နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ် မကြာမီ အသုံးပြုဖို့ရှိတဲ့ Y-8 လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ တွေ့ရှိ

ဇွန်လ (၂၄)ရက်။

စစ်ကောင်စီတပ်က မကြာမီ အသုံးပြုတော့မယ့် Y-8 ထောက်/ပို့လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Myanmar Witness အနေနဲ့ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ် (၂)စင်းဖြစ်တဲ့ အမြီးနံပါတ် (၅၉၂၃)နဲ့ (၅၉၂၄)ကို ကူမင်းလေဆိပ်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလေယာဉ် (၂)စင်းဟာ အသစ်ဖြစ်ပြီး MAF နာမည် တပ်မတော်(လေ)ဆိုကာ ရေးသားထားပြီး အရင်ကမရှိဖူးသေးတဲ့ အမြီးနံပါတ်ဖြစ်ကာ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Y-8F-200W အမြီးနံပါတ် (၅၉၂၂)ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလမှာ စတင်အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလိုအခြေအနေတွေကြောင့် စစ်တပ်(လေ)ဟာ စစ်ဘက်လေယာဉ်တွေနဲ့ပတ်သက်ပြီး ဝန်ဆောင်နိုင်စွမ်းနဲ့ ဘက်စုံအသုံးပြုနိုင်ဖို့အတွက် အထူးအလေးသာတဲ့ Y-8 လေယာဉ်တွေကို ဆက်လက်တိုးချဲ့အသုံးပြုနေတာလို့ ရေးသားထားပါတယ်။

နောက်ပြီး Y-8 လေယာဉ်တွေ ထပ်မံရောက်ရှိလာတာဟာ စစ်တပ်(လေ)ရဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ လည်ပတ်နိုင်တဲ့စွမ်းရည်ကို တိုးပွားစေဖို့ဖြစ်တယ်လို့လဲ ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေးကာလထဲ မြေပြင်မှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ စစ်အင်အားဖြည့်တင်းတာနဲ့ ပစ်ကူတာတွေ ပိုမိုပြုလုပ်နေသလို တော်လှန်ရေးအင်အားစုတွေဘက်ကလဲ အဲ့ဒီလေယာဉ်တွေကို ပစ်ချနိုင်တဲ့အထိ ရှိနေပါတယ်။

အခုအချိန်အထိ တော်လှန်ရေးအင်အားစုတွေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ လေယာဉ် (၁၂)စီးကျော်အထိရှိပြီဖြစ်သလို အဲ့ဒီပစ်ချခံရတဲ့အထဲ ထောက်/ပို့လေယာဉ်တွေလဲ ပါဝင်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့