နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွားထိုးကြီးမြို့ (၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၄၀)နီးပါး သေဆုံးခဲ့

သေဆုံးသူတွေထဲ မလှိုင်နဲ့ တောင်သာမှာ အမျိုးသမီး (၂၀)ကျော်ကို အဓမ္မပြုကျင့်သတ်ဖြတ်ရာမှာ ဦးဆောင်တဲ့ ဗိုလ်မှူး ကျော်မင်းဆိုသူပါဝင်

အောက်တိုဘာလ (၂၄)ရက်။

စက်တင်ဘာလ (၂၅)ရက်နေ့ကနေ အောက်တိုဘာလ (၁၂)ရက်အထိ နွားထိုးကြီးမြို့မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၂၅)ရက်နေ့ နေ့လယ် (၃)နာရီခန့်က နွားထိုးကြီးမြို့ ရန်ကင်းဘုရားကနေ မြိုင်သာရွာကို အင်အား (၂၀၀)နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ (၂)နာရီခွဲကြာတိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် (၇)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်တပ်အလောင်း (၁)လောင်းနဲ့ MA-5 (၁)လက်တို့ကို သိမ်းဆည်းရမိခဲ့သလို အောက်တိုဘာလ (၁)ရက်နေ့ နေ့လယ် (၂)နာရီကျော်အချိန်မှာ မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာကို ဦးတည်လာတဲ့အင်အား (၂၅၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ (၃)နာရီကျော်အကြာမှာ စစ်တပ်ဘက်က အထိအခိုက် အများအပြားနဲ့ ဖွဲ့စည်းပုံပျက်ပြီး စစ်ဦးလှန်သွားခဲ့ကာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တာကြောင့် စစ်တပ်ဘက်က ကစဉ့်ကလျား ထွက်ပြေးခဲ့ပြီး (၄)ဦး ဖမ်းဆီးခံရသလို (၁၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ စစ်တပ်ဘက်ကနေ ငါးကြင်းမှီး (၁)လက်၊ MA-11 (၃)လက်၊ G-3 (၂)လက်၊ MA-1 (၁)လက်၊ M79 (၁)လက်၊ MA-5(၂)လက်၊ Drone  (၂)စီး၊ ကျည်မျိုးစုံ (၃၃၁၂)တောင့်၊ ၄၀မမ (၃)လုံး၊ ၆၀မမ (၇)လုံး၊ RPG (၁)ဖူး၊ drop bomb (၄)ဖာ၊ ပို့ယမ်းတောင့် (၁၁)တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ အီနာဂါ (၁)လုံး၊ ကျည်ဘောက် (၂၁)ဘောက်၊ ကတ်သီး (၁၃)ခု၊ jammer ကား (၁)စီးနဲ့ ကား (၃)စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အောက်တိုဘာလ (၉)ရက်ကနေ (၁၂)ရက်နေ့အထိ မလှိုင်မြို့ နှောကန်ရွာဘက်ကနေ အိမ်ကြီးတောရွာ ကို ဦးတည်လာတဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းနဲ့ (၄)ရက်ကြာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ မလှိုင်နဲ့ တောင်သာမြို့တို့မှာ အမျိုးသမီး (၂၀)ဦးထက်မနည်းကို အလိုမတူဘဲ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဗိုလ်မှူး ကျော်မင်း အပါအဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၅)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ထဲကနေ MA-1 (၆)လက်၊ MA-2 (၅)လက်၊ MA-3 (၆)လက်၊ MA -4 (၁)လက်၊ RPG (၁)လက်၊ ငါးကြင်းမြှီး (၂)လက်၊၊ ၆၀မမ ပြောင်းတို (၃)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ငါးကြင်းမြှီးပြောင်း (၁)ခု၊ ကျည်မျိုးစုံ (၆၀၇၈)တောင့်၊ ပို့ကျည် (၂၅)တောင့်၊ ၄၀ မမ (၁၅)လုံး၊ ၆၀မမ (၁၁)လုံး၊ RPG (၁၂)ဖူး၊ RPG ပို့ယမ်း (၉)တောင့်၊ လျက်ဆားပုလင်း (၁၁)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ M9 (၂)လုံး၊ Drone (၂)စီး၊ Drone Shooter (၂)ခု၊ ကျောပိုး Jammer (၁)ခု၊ Jammer အကြီး (၁)ခု၊ ကား (၃)စီး၊ Drone ဗုံးသီး (၂)ဖာနဲ့ ကျည်ဘောက်အစုံ (၅၆)ဘောက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ မလှိုင်မြို့က (၄)ရက်မြောက်နေ့ တိုက်ပွဲထဲ စစ်တပ်ဘက်က အများအပြားသေဆုံးကာ အထိအခိုက်များတာကြောင့် နှောကန်ရဲစခန်းကို စစ်ကူခေါ်ခဲ့ရာ အဲ့ဒီစစ်ကူစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က အသေအဆုံးများပြီး MA-1 (၄)လက်၊ MA-2 (၂)လက်၊ MA-3 (၄)လက်နဲ့ ၆၀မမ ပြောင်းတို (၁)လက်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီ(၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ထိုးစစ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကောင်းဆုံးခုခံကာ ထိုးစစ်ဆင်ခဲ့သလို တော်လှန်ရေးအတွက် အရွေ့တခုကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်တာတွေ ရှိလာမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လဲ လက်တွဲမဖြုတ်ဘဲ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ မြင်းခြံခရိုင် အမှတ် (၁/၄/၈/၁၀)တပ်ရင်းအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မြစ်သားပကဖ၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ နွားထိုးကြီးပကဖနဲ့ တံတားဦးပကဖတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 0 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 28 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ
မြန်မာသတင်း

“ဒီမိုကရေစီစိတ်ပျောက်-အာဏာရှင်စိတ်ပေါက်”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 37 Views
“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား” ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA ဂိတ်၂ခုကိုဝင်ရောက်ဖမ်းဆီးသိမ်းပိုက် ပြီး လက်နက်တွေနဲ့စက်လတ်တလက်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့တာတွေကြောင့် အကောင်းထက်အဆိုးဖက်ကိုရှေးရှူနေတဲ့ ရှေ့ တော်လှန်ရေးအလားအလာကို
မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 45 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က မုံရွာအခြေစိုက် နမခဌာနချုပ်ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို Battalion of Budalin(BOB)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 30 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၆)နာရီလောက်မှာ ခလရ(၅၀)တပ်နဲ့ မြိုဝင်ဂိတ်တွေ၊ ဝီလပ်တံတားနဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 24 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 28 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 31 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့