နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွားထိုးကြီးမြို့ (၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၄၀)နီးပါး သေဆုံးခဲ့

သေဆုံးသူတွေထဲ မလှိုင်နဲ့ တောင်သာမှာ အမျိုးသမီး (၂၀)ကျော်ကို အဓမ္မပြုကျင့်သတ်ဖြတ်ရာမှာ ဦးဆောင်တဲ့ ဗိုလ်မှူး ကျော်မင်းဆိုသူပါဝင်

အောက်တိုဘာလ (၂၄)ရက်။

စက်တင်ဘာလ (၂၅)ရက်နေ့ကနေ အောက်တိုဘာလ (၁၂)ရက်အထိ နွားထိုးကြီးမြို့မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၂၅)ရက်နေ့ နေ့လယ် (၃)နာရီခန့်က နွားထိုးကြီးမြို့ ရန်ကင်းဘုရားကနေ မြိုင်သာရွာကို အင်အား (၂၀၀)နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ (၂)နာရီခွဲကြာတိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် (၇)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်တပ်အလောင်း (၁)လောင်းနဲ့ MA-5 (၁)လက်တို့ကို သိမ်းဆည်းရမိခဲ့သလို အောက်တိုဘာလ (၁)ရက်နေ့ နေ့လယ် (၂)နာရီကျော်အချိန်မှာ မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာကို ဦးတည်လာတဲ့အင်အား (၂၅၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ (၃)နာရီကျော်အကြာမှာ စစ်တပ်ဘက်က အထိအခိုက် အများအပြားနဲ့ ဖွဲ့စည်းပုံပျက်ပြီး စစ်ဦးလှန်သွားခဲ့ကာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တာကြောင့် စစ်တပ်ဘက်က ကစဉ့်ကလျား ထွက်ပြေးခဲ့ပြီး (၄)ဦး ဖမ်းဆီးခံရသလို (၁၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ စစ်တပ်ဘက်ကနေ ငါးကြင်းမှီး (၁)လက်၊ MA-11 (၃)လက်၊ G-3 (၂)လက်၊ MA-1 (၁)လက်၊ M79 (၁)လက်၊ MA-5(၂)လက်၊ Drone  (၂)စီး၊ ကျည်မျိုးစုံ (၃၃၁၂)တောင့်၊ ၄၀မမ (၃)လုံး၊ ၆၀မမ (၇)လုံး၊ RPG (၁)ဖူး၊ drop bomb (၄)ဖာ၊ ပို့ယမ်းတောင့် (၁၁)တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ အီနာဂါ (၁)လုံး၊ ကျည်ဘောက် (၂၁)ဘောက်၊ ကတ်သီး (၁၃)ခု၊ jammer ကား (၁)စီးနဲ့ ကား (၃)စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အောက်တိုဘာလ (၉)ရက်ကနေ (၁၂)ရက်နေ့အထိ မလှိုင်မြို့ နှောကန်ရွာဘက်ကနေ အိမ်ကြီးတောရွာ ကို ဦးတည်လာတဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းနဲ့ (၄)ရက်ကြာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ မလှိုင်နဲ့ တောင်သာမြို့တို့မှာ အမျိုးသမီး (၂၀)ဦးထက်မနည်းကို အလိုမတူဘဲ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဗိုလ်မှူး ကျော်မင်း အပါအဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၅)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ထဲကနေ MA-1 (၆)လက်၊ MA-2 (၅)လက်၊ MA-3 (၆)လက်၊ MA -4 (၁)လက်၊ RPG (၁)လက်၊ ငါးကြင်းမြှီး (၂)လက်၊၊ ၆၀မမ ပြောင်းတို (၃)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ငါးကြင်းမြှီးပြောင်း (၁)ခု၊ ကျည်မျိုးစုံ (၆၀၇၈)တောင့်၊ ပို့ကျည် (၂၅)တောင့်၊ ၄၀ မမ (၁၅)လုံး၊ ၆၀မမ (၁၁)လုံး၊ RPG (၁၂)ဖူး၊ RPG ပို့ယမ်း (၉)တောင့်၊ လျက်ဆားပုလင်း (၁၁)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ M9 (၂)လုံး၊ Drone (၂)စီး၊ Drone Shooter (၂)ခု၊ ကျောပိုး Jammer (၁)ခု၊ Jammer အကြီး (၁)ခု၊ ကား (၃)စီး၊ Drone ဗုံးသီး (၂)ဖာနဲ့ ကျည်ဘောက်အစုံ (၅၆)ဘောက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ မလှိုင်မြို့က (၄)ရက်မြောက်နေ့ တိုက်ပွဲထဲ စစ်တပ်ဘက်က အများအပြားသေဆုံးကာ အထိအခိုက်များတာကြောင့် နှောကန်ရဲစခန်းကို စစ်ကူခေါ်ခဲ့ရာ အဲ့ဒီစစ်ကူစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က အသေအဆုံးများပြီး MA-1 (၄)လက်၊ MA-2 (၂)လက်၊ MA-3 (၄)လက်နဲ့ ၆၀မမ ပြောင်းတို (၁)လက်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီ(၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ထိုးစစ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကောင်းဆုံးခုခံကာ ထိုးစစ်ဆင်ခဲ့သလို တော်လှန်ရေးအတွက် အရွေ့တခုကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်တာတွေ ရှိလာမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လဲ လက်တွဲမဖြုတ်ဘဲ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ မြင်းခြံခရိုင် အမှတ် (၁/၄/၈/၁၀)တပ်ရင်းအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မြစ်သားပကဖ၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ နွားထိုးကြီးပကဖနဲ့ တံတားဦးပကဖတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြူးမြို့မှာ လေကြောင်းဗုံးကြဲတဲ့ စစ်တပ်ရဲ့ စက်တပ်ယာဉ်တစ်စီး ပျက်ကျကာ (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 35 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ဖြူးမြို့ရှိ မကျည်းတောင်ကုန်းရွာကို စစ်တပ်က စက်တပ်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်‌ဌာနရဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့ တားမြစ်ချက်တွေပါဝင်တဲ့ လုပ်ထုံးလုပ်နည်း ချင်းပြည်ကောင်စီ ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 37 Views
နိုဝင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီ(Chinland Council)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်စစ်ကြောင်း အထိနာပြီး တပ်လန်ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 35 Views
နိုဝင်ဘာလ (၆)ရက်။ အခုလဆန်းပိုင်းကစပြီး ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ထီဖိုးစံရွာဘက်မှာ အခုလဆန်းပိုင်းကစပြီး မနေ့ကအထိ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ။ စစ်တပ်ဘက်က
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲလမ်းမကို အသုံးမပြုဖို့ KNDF အသိပေးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 23 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNDF က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ ဖရူဆိုမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေဟာ ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဘက်ကို ဦးတည်ကာ စစ်ရေးလှုပ်ရှားတာတွေ
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ နယူးဇီလန်လွှတ်တော် သတ်မှတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 22 Views
‌နိုဝင်ဘာလ (၆)ရက်။ မနေ့ကပြုလုပ်တဲ့ နယူးဇီလန်လွှတ်တော်မှာ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီအဆိုတင်သွင်းတာကို နယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြုခဲ့သလို နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Rt Hon
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်မယ့် PPP ကိုယ်စားလှယ်လောင်းရဲ့ ရိုက်နှက်တာကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 48 Views
နိုဝင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူက ရိုက်နှက်ရာမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တောင်ကြီးမြိုနယ် အေးသာယာမြို့နေ PPP ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးရဲ့ နေအိမ်ရှိ
မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 40 Views
‌နိုဝင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့က ဖျော်ဖြေခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲလို့ KIO ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 37 Views
‌နိုဝင်ဘာလ (၅)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတယ်ဆိုပြီး သတင်းထွက်နေပေမယ့် မြေပြင်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေပါတယ်။ နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ဘက်မှာ