှစ်ခုဖြေရှင်းချက်သည် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လေယန်က ဥရောပသမဂ္ဂ (EU) အနေဖြင့် ဂါဇာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ယန္တရားသစ်တစ်ခုကို တည်ထောင်သွားမည်ဟု ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့အားလုံး ပိုမိုလုပ်ဆောင်ရမည်” ဟု သူက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့ပြီး “ ထို့ကြောင့် ကျွန်ုပ်တို့သည် ပါလက်စတိုင်း အလှူရှင်များအဖွဲ့ကို ဖွဲ့စည်းသွားမည်” ဟု ဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာအခြေအနေကို “ ကိုယ်ကျင့်တရားပိုင်းအရ၊ ဥပဒေပိုင်းအရနှင့် နိုင်ငံရေးအရ သည်းမခံနိုင်စရာ” အဖြစ် ရည်ညွှန်းခဲ့ပြီး နိုင်ငံနှစ်ခုဖြေရှင်းချက်သည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးအတွက် “ တစ်ခုတည်းသော ယုံကြည်ရသည့် လမ်းကြောင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်က သူနှင့် အခြားပါလက်စတိုင်းအရာရှိများ၏ ဗီဇာများကို ရုပ်သိမ်းခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ကိုယ်တိုင်တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည့် ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်က အစည်းအဝေးသို့ ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။

သူက အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ပြီး ဟားမတ်စ်အဖွဲ့အနေဖြင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ထံသို့ “ လက်နက်ချ” ရန် တောင်းဆိုကာ ဂါဇာကို အုပ်ချုပ်ရာတွင် မည်သည့်အခန်းကဏ္ဍမှ မပါဝင်သင့်ဟု ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့လိုချင်တာက လက်နက်မရှိတဲ့ ပေါင်းစည်းညီညွတ်တဲ့ နိုင်ငံတစ်ခုပါ” ဟု သူက ပြောကြားခဲ့သည်။

အဘတ်စ်သည် ဟားမတ်စ်၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေး တောင်ပိုင်းကို တိုက်ခိုက်ခဲ့မှုကိုလည်း ရှုတ်ချခဲ့ပြီး အစ္စရေးပြည်သူများအား “ ကျွန်ုပ်တို့ရဲ့ အနာဂတ်နဲ့ ခင်ဗျားတို့ရဲ့အနာဂတ်ဟာ ငြိမ်းချမ်းရေးအပေါ်မှာ မူတည်နေပါတယ်။ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေ တော်လောက်ပါပြီ” ဟု ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များက မြို့တွင်းသို့ ပိုမိုထိုးဖောက်ဝင်ရောက်နေစဉ် ဂါဇာမြို့ကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

မက်ခရွန်က ပြင်သစ်သည် ဂါဇာတွင် “ တည်ငြိမ်ရေးမစ်ရှင်” တစ်ခုအတွက် ပံ့ပိုးကူညီရန် အဆင်သင့်ရှိကြောင်းနှင့် ဟားမတ်စ်ကို ဖျက်သိမ်းရေးကို ကြီးကြပ်မည့် PA ပါဝင်သော ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။

ဟားမတ်စ်တို့ ထိန်းသိမ်းထားသည့် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရမှသာ ပြင်သစ်သည် ပါလက်စတိုင်းနိုင်ငံတွင် သံရုံးဖွင့်လှစ်မည်ဟု သူက ပြောကြားခဲ့သည်။

မက်ခရွန်၏ ကြေညာချက်မထုတ်ပြန်မီ မကြာမီတွင် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီ ဒါနွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး နိုင်ငံနှစ်ခုဖြေရှင်းချက်သည် “ စဉ်းစားစရာမရှိတော့” ဟု ဒါနွန်က ပြောကြားခဲ့ပြီး ယခုအပတ် ကုလသမဂ္ဂတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများကို “ ဟန်ဆောင်ပွဲ” ဟု ခေါ်ဆိုခဲ့သည်။ သူက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေကို အစ္စရေးက သိမ်းပိုက်ခြင်းကိုလည်း ပယ်ချခြင်းမရှိခဲ့ပေ။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂျော်ဒန်မြစ်အနောက်ဘက်တွင် ပါလက်စတိုင်း နိုင်ငံတစ်နိုင်ငံ ရှိလာမည်မဟုတ်ဟု အခိုင်အမာပြောကြားထားပြီး သမ္မတ အိုက်ဇက် ဟာဇော့ဂ်ကလည်း နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် “ အမှောင်စွမ်းအားများကိုသာ အားပေးအားမြှောက်ပြုရာရောက်မည်” ဟု ပြောကြားခဲ့သည်။

မက်ခရွန်၏ ကြေညာချက်မတိုင်မီ တနင်္ဂနွေနေ့ညက အီဖယ်မျှော်စင်တွင် ပါလက်စတိုင်းနှင့် အစ္စရေးအလံများကို လွှင့်ထူခဲ့သည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများအား ကြားနေရန် အစိုးရ၏ အမိန့်ထုတ်ပြန်ထားသော်လည်း ပြင်သစ်နိုင်ငံရှိ မြို့တော်ခန်းမအများအပြားတွင် တနင်္လာနေ့က ပါလက်စတိုင်းအလံများကို လွှင့်ထူခဲ့ကြသည်။

အီတလီနိုင်ငံတစ်ဝန်းရှိ မြို့နှင့်မြို့နယ်ပေါင်း ၈၀ ခန့်တွင်လည်း ပါလက်စတိုင်းလိုလားသော ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုနိုင်ငံတွင် ဂျော်ဂျီယာ မယ်လိုနီ၏ အစိုးရက မတည်ရှိ သေးသော နိုင်ငံတစ်နိုင်ငံကို အသိအမှတ်ပြုခြင်းသည် “ တန်ပြန်ဆိုးကျိုးဖြစ်စေနိုင်သည်” ဟု မကြာသေးမီက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံတွင်မူ ပါလက်စတိုင်းနိုင်ငံဖြစ်တည်ရေးသည် လက်ရှိတွင် ဆွေးနွေးစရာ ကိစ္စ မဟုတ်ဟု အစိုးရက ပြောကြားထားပြီး နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူးလ်က တနင်္လာနေ့တွင် နယူးယောက်သို့ မထွက်ခွာမီ “ ဂျာမနီအတွက် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းသည် လုပ်ငန်းစဉ်၏ အဆုံးပိုင်းတွင်မှ လာမည့်ကိစ္စဖြစ်သည်၊ သို့သော် ဤလုပ်ငန်းစဉ်ကို ယခုပင်စတင်ရမည်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 39 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 48 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်