နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အချက်အလက် စစ်ဆေးချက်- ထရမ့်က ပေါ့ထ်လန်းမြို့ မီးလောင်နေသည်ဟု ထပ်မံ၍ လွဲမှားစွာ ပြောဆို

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်

သမ္မတသည် အမေရိကန် မြို့ကြီးတစ်မြို့ မီးလောင်နေသည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေသည်။ ထိုအရာသည် အမှန်တရားနှင့် လုံးဝ နီးစပ်မှု မရှိသော်လည်း ပြောဆိုခဲ့သည်။

သမ္မတ ဒေါ်နယ်လ် ထရမ့်က အင်္ဂါနေ့တွင် အိမ်ဖြူတော်၌ သတင်းထောက်များအား “ ဒီတစ်ပတ် ပိတ်ရက်မှာ ပေါ့ထ်လန်းကို ကျွန်တော် ကြည့်လိုက်တယ်။ မြို့က လုံးဝ မီးလောင်နေတာ၊ မီးလောင်ပြာကျနေတာပဲ” ဟု ပြောခဲ့သည်။ ထရမ့်က တနင်္လာနေ့တွင် အယူခံတရားရုံးတစ်ခုက ၎င်း၏ အမျိုးသားအစောင့်တပ် (National Guard) များ အိုရီဂွန် ပြည်နယ်၊ ပေါ့ထ်လန်းမြို့သို့ စေလွှတ်ရန် ကြိုးပမ်းမှုကို ယာယီပိတ်ပင်ထားသည့် အမိန့်နှစ်ခုအနက် တစ်ခုကို ပယ်ဖျက်ပေးလိုက်ကြောင်း မှတ်ချက်ပြုပြီးနောက် “ ပေါ့ထ်လန်းလို နေရာမျိုးကို ကြည့်လိုက်ရင်၊ ဘာပြဿနာမှ မရှိဘူးလို့ ပြောတာက အရမ်းရယ်စရာ ကောင်းတယ်။ မြို့က ဒီတစ်ပတ် ပိတ်ရက်မှာ မီးစွဲလောင်နေခဲ့တာပဲ” ဟု ထပ်မံပြောဆိုခဲ့သည်။

သို့သော်လည်း ပေါ့ထ်လန်းမြို့သည် ထိုတစ်ပတ် ပိတ်ရက်တွင် “ မီးလောင်နေသည်” ဟူသော အခြေအနေမျိုး လုံးဝမဖြစ်ခဲ့ပါ။ အင်္ဂါနေ့တွင် ထရမ့်က ဤမှတ်ချက်များပေးနေချိန်၌လည်း ထိုသို့မဖြစ်ခဲ့ပါ။ ပြီးခဲ့သည့် လအတွင်း အကြိမ်ကြိမ် ထိုကဲ့သို့ ပြောဆိုခဲ့သည့်အခါများတွင် လည်း ထိုသို့မဖြစ်ခဲ့ပါ။

ဒီတစ်ပတ် ပိတ်ရက်အတွင်း ပေါ့ထ်လန်းမြို့၏ ဓာတ်ပုံများ—ထရမ့်ကို ဆန့်ကျင်သော “ ဘုရင်အလိုမရှိ (No Kings)” ဆန္ဒပြပွဲတွင် လူသောင်းပေါင်းများစွာက စနေနေ့၌ ငြိမ်းချမ်းစွာ ပါဝင်ခဲ့သည့် ဓာတ်ပုံများ အပါအဝင်—တို့သည် မြို့တော်သည် မီးလောင်ခြင်းမရှိဘဲ ပုံမှန် အတိုင်း တည်ရှိနေကြောင်း ပြသနေသည်။ ပေါ့ထ်လန်းမြို့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဒီ ဘိုးမန်း က မီးသတ်ဌာနသည် လတ်တလောလများအတွင်း ဆန္ဒပြလှုပ်ရှားမှုများ၏ ဗဟိုဖြစ်ခဲ့ သည့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး (ICE) အဆောက်အအုံသို့ ထိုတစ်ပတ် ပိတ်ရက်အတွင်း လုံးဝ စေလွှတ်ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် ICE အဆောက်အအုံအနီးတွင် ဖက်ဒရယ်အစိုးရ အေးဂျင့်များက ဆန္ဒပြသူများ ကို လူစုခွဲရန် မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးများ အသုံးပြုပြီးနောက် စနေနေ့၌ စတင်လောင်ကျွမ်း ခဲ့သော မီးငယ်လေးများ၏ ပုံရိပ်များကို မြင်တွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။

The Oregonian သတင်းစာက အင်္ဂါနေ့တွင် ထရမ့်၏ နောက်ဆုံး “ မီးလောင်နေသည်” ဟူသော ပြောဆိုချက်များကို ချေပကာ အစီရင်ခံရာ၌ “ ဖက်ဒရယ် အေးဂျင့်များက ဆန္ဒပြသူ များအား မျက်ရည်ယိုဗုံးများ သုံးစွဲခဲ့ပြီး ဗုံးခွံများမှ မီးပွားများက မီးငယ်လေးများစွာကို စတင်လောင်ကျွမ်းစေခဲ့သော်လည်း မိုးရွာခြင်းနှင့် လောင်စာမရှိခြင်းတို့ကြောင့် ၎င်းတို့သည် လျင်မြန်စွာ ငြိမ်းသွားခဲ့သည်” ဟု ဖော်ပြခဲ့သည်။

ဤမီးများ စတင်လောင်ကျွမ်းရခြင်း အကြောင်းရင်းကို ဘေးဖယ်ထား၍ ကြည့်လျှင်ပင်၊ ၁၄၅ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၆၃၀,၀၀၀ ကျော်ရှိသော မြို့တစ်မြို့လုံး “ မီးလောင်နေ သည်” ဟူသော သမ္မတ၏ ပြတ်သားသော ကြေညာချက်သည် လမ်းတစ်လမ်းတည်းရှိ မီးငယ်လေးများ ခဏတာ လောင်ကျွမ်းမှုလောက်ဖြင့် ထင်ရှားပေါ်လွင်အောင် သက်သေပြ နိုင်ခြင်း မရှိသည်မှာ ရှင်းလင်းသည်။

ဘိုးမန်းက ပေါ့ထ်လန်း မီးသတ်ဌာနသည် ဒီတစ်ပတ် ပိတ်ရက်အတွင်း အဆောက်အအုံ မီးလောင်မှု တစ်ခုတည်းကိုသာ တုံ့ပြန်ခဲ့ရသည်ဟု ပြောသည်။ သောကြာနေ့မှ တနင်္လာနေ့ အထိ တစ်နေ့လျှင် စုစုပေါင်း မီးလောင်မှု ကိုးခုခန့်သာ တုံ့ပြန်ခဲ့ရပြီး၊ ၎င်းသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် “ သိသိသာသာ နည်းပါးသည်” ဟု ပြောကြားခဲ့ကာ၊ ထိုမီးလောင်မှု များ၏ တစ်ဝက်ခန့်သည် အမှိုက်မီးလောင်မှုများဖြစ်သည်ဟု ဆိုသည်။ The Oregonian သတင်းစာက စနေနေ့ နေ့လည်ခင်းတွင် လုပ်ငန်းတစ်ခုသည် ၎င်း၏ ဘေးတွင် ရပ်ထားသည့် RV (အပန်းဖြေယာဉ်) တွင် ဖြစ်ပွားသော “ ပေါက်ကွဲတတ်သော” မီးလောင်မှုကြောင့် ပျက်စီးခဲ့ကြောင်း အစီရင်ခံခဲ့သည်။

မီးသတ်ဌာနက သတင်းစာအား ပြောကြားသည်မှာ ထိုဖြစ်ရပ်ကို ကိုင်တွယ်ရန် မီးသတ်ကား တစ်စီးတည်းသာ စေလွှတ်ခဲ့ရသည်။ ၎င်းသည် သမ္မတ အကြံပြုသကဲ့သို့ မြို့တော်တစ်ခုလုံး မီးတောက်လောင်နေသော အခြေအနေနှင့် နီးစပ်ခြင်းမရှိသည့် သာမန်ဒေသတွင်း သတင်း မျှသာ ဖြစ်သည်။ ဤဆောင်းပါး ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေချိန်အထိ သမ္မတ၏ ပြောဆိုချက် များသည် အမှန်တရားနှင့် မည်မျှ ကွာခြားနေသည်ကို သင်ကိုယ်တိုင် ပေါ့ထ်လန်းမြို့၏ တိုက်ရိုက် ဗီဒီယိုရိုက်ချက်များကို ကြည့်ရှုနိုင်သည်။

ထရမ့်သည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ပေါ့ထ်လန်းနှင့် ပတ်သက်၍ အလားတူ အခြေအမြစ်မရှိသော အခိုင်အမာ ပြောဆိုမှုများကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ သူက “ ပေါ့ထ်လန်းမြို့ မြေပြင်အထိ မီးလောင်နေသည်” နှင့် “ ပေါ့ထ်လန်းဟာ နှစ်ပေါင်း များစွာ မီးလောင်နေတာ” ဟု လွဲမှားစွာ ပြောဆိုခဲ့သည်။ ထို့အပြင် မြို့တွင် “ စတိုးဆိုင်များ တောင် မရှိတော့” ကြောင်းနှင့် ပြတင်းပေါက်များတွင် မှန်အစား သစ်သားပြားများသာ တပ်ဆင်ကြသည်ဟု လွဲမှားစွာ ပြောဆိုခဲ့ပြီး၊ “ စစ်ဒဏ်သင့်နေသော ပေါ့ထ်လန်း” ဟုလည်း အခြေအမြစ်မရှိဘဲ ရည်ညွှန်းခဲ့သည်။

အိမ်ဖြူတော် စာနယ်ဇင်း အတွင်းရေးမှူး ကာရိုလိုင်း လီဗစ်က အောက်တိုဘာလ ၆ ရက် နေ့တွင် ထရမ့်၏ မှတ်ချက်များကို ကာကွယ်ပြောဆိုခဲ့ပြီး သတင်းထောက်များအား “ မြေပြင် ကို သွားရောက်ပြီး ကိုယ်တိုင်ကြည့်ရှုရန်” တိုက်တွန်းခဲ့သည်။ နောက်တစ်နေ့တွင်၊ CNN သတင်းထောက် ရှီမွန် ပရိုကူပက်ဇ်က ပေါ့ထ်လန်းမြို့ မြေပြင်မှနေ၍ သမ္မတ၏ ဖော်ပြ ချက်များသည် လက်တွေ့ဘဝနှင့် လုံးဝ ကင်းကွာနေကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“ သိထားရမှာက၊ ဒီဖြစ်ရပ်တွေ အားလုံးဟာ မြို့လယ်ခေါင်မှာဖြစ်တာမပြောနဲ့ လမ်းတစ် လမ်းတကွက် စာတောင် မပြည့်တဲ့ နေရာမှာ ဖြစ်နေတာပါ” ဟု ပရိုကူပက်ဇ်ကဆိုသည် ICE အဆောက်အအုံပတ်လည်တွင် ဆန္ဒပြမှုများ (ဆန္ဒပြသူများက ရံဖန်ရံခါ အလံမီးရှို့ခြင်းများ လည်း ပါဝင်သည်) နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

“ ပေါ့ထ်လန်းရဲ့ ကျန်တဲ့နေရာတွေကတော့ ပရမ်းပတာ မဖြစ်ပါဘူး။ လမ်းရထားတွေ ပြေးဆွဲနေတယ်၊ နာမည်ကျော် Powell’s စာအုပ်ဆိုင်အပြင်မှာ ဂီတာသမားတွေ တီးခတ်နေတယ်၊ Pioneer Courthouse Square မှာ လမ်းညွှန်ခရီးစဉ်တွေ ရှိနေတယ်။ သင် သတိမထားမိရင် ICE အဆောက်အအုံပြင်ပက အဲဒီ တစ်လမ်းစာနေရာမှာ ဘာမှဖြစ်နေမှန်း သိမှာတောင် သိကြမှာမဟုတ်ဘူး” ဟု ဆိုသည်။

ပေါ့ထ်လန်းမြို့နေသူများနှင့် မြို့တော်နှင့် အိုရီဂွန်ပြည်နယ်ရှိ အစိုးရအရာရှိများအားလုံးသည် ရဲချုပ်၊ မြို့တော်ဝန်မှသည် အုပ်ချုပ်ရေးမှူးဘုရင်ခံအထိ ပါဝင်ပြီး၊ ထရမ့်၏ဖန်တီး ပြောကြား နေသည့်  ဇာတ်ကြောင်းကို မှန်ကန်အောင် ပြင်ဆင်ရန်အတွက် ရက်သတ္တပတ်များစွာ ကြိုးပမ်းခဲ့ကြသည်။

  • (ဓာတ်ပုံ) စနေနေ့တွင် ပေါ့ထ်လန်း၊ အိုရီဂွန်ပြည်နယ်ရှိ ရေပြင်နားပန်းခြံတစ်ခုတစ်လျှောက် “ No Kings” ဆန္ဒပြပွဲအတွင်း လူများ စုဝေးနေကြစဉ်။ Jenny Kane/AP
  • (ဓာတ်ပုံ) စနေနေ့တွင် ပေါ့ထ်လန်း၌ ဆန္ဒပြသူများ ချီတက်နေကြစဉ်။ John Rudoff/Reuters
  • (ဓာတ်ပုံ) စနေနေ့ညတွင် ပေါ့ထ်လန်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး အဆောက်အအုံ၌ ဆန္ဒပြသူများ စုဝေးချိန်တွင် ဖက်ဒရယ် အေးဂျင့်များက မျက်ရည်ယိုဗုံးများ အသုံးပြုနေစဉ်။ John Rudoff/Reuters
  • (ဓာတ်ပုံ) အောက်တိုဘာလ ၃ ရက်နေ့တွင် ပေါ့ထ်လန်းရှိ ICE အဆောက်အအုံ အပြင်ဘက် ဆန္ဒပြပွဲအတွင်း လေထိုးဖားရုပ် ဝတ်ဆင်ထားသော ဆန္ဒပြသူတစ်ဦး သည် ဥပဒေစိုးမိုးရေး အရာရှိများရှေ့တွင် ရပ်နေစဉ်။ Carlos Barria/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု