နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းပြည်သူတွေရဲ့ ပြီးပြည့်စုံတဲ့ သူရဲကောင်းစိတ်ဓါတ်အတွက် ဂုဏ်ယူတယ်လို့ ဇလန်းစကီးပြော

ဖေဖော်ဝါရီလ (၂၄) ရက်။

ဇလန်းစကီးက ယူကရိန်းပြည်သူတွေကို ၂၄ ရက်နေ့က‌ ပြောကြားရာမှာ သူ့အနေနဲ့ လွန်ခဲ့တဲ့ ၃နှစ်က ရုရှားရဲ့အလုံးစုံ ကျူးကျော်မှု စတင်ပြီးနောက် ယူကရိန်းတွေရဲ့ စစ်အတွင်းကြံကြံခံနေထိုင်ပြီး တိုက်ခိုက်နိုင်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ သူရဲကောင်းစိတ်ဓါတ်အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

“၃နှစ် ကြံကြံခံနိုင်ခဲ့တယ်၊ ၃ နှစ်အတွက်ကျေးဇူးတင်တယ်၊ ယူကရိန်းတွေရဲ့ ၃ နှစ်တိတိ ပြီးပြည့်စုံတဲ့ သူရဲကောင်းစိတ်ဓါတ်အတွက် ယူကရိန်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်” လို့ စစ်အတွင်း သာမန်ယူကရိန်းပြည်သူတွေ ရှေ့တန်းမှာ နေ့စဥ်လှုပ်ရှားနေမှုတွေ ပြသထားတဲ့ ဗီဒီယိုတခုရှေ့မှာ ဇလန်းစကီးက‌ပြောကြားခဲ့ပါတယ်။

ဒီနေ့ (၂၄) ရက်နေ့ဟာ ရုရှားရဲ့အလုံးစုံ ကျူးကျော်မှု စတင်ခဲ့တာ (၃) နှစ်ပြည့်တဲ့ နေ့ရက်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဥရောပခေါင်းဆောင်တွေ ယူကရိန်းကိုလာရောက်ခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံကတော့ ဒီ ကျူးကျော်စစ် ၃ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ဓာတ်ပုံ။

ဒီနေ့ (၂၄) ရက်နေ့မှာ တွေ့မြင်ရတဲ့ ဥရောပခေါင်းဆောင်များ

(ဘယ်မှညာ)

ဒိန်းမတ်ဝန်ကြီးချုပ် မက်တာဖရက်ဒရစ်စင် (Mette Frederiksen), ဥရောပသမဂ္ဂကော်မရှင်အဖွဲ့ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလိုင်ရင် (Ursula von der Leyen) ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကိုစတာ (Antonio Costa), လက်ဗီယန်သမ္မတ၊ Edgars Rinkevics၊ ယူကရိန်းသမ္မတကတော် အိုလီနာ ဇလန်စကာ (Olena Zelenska), ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး, ဖင်လန်သမ္မတ အယ်လက်ဇန်းဒါးဆတူး (Alexander Stubb), လစ်သူနီယန်းသမ္မတ ဂစ်တာနတ်နိုဆီယာ (Gitanas Nauseda), ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး/Heikki Saukkomaa/REX/Shutterstock

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ